“ဒီနေ့ ပေါက်ဈေး”…တပ်ကြပ်ကြီး စာရေးမ ~ ၅ သိန်း

“ဒီနေ့ ပေါက်ဈေး”…တပ်ကြပ်ကြီး စာရေးမ ~ ၅ သိန်း

နေပြည်တော်ကကထုတ်စစ်ရုံးဝင်းအတွင်းမှာ ဗိုလ်ချုပ်သားများနှင့် စစ်ရုံးစာရေးမအဖွဲ့ မူးယစ်ဆေးဝါးသုံး ပျော်ပါးမှု ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း ဖုံးဖိထား

■ ကကထုတ်စစ်ရုံးမှ စာရေးမ ၁၁ ဦး အကျယ်ချုပ်ချခံထားရပြီး ၁ ဦးကို ရန်ကုန်တပ်သို့ ချက်ချင်းပြောင်းရွှေ့

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

နေပြည်တော်၊ ကာကွယ်ရေးပစ္စည်း ထုတ်လုပ် ရေး တပ်ဖွဲ့ အရာရှိချုပ်ရုံး(ကက ထုတ်) အတွင်းမှာ ဗိုလ်ချုပ် သားတချို့နဲ့ စစ်ရုံးက စစ်ဝန်ထမ်းစာရေးမတွေ မူးယစ်ဆေးဝါးသုံးပြီး ပျော်ပါးခဲ့တဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပျက်သွားခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ သုံးစွဲတဲ့ မူးယစ်ဆေးဝါး K နဲ့ စာရေးမတွေနဲ့ အတူ ပျော်ပါးနေတာတွေကိုလည်း လက်ပူးလက်ကြပ်ဖမ်းဆီးရရှိခဲ့ပါတယ်။

အဲဒီဖြစ်စဉ်က အခု ဖေဖော်ဝါရီလဆန်းပိုင်းမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး နောက် ဆက်တွဲ ဖမ်းဆီးစစ်ဆေးမှုတွေလုပ်တဲ့အခါ ဗိုလ်ချုပ်သားနေအိမ်နဲ့ ကကထုတ်စစ်ရုံး ဝန်ထမ်း တပ်ကြပ်ကြီး စာရေးမတွေနေတဲ့ အပျိုရိပ်သာမှာပါ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရရှိခဲ့ပါတယ်။

ကကထုတ်စစ်ရုံးစာရေးမတွေဘက်မှ မူးယစ်ဆေးဝါးကို ဦးဆောင်ပြီး သုံးစွဲသူကတော့ ကြည်ကြည်လင်းထိုက်ဖြစ်ပါတယ်။ ဒါ့အပြင် စာရေးမတွေနဲ့ ဗိုလ်ချုပ်သားတွေက မူးယစ်ဆေးဝါးသုံးစွဲပြီး ပျော်ပါးကြတဲ့ကိစ္စကိုပါ မီးခိုးကြွက်လျှောက် ဖော်ထုတ်ရမိတယ်လို့ သိရပါတယ်။

စစ်တပ်မှာ မူးယစ်ဆေးဝါးသုံးစွဲတာ၊ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးနေမှုတွေက နေပြည်တော် စစ်ရုံးထဲမှာ မကြာခဏဆိုသလို ဖြစ်ပွားနေပြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းရဲ့ သားဖြစ်သူလည်း မူးယစ်ဆေးဝါးသုံးစွဲမှုကို မကြာသေးမီက ဖမ်းဆီးရရှိခဲ့ပါသေးတယ်။ ဒါပေမယ့် ဖခင်တွေက ထိပ်တန်းဗိုလ်ချုပ်တွေ ဖြစ်တော့ ဖုံးဖုံးဖိဖိနဲ့ ပြီးစီးလိုက်ကြပါတယ်။

အခုတစ်ခါလည်း ကကထုတ်စစ်ရုံးအတွင်းမှာ တပ်ကြပ်၊ တပ်ကြပ်ကြီး စာရေးမတွေနဲ့ ဗိုလ်ချုပ်သားတွေ မူးယစ်ဆေးဝါးအတူချကြတဲ့ကိစ္စပါ ထပ်ဖြစ်လာပါတယ်။ ဒါ့အပြင် ဗိုလ်ချုပ်သားတွေက သူတို့ အလိုရှိတဲ့ ပျော်ပါးကြပြီး အဲဒီလိုပျော်ပါးမှုအတွက်လည်း ဗိုလ်ချုပ်သားတွေက စစ်ရုံးဝန်ထမ်း စာရေးမ တစ်ဦးကို ငွေကျပ် အနည်းဆုံး ၅ သိန်းပေးတယ်လို့ သိရပါတယ်။

မူးယစ်ဆေးဝါးသုံးစွဲမှု၊ ပျော်ပါးမှုတွေကို စိစစ်ဖော်ထုတ်သိရှိရပေမယ့်လည်း ဗိုလ်ချုပ်သားတွေဖြစ်နေတာ၊ ထိပ်တန်းအရာရှိ အကြီးပိုင်းတချို့ ပါဝင်ပတ်သက်နေတာကြောင့် ခေါင်းဆောင် ကကထုတ် စာရေးမ တပ်ကြပ်ကြီး ကြည်ကြည်လင်းထိုက်ကို ရန်ကုန် ကာကွယ်ရေးပစွည်းထုတ်လုပ်ရေးတပ်(အင်လျားကန် ဘောင် နားကတပ်)ဆီသို့ ချက်ချင်း ပြောင်းရွှေ့လိုက်ပါတယ်။ သူကလည်း ကကထုတ်အကြီးတန်းအရာရှိနဲ့ ဇတ်လမ်းတွေ ရှိနေတာလည်းဖြစ်ပါတယ်။

ကျန်တဲ့ စစ်ရုံး ဝန်ထမ်း စာရေးမ ၁၁ ဦးကတော့ နေအိမ်အကျယ်ချုပ်သဘောမျိုး အပျိုဆောင်မှာ ဆက်လက်ချုပ်နှောင်ထားပါတယ်။ ဒီကိစ္စကို ပြင်ပကို သတင်းမပေါက်ဖို့ ကကထုတ်တပ်ဖွဲ့ရဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်းက ဖုံးဖိခိုင်းထားပါတယ်။

“တကက/စရေးမတွေနဲ့ လူကြီးသားတွေပေါင်းပြီး K ချကြတာ။ ပျော်ပါးကြတာ က စစ်ရုံးထဲမှာဖြစ်တာရယ်၊ စစ်ရုံး အရာခံ၊ အကြပ်ကြီးရိပ်သာ အပျိုစာရေးမ ၁၂ ယောက်ပါဝင်နေတာကြောင့် ဖုံးဖိထားကြတယ်။ နောက်ဆက်တွဲ စာရေးမတွေနဲ့ဒုဗိုလ်ချုပ်ကြီး သား တွေအိမ်မှာ Kတွေမိတယ်။ ချက်ချင်း တန်းဖုံးလိုက်ကြတယ်။

စာရေးမထဲမှာ ခေါင်းဆောင်သူ ကြည်ကြည်လင်းထိုက်ကတော့ ရန်ကုန်တပ်ကို တပ်ပြောင်းပါသွားပါတယ်။ စစ်ရုံးထဲကနေ အလုပ်မပြုတ်ဘဲ ရန်ကုန်တပ်ရောက်သွားပါတယ်။ ကျန်တဲ့ ၁၁ ဦးကတော့ နေပြည် တော်မှာပဲ အကျယ်ချုပ် ရှိနေပါသေးတယ်” လို့ နေပြည်တော်စစ်ရုံးသတင်းရင်းမြစ်က ရှင်းပြပါတယ်။

ဓာတ်ပုံ- အရာရှိသားတွေ မူးယစ်ဆေးဝါးသုံးပြီး စစ်ရုံးစာရေးမတွေနဲ့ ပျော်ပါးကြတဲ့ကိစ္စ ဖုံးဖိနေတဲ့ ကကထုတ် ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း။

“ဒီေန႔ ေပါက္ေဈး”…တပ္ၾကပ္ႀကီး စာေရးမ ~ ၅ သိန္း

ေနျပည္ေတာ္ကကထုတ္စစ္႐ုံးဝင္းအတြင္းမွာ ဗိုလ္ခ်ဳပ္သားမ်ားႏွင့္ စစ္႐ုံးစာေရးမအဖြဲ႕ မူးယစ္ေဆးဝါးသုံး ေပ်ာ္ပါးမႈ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ကံျမင့္သန္း ဖုံးဖိထား

■ ကကထုတ္စစ္႐ုံးမွ စာေရးမ ၁၁ ဦး အက်ယ္ခ်ဳပ္ခ်ခံထားရၿပီး ၁ ဦးကို ရန္ကုန္တပ္သို႔ ခ်က္ခ်င္းေျပာင္းေ႐ႊ႕

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၈

ေနျပည္ေတာ္၊ ကာကြယ္ေရးပစၥည္း ထုတ္လုပ္ ေရး တပ္ဖြဲ႕ အရာရွိခ်ဳပ္႐ုံး(ကက ထုတ္) အတြင္းမွာ ဗိုလ္ခ်ဳပ္ သားတခ်ိဳ႕နဲ႔ စစ္႐ုံးက စစ္ဝန္ထမ္းစာေရးမေတြ မူးယစ္ေဆးဝါးသုံးၿပီး ေပ်ာ္ပါးခဲ့တဲ့ ျဖစ္စဥ္တစ္ခုျဖစ္ပ်က္သြားခဲ့ပါတယ္။ အဲဒီျဖစ္စဥ္မွာ သုံးစြဲတဲ့ မူးယစ္ေဆးဝါး K နဲ႔ စာေရးမေတြနဲ႔ အတူ ေပ်ာ္ပါးေနတာေတြကိုလည္း လက္ပူးလက္ၾကပ္ဖမ္းဆီးရရွိခဲ့ပါတယ္။

အဲဒီျဖစ္စဥ္က အခု ေဖေဖာ္ဝါရီလဆန္းပိုင္းမွာ ျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး ေနာက္ ဆက္တြဲ ဖမ္းဆီးစစ္ေဆးမႈေတြလုပ္တဲ့အခါ ဗိုလ္ခ်ဳပ္သားေနအိမ္နဲ႔ ကကထုတ္စစ္႐ုံး ဝန္ထမ္း တပ္ၾကပ္ႀကီး စာေရးမေတြေနတဲ့ အပ်ိဳရိပ္သာမွာပါ မူးယစ္ေဆးဝါးေတြ ဖမ္းဆီးရရွိခဲ့ပါတယ္။

ကကထုတ္စစ္႐ုံးစာေရးမေတြဘက္မွ မူးယစ္ေဆးဝါးကို ဦးေဆာင္ၿပီး သုံးစြဲသူကေတာ့ ၾကည္ၾကည္လင္းထိုက္ျဖစ္ပါတယ္။ ဒါ့အျပင္ စာေရးမေတြနဲ႔ ဗိုလ္ခ်ဳပ္သားေတြက မူးယစ္ေဆးဝါးသုံးစြဲၿပီး ေပ်ာ္ပါးၾကတဲ့ကိစၥကိုပါ မီးခိုးႂကြက္ေလွ်ာက္ ေဖာ္ထုတ္ရမိတယ္လို႔ သိရပါတယ္။

စစ္တပ္မွာ မူးယစ္ေဆးဝါးသုံးစြဲတာ၊ မူးယစ္ေဆးဝါးေတြ ဖမ္းဆီးေနမႈေတြက ေနျပည္ေတာ္ စစ္႐ုံးထဲမွာ မၾကာခဏဆိုသလို ျဖစ္ပြားေနၿပီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေက်ာ္စြာလင္းရဲ႕ သားျဖစ္သူလည္း မူးယစ္ေဆးဝါးသုံးစြဲမႈကို မၾကာေသးမီက ဖမ္းဆီးရရွိခဲ့ပါေသးတယ္။ ဒါေပမယ့္ ဖခင္ေတြက ထိပ္တန္းဗိုလ္ခ်ဳပ္ေတြ ျဖစ္ေတာ့ ဖုံးဖုံးဖိဖိနဲ႔ ၿပီးစီးလိုက္ၾကပါတယ္။

အခုတစ္ခါလည္း ကကထုတ္စစ္႐ုံးအတြင္းမွာ တပ္ၾကပ္၊ တပ္ၾကပ္ႀကီး စာေရးမေတြနဲ႔ ဗိုလ္ခ်ဳပ္သားေတြ မူးယစ္ေဆးဝါးအတူခ်ၾကတဲ့ကိစၥပါ ထပ္ျဖစ္လာပါတယ္။ ဒါ့အျပင္ ဗိုလ္ခ်ဳပ္သားေတြက သူတို႔ အလိုရွိတဲ့ ေပ်ာ္ပါးၾကၿပီး အဲဒီလိုေပ်ာ္ပါးမႈအတြက္လည္း ဗိုလ္ခ်ဳပ္သားေတြက စစ္႐ုံးဝန္ထမ္း စာေရးမ တစ္ဦးကို ေငြက်ပ္ အနည္းဆုံး ၅ သိန္းေပးတယ္လို႔ သိရပါတယ္။

မူးယစ္ေဆးဝါးသုံးစြဲမႈ၊ ေပ်ာ္ပါးမႈေတြကို စိစစ္ေဖာ္ထုတ္သိရွိရေပမယ့္လည္း ဗိုလ္ခ်ဳပ္သားေတြျဖစ္ေနတာ၊ ထိပ္တန္းအရာရွိ အႀကီးပိုင္းတခ်ိဳ႕ ပါဝင္ပတ္သက္ေနတာေၾကာင့္ ေခါင္းေဆာင္ ကကထုတ္ စာေရးမ တပ္ၾကပ္ႀကီး ၾကည္ၾကည္လင္းထိုက္ကို ရန္ကုန္ ကာကြယ္ေရးပစြည္းထုတ္လုပ္ေရးတပ္(အင္လ်ားကန္ ေဘာင္ နားကတပ္)ဆီသို႔ ခ်က္ခ်င္း ေျပာင္းေ႐ႊ႕လိုက္ပါတယ္။ သူကလည္း ကကထုတ္အႀကီးတန္းအရာရွိနဲ႔ ဇတ္လမ္းေတြ ရွိေနတာလည္းျဖစ္ပါတယ္။

က်န္တဲ့ စစ္႐ုံး ဝန္ထမ္း စာေရးမ ၁၁ ဦးကေတာ့ ေနအိမ္အက်ယ္ခ်ဳပ္သေဘာမ်ိဳး အပ်ိဳေဆာင္မွာ ဆက္လက္ခ်ဳပ္ေႏွာင္ထားပါတယ္။ ဒီကိစၥကို ျပင္ပကို သတင္းမေပါက္ဖို႔ ကကထုတ္တပ္ဖြဲ႕ရဲ႕ ေခါင္းေဆာင္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ကံျမင့္သန္းက ဖုံးဖိခိုင္းထားပါတယ္။

“တကက/စေရးမေတြနဲ႔ လူႀကီးသားေတြေပါင္းၿပီး K ခ်ၾကတာ။ ေပ်ာ္ပါးၾကတာ က စစ္႐ုံးထဲမွာျဖစ္တာရယ္၊ စစ္႐ုံး အရာခံ၊ အၾကပ္ႀကီးရိပ္သာ အပ်ိဳစာေရးမ ၁၂ ေယာက္ပါဝင္ေနတာေၾကာင့္ ဖုံးဖိထားၾကတယ္။ ေနာက္ဆက္တြဲ စာေရးမေတြနဲ႔ဒုဗိုလ္ခ်ဳပ္ႀကီး သား ေတြအိမ္မွာ Kေတြမိတယ္။ ခ်က္ခ်င္း တန္းဖုံးလိုက္ၾကတယ္။

စာေရးမထဲမွာ ေခါင္းေဆာင္သူ ၾကည္ၾကည္လင္းထိုက္ကေတာ့ ရန္ကုန္တပ္ကို တပ္ေျပာင္းပါသြားပါတယ္။ စစ္႐ုံးထဲကေန အလုပ္မျပဳတ္ဘဲ ရန္ကုန္တပ္ေရာက္သြားပါတယ္။ က်န္တဲ့ ၁၁ ဦးကေတာ့ ေနျပည္ ေတာ္မွာပဲ အက်ယ္ခ်ဳပ္ ရွိေနပါေသးတယ္” လို႔ ေနျပည္ေတာ္စစ္႐ုံးသတင္းရင္းျမစ္က ရွင္းျပပါတယ္။

ဓာတ္ပုံ- အရာရွိသားေတြ မူးယစ္ေဆးဝါးသုံးၿပီး စစ္႐ုံးစာေရးမေတြနဲ႔ ေပ်ာ္ပါးၾကတဲ့ကိစၥ ဖုံးဖိေနတဲ့ ကကထုတ္ ေခါင္းေဆာင္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ကံျမင့္သန္း။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *