ငှက်ကင်တဲ့ ထိသွားပြန်ပီအမျိုးတို့ရေ

ဖားကန့်၊ တာမခံနယ်မြေရဲစခန်းကို သိမ်းပိုက်ရရှိပြီး ခမရ ၁၁၉ စခန်းကုန်းကို ဆက်လက် တိုက်ခိုက်နေ၊ ဗုံးလာကျဲသည့် စစ်တိုက်လေယာဉ်တစ်စီးကို KIA က ပစ်ခတ်မှု ထိမှန်သွားဟုဆို

ဖေဖော်ဝါရီ ၂၇

ကချင်ပြည်နယ်၊ ဖားကန့်၊ တာမခံကျေးရွာတွင်ဖြစ်ပွားလျက်ရှိသော စစ်ကောင်စီတပ်နှင့် KIA တပ်များအကြား တိုက်ပွဲသို့ ဗုံးလာကျဲသည့် စစ်ကောင်စီ၏ တိုက်လေယာဉ် ၁ စီးကို KIA က ယနေ့ ပစ်ခတ်ရာ လေယာဉ်ထိမှန်သွားကြောင်း KIA ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်

ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေပိုင်းမှစတင်ပြီး ဖားကန့်မြို့နယ်၊ တာမခံကျေးရွာရှိ ခမရ ၁၁၉ စခန်းကုန်းနှင့် ရဲစခန်းကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊

ယင်းနောက် တော်လှန်ရေးတပ်များက အားသာပြီး စစ်ကောင်စီဘက်မှ အထိနာသဖြင့် လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူများဖြင့် ခုခံခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင်

စစ်တပ်က အနည်းဆုံး တိုက်လေယာဉ် ၄ စီးဖြင့် တာမခံ ကျေးရွာတစ်ခုလုံးကို လာရောက် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ KIA က ပြန်လည်ပစ်ခတ်ခဲ့သဖြင့် တိုက်လေယာဉ် တစ်စီး ထိမှန်သွားကြောင်း သိရှိရသည်။

“ဗုံးလာကျဲတာ တိုက်လေယာဉ် ၄ စီးမှာ ၁ စီးကိုတော့ ထိသွားတယ်။ မီးခိုးတွေမည်းပြီးတော့ ပျံသန်းသွားတယ်။ ထိသွားတယ်လို့တော့ ရှေ့တန်းက သတင်းပို့တယ်။ ” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။

KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကို တိုက်လေယာဉ်ကို ပစ်ခတ်မှုနှင့်ပတ်သက်ပြီး ဆက်သွယ်မေးမြန်းရန် ဖုန်းခေါ်ဆိုသော်လည်း ဖုန်းခေါ်ဆိုမရပေ။

ထို့ကြောင့် စစ်တပ်၏ တိုက်လေယာဉ်ပစ် ခတ်ခံရမှု အခြေအနေနှင့်ပတ်သက်ပြီး KIA ၏ တရားဝင် ပြောဆိုချက်ကို ရယူအတည်ပြုနိုင် ခြင်းမရှိသေးပေ

အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်းမှစတင်၍ တာမခံကျေးရွာနှင့် ပတ်ဝန်းကျင်တစ်ခုလုံးကို လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ပြီး လေယာဉ်ဖြင့်လည်း မရပ်မနား ဗုံးကျဲတိုက်ခိုက်နေကြောင်း သိရှိရသည်။

လက်ရှိတွင် KIA ဦးဆောင်သော တပ်များက တာမခံရဲစခန်းကို အပြည့်အ၀ သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရှိရသည်။
ဖားကန႔္၊ တာမခံနယ္ေျမရဲစခန္းကို သိမ္းပိုက္ရရွိၿပီး ခမရ ၁၁၉ စခန္းကုန္းကို ဆက္လက္ တိုက္ခိုက္ေန၊ ဗုံးလာက်ဲသည့္ စစ္တိုက္ေလယာဥ္တစ္စီးကို KIA က ပစ္ခတ္မႈ ထိမွန္သြားဟုဆို

ေဖေဖာ္ဝါရီ ၂၇

ကခ်င္ျပည္နယ္၊ ဖားကန႔္၊ တာမခံေက်းရြာတြင္ျဖစ္ပြားလ်က္ရွိေသာ စစ္ေကာင္စီတပ္ႏွင့္ KIA တပ္မ်ားအၾကား တိုက္ပြဲသို႔ ဗုံးလာက်ဲသည့္ စစ္ေကာင္စီ၏ တိုက္ေလယာဥ္ ၁ စီးကို KIA က ယေန႔ ပစ္ခတ္ရာ ေလယာဥ္ထိမွန္သြားေၾကာင္း KIA ေရွ႕တန္းသတင္းရင္းျမစ္က ေျပာဆိုသည္

ေဖေဖာ္ဝါရီလ ၂၆ ရက္ေန႔ ညေနပိုင္းမွစတင္ၿပီး ဖားကန႔္ၿမိဳ႕နယ္၊ တာမခံေက်းရြာရွိ ခမရ ၁၁၉ စခန္းကုန္းႏွင့္ ရဲစခန္းကို KIA ဦးေဆာင္ေသာ ေတာ္လွန္ေရးတပ္မ်ားက ဝင္ေရာက္တိုက္ခိုက္ခဲ့ေၾကာင္း၊

ယင္းေနာက္ ေတာ္လွန္ေရးတပ္မ်ားက အားသာၿပီး စစ္ေကာင္စီဘက္မွ အထိနာသျဖင့္ ေလေၾကာင္းပစ္ကူ၊ လက္နက္ႀကီး ပစ္ကူမ်ားျဖင့္ ခုခံခဲ့ေၾကာင္း၊ ယေန႔ နံနက္ပိုင္းတြင္

စစ္တပ္က အနည္းဆုံး တိုက္ေလယာဥ္ ၄ စီးျဖင့္ တာမခံ ေက်းရြာတစ္ခုလုံးကို လာေရာက္ ဗုံးက်ဲတိုက္ခိုက္ခဲ့ရာ KIA က ျပန္လည္ပစ္ခတ္ခဲ့သျဖင့္ တိုက္ေလယာဥ္ တစ္စီး ထိမွန္သြားေၾကာင္း သိရွိရသည္။

“ဗုံးလာက်ဲတာ တိုက္ေလယာဥ္ ၄ စီးမွာ ၁ စီးကိုေတာ့ ထိသြားတယ္။ မီးခိုးေတြမည္းၿပီးေတာ့ ပ်ံသန္းသြားတယ္။ ထိသြားတယ္လို႔ေတာ့ ေရွ႕တန္းက သတင္းပို႔တယ္။ ” ဟု KIA သတင္းရင္းျမစ္က ေျပာဆိုသည္။

KIA ေျပာခြင့္ရ ဗိုလ္မႉးႀကီးေနာ္ဘူကို တိုက္ေလယာဥ္ကို ပစ္ခတ္မႈႏွင့္ပတ္သက္ၿပီး ဆက္သြယ္ေမးျမန္းရန္ ဖုန္းေခၚဆိုေသာ္လည္း ဖုန္းေခၚဆိုမရေပ။

ထို႔ေၾကာင့္ စစ္တပ္၏ တိုက္ေလယာဥ္ပစ္ ခတ္ခံရမႈ အေျခအေနႏွင့္ပတ္သက္ၿပီး KIA ၏ တရားဝင္ ေျပာဆိုခ်က္ကို ရယူအတည္ျပဳနိုင္ ျခင္းမရွိေသးေပ

အၾကမ္းဖက္စစ္ေကာင္စီတပ္က ယေန႔နံနက္ပိုင္းမွစတင္၍ တာမခံေက်းရြာႏွင့္ ပတ္ဝန္းက်င္တစ္ခုလုံးကို လက္နက္ႀကီးမ်ားျဖင့္ အဆက္မျပတ္ ပစ္ခတ္ၿပီး ေလယာဥ္ျဖင့္လည္း မရပ္မနား ဗုံးက်ဲတိုက္ခိုက္ေနေၾကာင္း သိရွိရသည္။

လက္ရွိတြင္ KIA ဦးေဆာင္ေသာ တပ္မ်ားက တာမခံရဲစခန္းကို အျပည့္အ၀ သိမ္းပိုက္ရရွိထားၿပီျဖစ္ေၾကာင္း သိရွိရသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *