ဝုန်းထား…ဝုန်းထား…..အလံဖြူလေးတေနဲ့ လာတော့မယ်…

လွိုင်ကော်မြို့သိမ်းတိုက်ပွဲ စစ်ကောင်စီတပ်ထွက်ပေါက်မရှိသည့် မြို့အတွင်းပိုင်းကိုဆုတ်ခွာနေရဟု KNDF ပြော

ရဲခေါင်/People’s Spring

လွိုင်ကော်မြို့သိမ်းတိုက်ပွဲ၌ စစ်ကောင်စီတပ်သည် စိုးမိုးနယ်မြေများအချိန်နှင့်အမျှ ဆုံးရှုံးနေပြီးထွက်ပေါက်မရှိသည့် မြို့အတွင်းဘက်ကို ဆုတ်ခွာနေရကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တာဝန်ရှိသူက ပြောသည်။ယမန်နှစ် နိုဝင်ဘာ ၁၁ ရက်ကစတင်ခဲ့သော ကရင်နီဒေသ ၁၁၁၁ စစ်ဆင်ရေး၏ အဓိက စစ်ရေးနေရာ ဖြစ်သည့် လွိုင်ကော်မြို့တိုက်ပွဲမှာ သုံးလ နှင့် ၁၇ ရက်ရှိလာပြီဖြစ်သည်။

“ဒီအခြေအနေကို ဆက်လက်ထိန်းသိမ်းပြီး လိုအပ်တဲ့ ရလဒ်တစ်ခုကို ရနိုင်ဖို့ ကျနော်တို့တွေ အကောင်းဆုံး အာရုံစိုက်ထားကြရမှာပါ”ဟု အထက်ပါ တာဝန်ရှိသူက ဆက်ပြောသည်။ကရင်နီပြည်နယ်ကိုပြန်ယူရေး နှင့်ပြည်သူ့အစိုးရ တည်ဆောက်ရမည်ဆိုသည့် ရည်မှန်းချက်များ ဖြင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ ရဲဘော်များသည် စစ်ကောင်စီ ကို တိုက်ခိုက်နေသည်ဟုလည်း အသိပေးသည်။

စစ်ကောင်စီအနေဖြင့် ကာကွယ်ခုခံရန် ၎င်းတို့၏ အခြေစိုက် စခန်း‌များနှင့် စစ်တန်းလျားများသာ ရှိတော့ကြောင်း KNDF တာဝန်ရှိသူက ပြောသည်။”ရန်သူတွေနဲ့ အိမ်နီးချင်းအနေအထားမှာ အနီးကပ်ဆုံးရှိနေကြတဲ့ ရှေ့တန်းစစ်မြေပြင်က ကရင်နီတပ်ပေါင်းစု ရဲဘော်တွေအများစုရဲ့တစ်နေ့တာကတော့ ကြုံဖူးခဲ့သမျှတိုက်ပွဲ တွေထက် ဖြတ်သန်းရတာ ပိုပြီးခက်ခဲကြမ်းတမ်းမယ်ဆိုတာ အဆောက်အုံအပျက်အစီးတွေကို မြင်ရင် သတိထားမိပါလိမ့်မယ်”ဟု လွိုင်ကော်မြို့သိမ်းတိုက်ပွဲ၏ မြေပြင် အခြေအနေကို ၎င်းက ရှင်းပြသည်။

သို့သော် မပြီးဆုံးသေးသည့် တိုက်ပွဲမှ စမ်းသပ်မှု၊ စိန်ခေါ်မှုများကို ယိုင်လဲသွေဖယ်မသွားဘဲ ပြည် သူလူထုအတွက် ခိုင်ခံ့သော အကာအကွယ်ဖြစ်ရန် ပေါင်း စည်းရှေ့ဆက်ကြရန်လည်း တိုက်တွန်းထားသည်။လွိုင်ကော်မြို့တိုက်ပွဲ၌ စစ်ကောင်စီတပ်သား သေ ဆုံးမှုမှာ ၂၀၀ ထက်မနည်း ရှိနေပြီး အလံဖြူထောင်လက်နက်ချသောစစ်သုံ့ပန်းဆယ်နှင့်ချီ၍လည်းရှိခဲ့သာ်။ လွိုင်ကော်မြို့တွင်း စစ်ကောင်စီတပ်က အခြေစိုက်တပ်ရင်းများ၊ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) ၊အစိုးရရုံး၊ ဌာနဆိုင်ရာရုံးတချို့၊ထပ်မြင့်အဆောက်အအုံ၊ စာသင်ကျောင်း၊ နှင့် ဘာသာရေးဘုရားကျောင်းများတွင် တပ်စွဲထားသည်။ ကရင်နီတော်လှန်ရေးအဖွဲ့များကလည်းထိခိုက်ကျဆုံးမှုရှိခဲ့သည်။

လွိုင်ကော်မြို့တွင် စစ်ကောင်စီ ပင်မ အခြေစိုက်ရာ ဒကစ(လွိုင်ကော်အပါအဝင်) ခြေလျင်တပ်ရင်း ခြေလျင်တပ်ရင်းများဖြစ်သော- ခလရ (၂၆၁)၊ ခလရ (၂၅၀)၊ခလရ( ၅၄) ၊ အမြောက်တပ်ရင်း (အမတ-၃၆၂)၊တပ်မတော်ဆေးရုံ (တဆရ – အမှတ် ၇)၊ထောက်ပို့နှင့်ပို့ဆောင်ရေးတပ်ခွဲ(ထပခ ၇၂၂) တို့ရှိ သည်။

(လွိုင်ကော်မြို့ ပေါ် တွင် တွေရသော KNDF တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-KNDF)

လြိဳင္​ေကာ္ၿမိဳ႕သိမ္းတိုက္ပြဲ စစ္​ေကာင္စီတပ္ထြက္​ေပါက္မရွိသည့္ ၿမိဳ႕အတြင္းပိုင္းကိုဆုတ္ခြာ​ေနရဟု KNDF ​ေျပာ

ရဲေခါင္/People’s Spring

လြိဳင္ေကာ္ၿမိဳ႕သိမ္းတိုက္ပြဲ၌ စစ္ေကာင္စီတပ္သည္ စိုးမိုးနယ္ေျမမ်ားအခ်ိန္ႏွင့္အမွ် ဆုံးရႈံးေနၿပီးထြက္ေပါက္မရွိသည့္ ၿမိဳ႕အတြင္းဘက္ကို ဆုတ္ခြာေနရေၾကာင္း ကရင္နီအမ်ိဳးသားမ်ားကာကြယ္ေရးတပ္ KNDF တာဝန္ရွိသူက ေျပာသည္။ယမန္ႏွစ္ ႏိုဝင္ဘာ ၁၁ ရက္ကစတင္ခဲ့ေသာ ကရင္နီေဒသ ၁၁၁၁ စစ္ဆင္ေရး၏ အဓိက စစ္ေရးေနရာ ျဖစ္သည့္ လြိဳင္ေကာ္ၿမိဳ႕တိုက္ပြဲမွာ သုံးလ ႏွင့္ ၁၇ ရက္ရွိလာၿပီျဖစ္သည္။

“ဒီအေျခအေနကို ဆက္လက္ထိန္းသိမ္းၿပီး လိုအပ္တဲ့ ရလဒ္တစ္ခုကို ရႏိုင္ဖို႔ က်ေနာ္တို႔ေတြ အေကာင္းဆုံး အာ႐ုံစိုက္ထားၾကရမွာပါ”ဟု အထက္ပါ တာဝန္ရွိသူက ဆက္​ေျပာသည္။ကရင္နီျပည္နယ္ကိုျပန္ယူေရး ႏွင့္ျပည္သူ႔အစိုးရ တည္ေဆာက္ရမည္ဆိုသည့္ ရည္မွန္းခ်က္မ်ား ျဖင့္ ကရင္နီပူးေပါင္းတပ္ဖြဲ႕ ရဲေဘာ္မ်ားသည္ စစ္ေကာင္စီ ကို တိုက္ခိုက္ေနသည္ဟုလည္း အသိေပးသည္။

စစ္ေကာင္စီအေနျဖင့္ ကာကြယ္ခုခံရန္ ၎တို႔၏ အေျခစိုက္ စခန္း‌မ်ားႏွင့္ စစ္တန္းလ်ားမ်ားသာ ရွိေတာ့ေၾကာင္း KNDF တာဝန္ရွိသူက ေျပာသည္။”ရန္သူေတြနဲ႔ အိမ္နီးခ်င္းအေနအထားမွာ အနီးကပ္ဆုံးရွိေနၾကတဲ့ ေရွ႕တန္းစစ္ေျမျပင္က ကရင္နီတပ္ေပါင္းစု ရဲေဘာ္ေတြအမ်ားစုရဲ႕တစ္ေန႔တာကေတာ့ ႀကဳံဖူးခဲ့သမွ်တိုက္ပြဲ ေတြထက္ ျဖတ္သန္းရတာ ပိုၿပီးခက္ခဲၾကမ္းတမ္းမယ္ဆိုတာ အေဆာက္အုံအပ်က္အစီးေတြကို ျမင္ရင္ သတိထားမိပါလိမ့္မယ္”ဟု လြိဳင္ေကာ္ၿမိဳ႕သိမ္းတိုက္ပြဲ၏ ေျမျပင္ အေျခအေနကို ၎က ရွင္းျပသည္။

သို႔ေသာ္ မၿပီးဆုံးေသးသည့္ တိုက္ပြဲမွ စမ္းသပ္မႈ၊ စိန္ေခၚမႈမ်ားကို ယိုင္လဲေသြဖယ္မသြားဘဲ ျပည္ သူလူထုအတြက္ ခိုင္ခံ့ေသာ အကာအကြယ္ျဖစ္ရန္ ေပါင္း စည္းေရွ႕ဆက္ၾကရန္လည္း တိုက္တြန္းထားသည္။လြိဳင္ေကာ္ၿမိဳ႕တိုက္ပြဲ၌ စစ္ေကာင္စီတပ္သား ေသ ဆုံးမႈမွာ ၂၀၀ ထက္မနည္း ရွိေနၿပီး အလံျဖဴ​ေထာင္လက္နက္ခ်​ေသာစစ္သုံ႔ပန္းဆယ္ႏွင့္ခ်ီ၍လည္းရွိခဲ့သာ္။ လြိဳင္ေကာ္ၿမိဳ႕တြင္း စစ္ေကာင္စီတပ္က အေျခစိုက္တပ္ရင္းမ်ား၊ေဒသကြပ္ကဲမႈ စစ္ဌာနခ်ဳပ္ (ဒကစ) ၊အစိုးရ႐ုံး၊ ဌာနဆိုင္ရာ႐ုံးတခ်ိဳ႕၊ထပ္ျမင့္အေဆာက္အအုံ၊ စာသင္ေက်ာင္း၊ ႏွင့္ ဘာသာေရးဘုရားေက်ာင္းမ်ားတြင္ တပ္စြဲထားသည္။ ကရင္နီ​ေတာ္လွန္​ေရးအဖြဲ႕မ်ားကလည္းထိခိုက္​က်ဆုံးမႈရွိခဲ့သည္။

လြိဳင္ေကာ္ၿမိဳ႕တြင္ စစ္ေကာင္စီ ပင္မ အေျခစိုက္ရာ ဒကစ(လြိဳင္ေကာ္အပါအဝင္) ေျခလ်င္တပ္ရင္း ​ေျခလ်င္တပ္ရင္းမ်ားျဖစ္​ေသာ- ခလရ (၂၆၁)၊ ခလရ (၂၅၀)၊ခလရ( ၅၄) ၊ အေျမာက္တပ္ရင္း (အမတ-၃၆၂)၊တပ္မေတာ္ေဆး႐ုံ (တဆရ – အမွတ္ ၇)၊ေထာက္ပို႔ႏွင့္ပို႔ေဆာင္ေရးတပ္ခြဲ(ထပခ ၇၂၂) တို႔ရွိ သည္။

(လြိဳင္​ေကာ္ၿမိဳ႕ ​​ေပၚ တြင္ ​ေတြရ​​ေသာ KNDF တပ္ဖြဲ႕ဝင္မ်ား။ဓါတ္ပုံ-KNDF)

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *