မဟာရန်ကုန် မိုက်တဲရုံးကြီး အုံးးး

ရန်ကုန်မြို့ရှိ အကြမ်းဖက် စစ်တပ်ပိုင် Mytel ကုမ္ပဏီရုံးချုပ်ကို မိုင်းခွဲတိုက် ခိုက်

ဖေဖော်ဝါရီ ၂၈

ရန်ကုန်မြို့ရှိ စစ်တပ်ပိုင် Mytel ကုမ္ပဏီရုံးချုပ်ကို ယနေ့ ညနေပိုင်းတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း မြို့ပြတော်လှန်ရေးတပ်ဖွဲ့က ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေ ၆ နာရီအချိန် ဒဂုံမြို့နယ်၊အမှတ် (၆၁-၆၃)တိရစ္ဆာန် ရုံလမ်းရှိအကြမ်းဖက်စစ်တပ်ပိုင် MyTel ကုမ္ပဏီ ရုံးချုပ်ကို အ​နောက်ပိုင်းခရိုင်

ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် Yangon Army (YA) တို့​ပေါင်း၍ ပြင်းအားမြင့်အဝေးထိန်းမိုင်းဖြင့် ထိထိရောက်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“ဒီညနေ ပေါက်ကွဲသံအကျယ်ကြီးတော့ တိရိစ္ဆာန်ရုံဘက်က ကြားရတယ်။ အတော် ကိုကျယ်တာ” ဟု ယောမင်းကြီးလမ်းတွင် နေထိုင်သူ ပြည်သူတစ်ဦးက ပြောဆိုသည်။

လတ်တလော တိုက်ခိုက်မှုကြောင့် လူထိခိုက်မှု အခြေအနေ ရှိ၊ မရှိ အတိအကျ မသိရှိရသေးပေ။

ပြည်သူများကို နည်းမျိုးစုံဖိနှိပ်နေသော မင်းအောင်လှိုင်နှင့်ဆက်စပ်နေသာသူများအားလုံးကိုလည်းကောင်း၊ ပြည်သူအားစစ်မူ့မထမ်းမနေရဥပဒေကိုအားပေးအားမြောက်ပြုနေသောသူအားလုံးကို

အ​နောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် Yangon Army (YA) တို့​ က ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။
ရန္ကုန္ၿမိဳ႕ရွိ အၾကမ္းဖက္ စစ္တပ္ပိုင္ Mytel ကုမၸဏီ႐ုံးခ်ဳပ္ကို မိုင္းခြဲတိုက္ ခိုက္

ေဖေဖာ္ဝါရီ ၂၈

ရန္ကုန္ၿမိဳ႕ရွိ စစ္တပ္ပိုင္ Mytel ကုမၸဏီ႐ုံးခ်ဳပ္ကို ယေန႔ ညေနပိုင္းတြင္ မိုင္းခြဲတိုက္ခိုက္ခဲ့ေၾကာင္း ၿမိဳ႕ျပေတာ္လွန္ေရးတပ္ဖြဲ႕က ေျပာဆိုသည္။

ယေန႔ ေဖေဖာ္ဝါရီလ ၂၈ ရက္ေန႔ ညေန ၆ နာရီအခ်ိန္ ဒဂုံၿမိဳ႕နယ္၊အမွတ္ (၆၁-၆၃)တိရစၧာန္ ႐ုံလမ္းရွိအၾကမ္းဖက္စစ္တပ္ပိုင္ MyTel ကုမၸဏီ ႐ုံးခ်ဳပ္ကို အ​ေနာက္ပိုင္းခရိုင္

ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ (ပကဖ)ႏွင့္ Yangon Army (YA) တို႔​ေပါင္း၍ ျပင္းအားျမင့္အေဝးထိန္းမိုင္းျဖင့္ ထိထိေရာက္ေရာက္တိုက္ခိုက္ခဲ့ေၾကာင္း သိရွိရသည္။

“ဒီညေန ေပါက္ကြဲသံအက်ယ္ႀကီးေတာ့ တိရိစၧာန္႐ုံဘက္က ၾကားရတယ္။ အေတာ္ ကိုက်ယ္တာ” ဟု ေယာမင္းႀကီးလမ္းတြင္ ေနထိုင္သူ ျပည္သူတစ္ဦးက ေျပာဆိုသည္။

လတ္တေလာ တိုက္ခိုက္မႈေၾကာင့္ လူထိခိုက္မႈ အေျခအေန ရွိ၊ မရွိ အတိအက် မသိရွိရေသးေပ။

ျပည္သူမ်ားကို နည္းမ်ိဳးစုံဖိႏွိပ္ေနေသာ မင္းေအာင္လွိုင္ႏွင့္ဆက္စပ္ေနသာသူမ်ားအားလုံးကိုလည္းေကာင္း၊ ျပည္သူအားစစ္မူ႔မထမ္းမေနရဥပေဒကိုအားေပးအားေျမာက္ျပဳေနေသာသူအားလုံးကို

အ​ေနာက္ပိုင္းခရိုင္ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ (ပကဖ)ႏွင့္ Yangon Army (YA) တို႔​ က ဆက္လက္ တိုက္ခိုက္သြားမည္ျဖစ္ေၾကာင္း သတိေပးခ်က္ ထုတ္ျပန္ထားသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *