စခ အကောင်ကြီးတွေကိုမှ ရွေးဖြုတ်တဲ့ PNLA အစွမ်း အံ့မခမ်းပါပဲ

စခ အကောင်ကြီးတွေကိုမှ ရွေးဖြုတ်တဲ့ PNLA အစွမ်း အံ့မခမ်းပါပဲ

ဟိုပုံးမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၃ ဦး အပါအဝင် စစ်သား ၁၆ ဦး သေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်တွင် ယမန်နေ့ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ဗိုလ်မှူး ၂ ဦး၊ ဗိုလ်ကြီး ၃ ဦး အပါအဝင် စစ်သား ၁၆ ဦး သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း PNLA က တရားဝင် သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီမှ ညနေ ၃ နာရီ ၄၀ အထိ ဟိုပုံးမြို့နယ်၊ အရှေ့ဘက်ခြမ်းတစ်နေရာတွင် လုံခြုံရေးဆိုင်ရာ လှုပ်ရှားမှု ဆောင်ရွက်နေသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) စစ် ကြောင်းနှင့် စစ်ကောင်စီတပ်များတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် တိုက်ပွဲဖြစ်ပွားရာနေရာကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) စစ်ကြောင်းက ရှင်းလင်းရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်း ၁၆ လောင်းကျန်ရှိခဲ့ပြီး စစ်ကောင်စီ၏ ဗိုလ်မှူးအဆင့်ရှိသူ၂ ဦး နှင့် ဗိုလ်ကြီးအဆင့်ရှိသူ ၃ ဦးပါ တိုက်ပွဲအတွင်း သေဆုံးခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့၏ MA လက်နက်ငယ် ၁၅ လက်၊ ဒရုန်းပစ်လက်နက် ၁ လက်၊ ပစ္စတို ၁ လက် နှင့် လက်နက်ခဲယမ်းကျည်ဆံများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့တွင် စစ်ကောင်စီက ထမ်းဆမ်းရွှေတိဂုံပုံတူ စေတီတော်ကုန်းတော်တွင် လက်နက်ကြီးတပ်စွဲကာ မဲနယ်တောင်ဒေသ နှင့် လွယ်ဝိုးတုတ်ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် တနေကုန်နီးပါးဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊

ထိုသို့ပစ်ခတ်တိုက်ခိုက်မှုကြောင့် မိဘပြည်သူများ၏ အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း၊ အလားတူ ယမန်နေ့တွင်ပင် ဆီဆိုင်မြို့တွင်းကိုလည်း စစ်ကောင်စီက လက်နက်ကြီးဖြင့် ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

စခ အေကာင္ၾကီးေတြကိုမွ ေရြးျဖဳတ္တဲ့ PNLA အစြမ္း အံ့မခမ္းပါပဲ

ဟိုပုံးၿမိဳ႕နယ္တြင္ တိုက္ပြဲျဖစ္ၿပီး စစ္တပ္ဘက္မွ ဗိုလ္မႉး ၂ ဦး၊ ဗိုလ္ႀကီး ၃ ဦး အပါအဝင္ စစ္သား ၁၆ ဦး ေသဆုံး၊ လက္နက္ခဲယမ္းမ်ား သိမ္းဆည္းရရွိ

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၆

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ဟိုပုံးၿမိဳ႕နယ္တြင္ ယမန္ေန႔ တိုက္ပြဲျဖစ္ၿပီး စစ္တပ္ဘက္မွ ဗိုလ္မႉး ၂ ဦး၊ ဗိုလ္ႀကီး ၃ ဦး အပါအဝင္ စစ္သား ၁၆ ဦး ေသဆုံးကာ လက္နက္ခဲယမ္းမ်ား သိမ္းဆည္းရရွိေၾကာင္း PNLA က တရားဝင္ သတင္းထုတ္ျပန္သည္။

 

ေဖေဖာ္ဝါရီလ ၂၅ ရက္ေန႔ နံနက္ ၁၀ နာရီမွ ညေန ၃ နာရီ ၄၀ အထိ ဟိုပုံးၿမိဳ႕နယ္၊ အေရွ႕ဘက္ျခမ္းတစ္ေနရာတြင္ လုံၿခဳံေရးဆိုင္ရာ လႈပ္ရွားမႈ ေဆာင္႐ြက္ေနသည့္ ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္(PNLA) စစ္ ေၾကာင္းႏွင့္ စစ္ေကာင္စီတပ္မ်ားတိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း သိရွိရသည္။

ထိုသို႔ တိုက္ပြဲျဖစ္ပြားၿပီးေနာက္ တိုက္ပြဲျဖစ္ပြားရာေနရာကို ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္ (PNLA) စစ္ေၾကာင္းက ရွင္းလင္းရာ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ား၏ အေလာင္း ၁၆ ေလာင္းက်န္ရွိခဲ့ၿပီး စစ္ေကာင္စီ၏ ဗိုလ္မႉးအဆင့္ရွိသူ၂ ဦး ႏွင့္ ဗိုလ္ႀကီးအဆင့္ရွိသူ ၃ ဦးပါ တိုက္ပြဲအတြင္း ေသဆုံးခဲ့ေၾကာင္း၊ စစ္ေကာင္စီတပ္ဖြဲ႕၏ MA လက္နက္ငယ္ ၁၅ လက္၊ ဒ႐ုန္းပစ္လက္နက္ ၁ လက္၊ ပစၥတို ၁ လက္ ႏွင့္ လက္နက္ခဲယမ္းက်ည္ဆံမ်ားကို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရွိရသည္။

 

ယမန္ေန႔တြင္ စစ္ေကာင္စီက ထမ္းဆမ္းေ႐ႊတိဂုံပုံတူ ေစတီေတာ္ကုန္းေတာ္တြင္ လက္နက္ႀကီးတပ္စြဲကာ မဲနယ္ေတာင္ေဒသ ႏွင့္ လြယ္ဝိုးတုတ္ေက်း႐ြာဘက္သို႔ လက္နက္ႀကီးမ်ားျဖင့္ တေနကုန္နီးပါးဆက္လက္ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း၊

ထိုသို႔ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ မိဘျပည္သူမ်ား၏ အိုးအိမ္စည္းစိမ္မ်ား ထိခိုက္ပ်က္စီးမႈရွိခဲ့ေၾကာင္း၊ အလားတူ ယမန္ေန႔တြင္ပင္ ဆီဆိုင္ၿမိဳ႕တြင္းကိုလည္း စစ္ေကာင္စီက လက္နက္ႀကီးျဖင့္ ၁၀ ႀကိမ္ထက္မနည္း ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း သိရွိရသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *