သမိုင်းဝင် နေ့ …ဒေါ်ဇင်မာအောင်ကို ကြိုက်တာ ဒါတွေကြောင့်ပဲ

သမိုင်းဝင် နေ့ Congratulations ဒေါ်ဇင်မာအောင်

ပြင်သစ်နိုင်ငံ အထက်လွှတ်တော်တွင် NUG အစိုးရမှ တာဝန်ရှိသူများနှင့် ပြင်သစ်အထက် လွှတ်တော်အမတ် Mr.Pascal Allizard တို့ တွေ့ဆုံဆွေးနွေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

ပြင်သစ်နိုင်ငံ အထက်လွှတ်တော်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ပြင်သစ်နိုင်ငံဆိုင်ရာကိုယ်စားလှယ် နန်းဆုမွန်အောင် တို့အဖွဲ့သည် ပြင်သစ်အထက် လွှတ်တော်အမတ် Mr.Pascal Allizard နှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

Mr.Pascal Allizard သည် ၂၀၂၁ ခုနှစ်၊ ပြင်သစ်အထက်လွှတ်တော်တွင် NUG အစိုးရကို ပြင်သစ်အစိုးရမှ အသိအမှတ်ပြုရန်အဆိုကို ဦးဆောင် တင်းသွင်းခဲ့သူဖြစ်ကြောင်း သိရှိရသည်။

အဆိုပါတွေ့ဆုံပွဲ တွင် ဝန်ကြီးဒေါ်ဇင်မာအောင် မှ ပြင်သစ်အစိုးရအနေဖြင့်မြန်မာ့အရေးကို လက်တွေ့ကျသော အကူအညီပေးနိုင်ရန် နှင့် တော်လှန်ရေး၏ တိုးတက်မှုအခြေအနေ၊ မြေပြင်အခြေအနေများအပါအဝင် မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်ပက်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း၊

အထက်လွှတ်တော် အမတ် Mr. Pascal Allizard အနေဖြင့်လည်း မြန်မာပြည်သူများဘက်မှ ဆက်လက်ရပ်တည်ပြီး ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်းနှင့် ဆက်လက် လုပ်ဆောင်သွားမည့်လုပ်ငန်းစဉ်များကိုဆွေးနွေးခဲ့ကြောင်း သိရသည်။



ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈





Author: admin

Leave a Reply

Your email address will not be published. Required fields are marked *