မွန်တို့ ဌာနေ ရာမညမြေ တဲ့..🥰 အားရစရာကြီး💖

မွန်တော်လှန်ရေးတပ်ဖွဲများဆီသို  လူငယ် ရာနှင့်ချီ ဝင်ရောက်လာ

ဖေဖော်ဝါရီလ ၂၅ ရက်

စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက် မွန်ပြည်နယ်ရှိ တော်လှန်ရေးတပ်ဖွဲများဆီသို လူငယ် ရာနှင့်ချီဝင်ရောက်လာကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၀ရက်တွင်  စစ်ကောင်စီက  “ပြည်သူ့ စစ်မှုထမ်းဥပဒေ” ကိုအတည်ပြု လိုက်ပြီးနောက် ယင်းဥပဒေကို ဆန့်ကျင်သည့် လူငယ်များက တော်လှန်ရေးတပ်ဖွဲများထံ ဝင်ရောက် လာခြင်းဖြစ်ကြောင်း ရေးဘီလူးတပ်ဖွဲခေါင်းဆောင်ကိုကြက်က ပြောသည်။

“ကျွန်တော်တို ရေးဘီလူးတပ်ဖွဲဆီကို အသစ်ဝင်လာတဲ့ ရဲဘော် ၁၅၀ကျော်ရှိပါတယ်။သူတိုက အစထဲက တော်လှန်ရေးမှာ ပါဝင်တဲ့သူတွေပါ။အကြောင်းအမျိုးမျိုးကြောင့် တောမခိုဖြစ်တာပဲရှိတယ်။အခုကျ စစ်ကောင်စီကိုတိုက်ဖို တောခိုလာကြတာပါ” ဟု ၎င်းက ပြောသည်။

ရေးဘီလူးတပ်ဖွဲထံ ဝင်ရောက်လာသည့် တပ်သားသစ် ၁၅၀ကျော်ကို စစ်သင်တန်းပေးရန် စီစဉ်နေကြောင်း သိရသည်။

“ဒီလူငယ်တွေက အရင်ကတည်းက စိတ်တက်ကြွတဲ့လူငယ်တွေဆိုတော့ အများကြီး ကျွန်တော်တိုက ထိန်းစရာမလိုဘူး။နောက်တစ်ခုက ကလေးတွေ စည်းမျည်းစည်းကမ်းပိုင်းမှာလည်း ပြောစရာမရှိတော့ ဒီ PDF တပ်က အရင်ထက်အလားအလာကောင်းလာပြီပေါ့ဗျာ” ဟု ၎င်းကပြောသည်။

မွန်ပြည်တော်လှန်ရေးတပ် (MSRF)ထံသိုလည်း  ဝင်ရောက်လာသည့် လူငယ်များရှိကြောင်းနှင့် လက်ရှိတွင် တပ်ဖွဲရှိရာ လွတ်မြောက်နယ်မြေအတွင်း နေရာချပေးထားကြောင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF)၏ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။

“အသစ်ရောက်လာတဲ့ လူငယ်စာရင်းကတော့ သက်သက်အသိပေးပါ့မယ်။ဒီလူငယ်တွေကို တော်လှန်ရေးပြီးဆုံးတဲ့အထိ ထားနိုင်ဖိုက စစ်သင်တန်းအပြင် စစ်ပုံကျအောင် အချိန်ယူရပါဦးမယ်။ မွန်ပြည်နယ်အတွင်းမှာတော့ စစ်ရေးပြင်ဆင်မှုတွေနဲ့မဟာမိတ်တပ်ဖွဲတွေပူးပေါင်းပြီး စစ်ဆင်ရေး တွေပြုလုပ်နေပါတယ်။ဒီနှစ်ထဲမှာ အကောင်းဆုံးလုပ်ဆောင်သွားဖိုရှိပါတယ်။စစ်ရေးမို အသိပေးချိန်တန်တဲ့အခါ အသိပေးပါမယ်”ဟု နိုင်နဂါးက ပြောသည်။

စစ်မှုမထမ်းချင်သဖြင့် တိမ်းရှောင်လာသည့်မွန်ပြည်နယ်မှ လူငယ်များကို နေရာထိုင်ခင်းနှင့် အစားအသောက်ကအစ တာဝန်ယူပေးသွားမည်ဖြစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲများထံဝင်ရောက်လိုပါကလည်း ဝင်ရောက်နိုင်ကြောင်း  မွန်ပြည်ဖက်ဒရယ်ကောင်စီကလည်း ထုတ်ပြန်ထားသည်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *