ကြိုက်သွားပီ…ဒါမျိုးကို လိုချင်နေတာ….ငါတို့အလှည့်လာပီ….ဝဋ်ဆိုတာ ဘဝမကူးဘူး

မင်းအောင်လှိုင် ခန့်ထားသည့် စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၏ ဟားခါးမြို့ နေအိမ်ကို ချင်းတော်လှန်ရေးတပ်က ပြည်သူပိုင်အဖြစ် ချိတ်ပိတ်သိမ်းယူ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

အကြမ်းဖက် မင်းအောင်လှိုင် ခန့်ထားသည့် စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၏ ဟားခါးမြို့ နေအိမ်ကို ချင်းတော်လှန်ရေးတပ်က ပြည်သူပိုင်အဖြစ် ချိတ်ပိတ်သိမ်းယူလိုက်ကြောင်း CDF-Hakha က ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် တရားဝင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်သည် စစ်ကောင်စီနှင့်လက်တွဲပူပေါင်းရုံမျှမက ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့ ဟားခါးမြို့ရှိ မြို့တော်ခန်းမတွင် ပြည်သူများကို စစ်ကောင်စီက ကျင်းပရန် စီစဉ်နေသော ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ရန် စည်းရုံးခဲ့ကြောင်း၊ ထို့ကြောင့် ဟားခါးမြို့ ၊ ဆပ်သာလမ်း (Sakta Lam) ရှိသူ၏ နေအိမ်ကို ပြည်သူ ပိုင် အဖြစ်သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း၊ ဒေါက်တာမှုထန်၏ နေအိမ်ကို တော်လှန် ရေး ကာလအတွင်း လိုအပ်သလိုအသုံးပြုသွားမည်ဖြစ်ကြောင်း CDF-Hakha က ထုတ်ပြန်ထားသည်။

ချင်းပြည်နယ်ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာမှုထန်သည် အကြမ်းဖက်စစ်ကောင်စီ၏ အဖွဲ့ဝင်အဖြစ် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် မင်းအောင်လှိုင်က ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အနီဖြင့် ဝိုင်းပြထားသူမှာ စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန် ဖြစ်သည်။

မင္းေအာင္လႈိင္ ခန႔္ထားသည့္ စစ္ေကာင္စီအဖြဲ႕ဝင္ ေဒါက္တာမႈထန္၏ ဟားခါးၿမိဳ႕ ေနအိမ္ကို ခ်င္းေတာ္လွန္ေရးတပ္က ျပည္သူပိုင္အျဖစ္ ခ်ိတ္ပိတ္သိမ္းယူ

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၆

အၾကမ္းဖက္ မင္းေအာင္လႈိင္ ခန႔္ထားသည့္ စစ္ေကာင္စီအဖြဲ႕ဝင္ ေဒါက္တာမႈထန္၏ ဟားခါးၿမိဳ႕ ေနအိမ္ကို ခ်င္းေတာ္လွန္ေရးတပ္က ျပည္သူပိုင္အျဖစ္ ခ်ိတ္ပိတ္သိမ္းယူလိုက္ေၾကာင္း CDF-Hakha က ေဖေဖာ္ဝါရီလ ၂၅ ရက္ေန႔တြင္ တရားဝင္ သတင္းထုတ္ျပန္သည္။

စစ္ေကာင္စီအဖြဲ႕ဝင္ ေဒါက္တာမႈထန္သည္ စစ္ေကာင္စီႏွင့္လက္တြဲပူေပါင္း႐ုံမွ်မက ၂၀၂၃ ခုႏွစ္ စက္တင္ဘာလ ၁၅ ရက္ေန႔ ဟားခါးၿမိဳ႕ရွိ ၿမိဳ႕ေတာ္ခန္းမတြင္ ျပည္သူမ်ားကို စစ္ေကာင္စီက က်င္းပရန္ စီစဥ္ေနေသာ ေ႐ြးေကာက္ပြဲတြင္ ပူးေပါင္းပါဝင္ရန္ စည္း႐ုံးခဲ့ေၾကာင္း၊ ထို႔ေၾကာင့္ ဟားခါးၿမိဳ႕ ၊ ဆပ္သာလမ္း (Sakta Lam) ရွိသူ၏ ေနအိမ္ကို ျပည္သူ ပိုင္ အျဖစ္သိမ္းဆည္းခဲ့ျခင္းျဖစ္ေၾကာင္း၊ ေဒါက္တာမႈထန္၏ ေနအိမ္ကို ေတာ္လွန္ ေရး ကာလအတြင္း လိုအပ္သလိုအသုံးျပဳသြားမည္ျဖစ္ေၾကာင္း CDF-Hakha က ထုတ္ျပန္ထားသည္။

ခ်င္းျပည္နယ္ႀကံ့ဖြတ္ပါတီ ဥကၠ႒ ျဖစ္သူ ေဒါက္တာမႈထန္သည္ အၾကမ္းဖက္စစ္ေကာင္စီ၏ အဖြဲ႕ဝင္အျဖစ္ ၂၀၂၃ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၇ ရက္ေန႔တြင္ မင္းေအာင္လႈိင္က ခန႔္အပ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

ဓာတ္ပုံ- အနီျဖင့္ ၀ိုင္းျပထားသူမွာ စစ္ေကာင္စီအဖြဲ႕ဝင္ ေဒါက္တာမႈထန္ ျဖစ္သည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *