တန့်ဆည်က ကံထူးတို့ ဝဋ်လည်ပြီဟ

တန့်ဆည်က ကံထူးတို့ ဝဋ်လည်ပြီဟ

တန့်ဆည်တွင် (၄)ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ကျော်သေ

▪️လက်နက်ခဲယမ်းများ သိမ်းဆည်းရမိဟု အမှတ်(၁)စစ်ဒေသရုံး ထုတ်ပြန်

အောင်ဇေယျ၊ယောနသံ/People’s Spring

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် လေးရက်ကြာ တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်သား ၃၀ကျော် သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသရုံးက ယနေ့(ဖေဖော်ဝါရီ ၂၇ ရက်)တွင် သတင်းထုတ်ပြန်သည်။

တန့်ဆည်မြို့နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်းများအား ဖေဖော်ဝါရီ ၂၁ရက်မှ ၂၄ရက်ထိ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃၀ကျော် သေဆုံးခဲ့သည်ဟု ဆိုသည်။

ဖေဖော်ဝါရီ ၂၁ရက်က တန့်ဆည်မြို့မှ ထွက်လာသော ခမရ-၃၆၁မှ စစ်သားများနှင့် ပျူစောထီး အင်အား ၁၀၀ကျော်အား ဝါးရငယ်ရွာ အနောက်ဘက်နှင့် ခရမ်းခြံကျေးရွာအနီးတွင် အမှတ် (၁)ရွှေဘိုခရိုင် ကွပ်ကဲရေး၊ ရွှေဘိုခရိုင် တပ်ရင်းနှင့် တန့်ဆည်မြို့နယ် ပကဖတို့က ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁၀ဦးသေဆုံးပြီး (၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမှတ်(၁) စစ်ဒေသရုံးက အသိပေးသည်။

ထို့အပြင် ကံထူးမကျေးရွာမှ ထွက်လာသော ခမရ (၁၁၊ ၇၀၈) အင်အား ၅၀ခန့်အား ပဲခင်းကြီးကျေးရွာအနီးတွင် အမှတ် (၁)ရွှေဘိုခရိုင် ကွပ်ကဲရေးနှင့် ရွှေဘိုခရိုင် တပ်ရင်းများမှ ထပ်မံပစ်ခတ် တိုက်ခိုက်ရာ စစ်သား ခြောက်ဦး သေဆုံးပြီး ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမှတ်(၁) စစ်ဒေသရုံးက ထပ်မံအသိပေးသည်။

ဖေဖော်ဝါရီ ၂၁ရက်တွင်လည်း ရဲတပ်ရင်း(၁၆) ၊ ခမရ-၃၆၁ နှင့် ပျူစောထီး အင်အား ၃၀ခန့်ရှိ ကံထူးမရွာ ရဲစခန်းအား အမှတ် (၁)ရွှေဘိုခရိုင် ကွပ်ကဲရေးမှ တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်သား (၁၁)ဦး သေဆုံးပြီး (၁၇)ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု အမှတ်(၁)စစ်ဒေသရုံးက ဆိုသည်။

အဆိုပါတိုက်ပွဲအတွင်း ပြည်သူ့ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။ ကံထူးမရဲစခန်းမှ G-3 (၅) လက်၊ နာနတ်သီးဗုံး (၄) လုံး၊ MA-15 ကျည် (၁၆၃၅) တောင့်၊ ကျည်အိမ် (၁၂)ခု၊ ငွေကျပ် (၃၈) သိန်း သိမ်းဆည်းရမိခဲ့ကြောင်း အမှတ်(၁)စစ်ဒေသရုံးက ထုတ်ပြန်သည်။

ထို့အပြင် တံတားဦး၊ နမ့်စန်၊ နမခ၊ တောင်ငူ၊ နေပြည်တော်မှလာသည့် ဂျက်တိုက်လေယာဉ်၊ Y-12၊ Mi-35 တို့ဖြင့် လေကြောင်းတိုက်ခိုက်မှု (၂၃)ကြိမ် ပြုလုပ်ခဲ့ပြီး ကံထူးမရွာအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဖေဖော်ဝါရီ ၂၂ရက်နှင့် ၂၃ရက်တွင်လည်း ကံထူးမရွာ ရဲစခန်းမြောက်ဘက်တွင် ခမရ (၁၁၊ ၇၀၈)မှ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီး အင်အား ၈၀ခန့်အား ရွှေဘိုခရိုင် တပ်ရင်းများမှ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား (၇)ဦး သေဆုံးပြီး ၁၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမှတ် (၁) စစ်ဒေသရုံးက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါတိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ဒဏ်ရာပြင်းထန်သည့် ရဲဘော်လေးဦး ကျဆုံးခဲ့ကြောင်း တန့်ဆည်အခြေစိုက်(ပကဖ) ရဲဘော်တစ်ဦးက ပြောသည်။

” တန့်ဆည်ကျမှာကို စစ်ကောင်စီအတော်ကြောက်ပုံရတယ်။ ကောလင်းထက်တောင်လေကြောင်း ပိုသုံးသွားတယ်။ လေကြောင်းလာလိုက်၊ ဝပ်နေလိုက်၊ လေကြောင်းပြန်တာနဲ့ ထပ်တက်ပြီး ချတာ”ဟု တိုက်ပွဲဝင်ခဲ့သည့် ပြည်သူ့ကာကွယ် ရေးရဲဘော်တစ်ဦးက ပြောသည်။

နောက်ထပ် ရဲဘော်တစ်ဦးကလည်း ” ပထမတော့ ကျတော်တို့ လေကြောင်းကနေတိုက်တဲ့အရေ အတွက်ကို လိုက်ရေနေသေးတာ။ နောက်တော့မရေနိုင်တော့ဘူး။ ဒါပေမယ့် ရအောင်ချခဲ့တယ်” ဟု ပြောသည်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း အမှတ်(၁) စစ်ဒေသကထုတ်ပြန်ထားသော်လည်း ယနေ့ည ၇နာရီအထိ People’s Spring က ရရှိထားသော သတင်းအရ ကျဆုံးပြည်သူကာကွယ်ရေးရဲဘော်နှစ်ဦးရှိကြောင်း သိရသည်။ နှစ်ဦးစလုံးသည် ရွှေဘိုခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ရင်း(၆)မှ ဖြစ်သည်။

စစ်ကောင်စီသည် တန့်ဆည်မြို့နယ်အတွင်းသို့ လက်နက်လူအင်အား ထပ်မံဖြစ်တင်းနေကြောင်း သတင်းရရှိသည်။ ကံထူးမကျေးရွာသို့ စစ်ကောင်စီစစ်ကြောင်းအပြင် ကန့်ဘလူနယ်ဘက်မှ သင်္ကန်းဝတ် လက်နက်ကိုင် ဝါသဝ၏ ပျူစောထီးအဖွဲ့များလည်း ပါဝင်ခဲ့သည်။

တန့်ဆည်နယ်ရှိ ကျေးရွာ ၂၀ ကျော်မှ ပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ကံထူးမနယ်မြေရဲစခန်းရှိသည့် ကံထူးမရွာသည် တန့်ဆည်မြို့အနောက်ဘက်၌ တည်ရှိသည်။ကံထူးမ ရဲစခန်းကို ၂၀၂၂ ဖေဖော်ဝါရီ ၂၂ ရက်ကလည်း တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ရာ စခန်းရှိ စစ်ကောင်စီတပ်သားနှင့် ရဲများ ဆယ်နှင့်ချီသေဆုံးခဲ့သည်။

(PDFများ ဝင်ရောက်တိုက်ခိုက်ပြီးနောက် ကံထူးမရဲစခန်းအား တွေ့ရစဉ်။ ဓာတ်ပုံ – အမှတ် (၁) စစ်ဒေသရုံး)

တန႔္ဆည္က ကံထူးတို႔ ဝဋ္လည္ၿပီဟ

တန႔္ဆည္တြင္ (၄)ရက္ၾကာ တိုက္ပြဲအတြင္း စစ္ေကာင္စီတပ္သား ၃၀ေက်ာ္ေသ

▪️လက္နက္ခဲယမ္းမ်ား သိမ္းဆည္းရမိဟု အမွတ္(၁)စစ္ေဒသ႐ုံး ထုတ္ျပန္

ေအာင္ေဇယ်၊ေယာနသံ/People’s Spring

စစ္ကိုင္းတိုင္း၊ တန႔္ဆည္ၿမိဳ႕နယ္တြင္ ေလးရက္ၾကာ တိုက္ပြဲမ်ားအတြင္း စစ္ေကာင္စီ တပ္သား ၃၀ေက်ာ္ ေသဆုံးၿပီး လက္နက္ခဲယမ္းမ်ား သိမ္းဆည္းရမိေၾကာင္း အမ်ိဳးသားညီၫြတ္ေရးအစိုးရ၊ ကာကြယ္ေရးဝန္ႀကီးဌာန၊ အမွတ္(၁)စစ္ေဒသ႐ုံးက ယေန႔(ေဖေဖာ္ဝါရီ ၂၇ ရက္)တြင္ သတင္းထုတ္ျပန္သည္။

တန႔္ဆည္ၿမိဳ႕နယ္အတြင္း စစ္ေကာင္စီ စစ္ေၾကာင္းမ်ားအား ေဖေဖာ္ဝါရီ ၂၁ရက္မွ ၂၄ရက္ထိ တိုက္ခိုက္ရာ စစ္ေကာင္စီတပ္သား ၃၀ေက်ာ္ ေသဆုံးခဲ့သည္ဟု ဆိုသည္။

ေဖေဖာ္ဝါရီ ၂၁ရက္က တန႔္ဆည္ၿမိဳ႕မွ ထြက္လာေသာ ခမရ-၃၆၁မွ စစ္သားမ်ားႏွင့္ ပ်ဴေစာထီး အင္အား ၁၀၀ေက်ာ္အား ဝါးရငယ္႐ြာ အေနာက္ဘက္ႏွင့္ ခရမ္းၿခံေက်း႐ြာအနီးတြင္ အမွတ္ (၁)ေ႐ႊဘိုခ႐ိုင္ ကြပ္ကဲေရး၊ ေ႐ႊဘိုခ႐ိုင္ တပ္ရင္းႏွင့္ တန႔္ဆည္ၿမိဳ႕နယ္ ပကဖတို႔က ပစ္ခတ္တိုက္ခိုက္ရာ စစ္သား ၁၀ဦးေသဆုံးၿပီး (၉)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း အမွတ္(၁) စစ္ေဒသ႐ုံးက အသိေပးသည္။

ထို႔အျပင္ ကံထူးမေက်း႐ြာမွ ထြက္လာေသာ ခမရ (၁၁၊ ၇၀၈) အင္အား ၅၀ခန႔္အား ပဲခင္းႀကီးေက်း႐ြာအနီးတြင္ အမွတ္ (၁)ေ႐ႊဘိုခ႐ိုင္ ကြပ္ကဲေရးႏွင့္ ေ႐ႊဘိုခ႐ိုင္ တပ္ရင္းမ်ားမွ ထပ္မံပစ္ခတ္ တိုက္ခိုက္ရာ စစ္သား ေျခာက္ဦး ေသဆုံးၿပီး ခုနစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း အမွတ္(၁) စစ္ေဒသ႐ုံးက ထပ္မံအသိေပးသည္။

ေဖေဖာ္ဝါရီ ၂၁ရက္တြင္လည္း ရဲတပ္ရင္း(၁၆) ၊ ခမရ-၃၆၁ ႏွင့္ ပ်ဴေစာထီး အင္အား ၃၀ခန႔္ရွိ ကံထူးမ႐ြာ ရဲစခန္းအား အမွတ္ (၁)ေ႐ႊဘိုခ႐ိုင္ ကြပ္ကဲေရးမွ တိုက္ခိုက္ သိမ္းပိုက္ခဲ့ရာ စစ္သား (၁၁)ဦး ေသဆုံးၿပီး (၁၇)ဦး ထိခိုက္ဒဏ္ရာရခဲ့သည္ဟု အမွတ္(၁)စစ္ေဒသ႐ုံးက ဆိုသည္။

အဆိုပါတိုက္ပြဲအတြင္း ျပည္သူ႔ ရဲေဘာ္တစ္ဦး က်ဆုံးခဲ့သည္။ ကံထူးမရဲစခန္းမွ G-3 (၅) လက္၊ နာနတ္သီးဗုံး (၄) လုံး၊ MA-15 က်ည္ (၁၆၃၅) ေတာင့္၊ က်ည္အိမ္ (၁၂)ခု၊ ေငြက်ပ္ (၃၈) သိန္း သိမ္းဆည္းရမိခဲ့ေၾကာင္း အမွတ္(၁)စစ္ေဒသ႐ုံးက ထုတ္ျပန္သည္။

ထို႔အျပင္ တံတားဦး၊ နမ့္စန္၊ နမခ၊ ေတာင္ငူ၊ ေနျပည္ေတာ္မွလာသည့္ ဂ်က္တိုက္ေလယာဥ္၊ Y-12၊ Mi-35 တို႔ျဖင့္ ေလေၾကာင္းတိုက္ခိုက္မႈ (၂၃)ႀကိမ္ ျပဳလုပ္ခဲ့ၿပီး ကံထူးမ႐ြာအား မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပသည္။

ေဖေဖာ္ဝါရီ ၂၂ရက္ႏွင့္ ၂၃ရက္တြင္လည္း ကံထူးမ႐ြာ ရဲစခန္းေျမာက္ဘက္တြင္ ခမရ (၁၁၊ ၇၀၈)မွ စစ္ေကာင္စီတပ္သားမ်ားႏွင့္ ပ်ဴေစာထီး အင္အား ၈၀ခန႔္အား ေ႐ႊဘိုခ႐ိုင္ တပ္ရင္းမ်ားမွ ပစ္ခတ္ တိုက္ခိုက္ရာ စစ္သား (၇)ဦး ေသဆုံးၿပီး ၁၅ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း အမွတ္ (၁) စစ္ေဒသ႐ုံးက သတင္းထုတ္ျပန္ခဲ့သည္။

အဆိုပါတိုက္ပြဲမ်ားအတြင္း ျပည္သူ႔ကာကြယ္ေရးရဲေဘာ္အခ်ိဳ႕လည္း ထိခိုက္ဒဏ္ရာရရွိခဲ့ရာ ဒဏ္ရာျပင္းထန္သည့္ ရဲေဘာ္ေလးဦး က်ဆုံးခဲ့ေၾကာင္း တန္႔ဆည္အေျခစိုက္(ပကဖ) ရဲေဘာ္တစ္ဦးက ေျပာသည္။

” တန႔္ဆည္က်မွာကို စစ္ေကာင္စီအေတာ္ေၾကာက္ပုံရတယ္။ ေကာလင္းထက္ေတာင္ေလေၾကာင္း ပိုသုံးသြားတယ္။ ေလေၾကာင္းလာလိုက္၊ ဝပ္ေနလိုက္၊ ေလေၾကာင္းျပန္တာနဲ႔ ထပ္တက္ၿပီး ခ်တာ”ဟု တိုက္ပြဲဝင္ခဲ့သည့္ ျပည္သူ႔ကာကြယ္ ေရးရဲေဘာ္တစ္ဦးက ေျပာသည္။

ေနာက္ထပ္ ရဲေဘာ္တစ္ဦးကလည္း ” ပထမေတာ့ က်ေတာ္တို႔ ေလေၾကာင္းကေနတိုက္တဲ့အေရ အတြက္ကို လိုက္ေရေနေသးတာ။ ေနာက္ေတာ့မေရႏိုင္ေတာ့ဘူး။ ဒါေပမယ့္ ရေအာင္ခ်ခဲ့တယ္” ဟု ေျပာသည္။

တိုက္ပြဲအတြင္း ျပည္သူ႔ကာကြယ္ေရးရဲေဘာ္တစ္ဦးက်ဆုံးခဲ့ေၾကာင္း အမွတ္(၁) စစ္ေဒသကထုတ္ျပန္ထားေသာ္လည္း ယေန႔ည ၇နာရီအထိ People’s Spring က ရရွိထားေသာ သတင္းအရ က်ဆုံးျပည္သူကာကြယ္ေရးရဲေဘာ္ႏွစ္ဦးရွိေၾကာင္း သိရသည္။ ႏွစ္ဦးစလုံးသည္ ေ႐ႊဘိုခ႐ိုင္ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ တပ္ရင္း(၆)မွ ျဖစ္သည္။

စစ္ေကာင္စီသည္ တန္႔ဆည္ၿမိဳ႕နယ္အတြင္းသို႔ လက္နက္လူအင္အား ထပ္မံျဖစ္တင္းေနေၾကာင္း သတင္းရရွိသည္။ ကံထူးမေက်း႐ြာသို႔ စစ္ေကာင္စီစစ္ေၾကာင္းအျပင္ ကန္႔ဘလူနယ္ဘက္မွ သကၤန္းဝတ္ လက္နက္ကိုင္ ဝါသဝ၏ ပ်ဴေစာထီးအဖြဲ႕မ်ားလည္း ပါဝင္ခဲ့သည္။

တန္႔ဆည္နယ္ရွိ ေက်း႐ြာ ၂၀ ေက်ာ္မွ ျပည္သူေထာင္ႏွင့္ခ်ီ ထြက္ေျပးတိမ္း​ေရွာင္ခဲ့ရသည္။ကံထူးမနယ္ေျမရဲစခန္းရွိသည့္ ကံထူးမ႐ြာသည္ တန္႔ဆည္ၿမိဳ႕အေနာက္ဘက္၌ တည္ရွိသည္။ကံထူးမ ရဲစခန္းကို ၂၀၂၂ ​ေဖ​ေဖာ္ဝါရီ ၂၂ ရက္ကလည္း ​ေတာ္လွန္​ေရးအဖြဲ႕မ်ားက တိုက္ခိုက္ရာ စခန္းရွိ စစ္​ေကာင္စီတပ္သားႏွင့္ ရဲမ်ား​ ဆယ္ႏွင့္ခ်ီေသဆုံးခဲ့သည္။

(PDFမ်ား ဝင္ေရာက္တိုက္ခိုက္ၿပီးေနာက္ ကံထူးမရဲစခန္းအား ေတြ႕ရစဥ္။ ဓာတ္ပုံ – အမွတ္ (၁) စစ္ေဒသ႐ုံး)

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *