ညနေစာမွှင်းခါးတွေလာပြီဗျာ ရှယ်ဘဲအမျိုးတို့

ဖားကန့်၊ ဆိုင်းတောင်ဒေသတွင် KPDF ၃ ဦးနှင့် ရဲ၇ဦးထိပ်တိုက်​တွေ့၍ တိုက်ပွဲဖြစ်ရဲ ၂ဦးသေ၊၁ဦးဖမ်းဆီးခံရ

မောင်မောင်/People’s Spring

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်​​ဒေသ၌ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့ဝင် ၃ ဦး

နှင့် စစ်​ကောင်စီရဲ ၇ ဦးထိပ်တိုက်တိုးပြီးတိုက်ပွဲဖြစ်ရာ စစ်ကောင်စီ လက်အောက်ခံ ရဲ ၂ဦး သေဆုံးပြီး ၁ ဦးကိုအရှင်ဖမ်းမိကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

ဖေဖော်ဝါရီ ၂၅ရက်မနက်တွင် ဆိုင်းတောင် ရှမ်းကုန်းစျေး၌ ပစ်ခတ်မှု ဖြစ်ခဲ့သည်ဟုဆိုသည်။

“ဒီမနက် ၉နာရီလောက်မှာ ဖားကန့် ဆိုင်းတောင် ရှမ်းကုန်းစျေးမှာ ရဲ ၇ယောက် ထွက်လာတာနဲ့ KPDF သုံးယောက်စျေးဝယ်ပြီးထွက်လာတာနဲ့

စျေးမှာတွေ့လို့ တိုက်ပွဲဖြစ်ကြတာ။အဲဒီမှာ ရဲ ၂ယောက် သေပြီး ၁ယောက်ကို အရှင်ဖမ်းသွားတယ်လို့ ကြားရတယ်။ “ ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံရဲများထံမှ လက်နက်ခဲယမ်း သိမ်းဆည်းရရှိခြင်းရှိ၊ မရှိကိုဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

KPDFသည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်အတူ စစ်ရေးပူးပေါင်းဆောင်ရွက်လျက်ရှိပြီး KIAက ဦးစီးဖော်ဆောင်နေသည့် ကချင်ဒေသ စစ်ဆင်ရေးများ၌ ပါဝင်နေသည့် တပ်ဖွဲ့ဖြစ်သည်။

ဆိုင်း​တောင်​ကျေးရွာအနီးတွင် KIA ၊ KPDF ပူး​ပေါင်းတပ်နှင့်စစ်​ကောင်စီတပ်တို့ ၂၀၂၃ ​အောက်တိုဘာ ၃ ရက် ကလည်း တိုက်ပွဲဖြစ်ပွားခဲ့​သေးသည်။

ဖားကန႔္၊ ဆိုင္းေတာင္ေဒသတြင္ KPDF ၃ ဦးႏွင့္ ရဲ၇ဦးထိပ္တိုက္​ေတြ႕၍ တိုက္ပြဲျဖစ္ရဲ ၂ဦးေသ၊၁ဦးဖမ္းဆီးခံရ

ေမာင္ေမာင္/People’s Spring

ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္ ဆိုင္းေတာင္​​ေဒသ၌ ကခ်င္ေဒသ ျပည္သူ႔ကာကြယ္ေရးတပ္(KPDF) တပ္ဖြဲ႕ဝင္ ၃ ဦး

ႏွင့္ စစ္​ေကာင္စီရဲ ၇ ဦးထိပ္တိုက္တိုးၿပီးတိုက္ပြဲျဖစ္ရာ စစ္ေကာင္စီ လက္ေအာက္ခံ ရဲ ၂ဦး ေသဆုံးၿပီး ၁ ဦးကိုအရွင္ဖမ္းမိေၾကာင္း ကခ်င္သတင္းရင္းျမစ္က ေျပာသည္။

ေဖေဖာ္ဝါရီ ၂၅ရက္မနက္တြင္ ဆိုင္းေတာင္ ရွမ္းကုန္းေစ်း၌ ပစ္ခတ္မႈ ျဖစ္ခဲ့သည္ဟုဆိုသည္။

“ဒီမနက္ ၉နာရီေလာက္မွာ ဖားကန႔္ ဆိုင္းေတာင္ ရွမ္းကုန္းေစ်းမွာ ရဲ ၇ေယာက္ ထြက္လာတာနဲ႔ KPDF သုံးေယာက္ေစ်းဝယ္ၿပီးထြက္လာတာနဲ႔

ေစ်းမွာေတြ႕လို႔ တိုက္ပြဲျဖစ္ၾကတာ။အဲဒီမွာ ရဲ ၂ေယာက္ ေသၿပီး ၁ေယာက္ကို အရွင္ဖမ္းသြားတယ္လို႔ ၾကားရတယ္။ “ ဟု ကခ်င္ေဒသ စစ္ေရးသတင္းရင္းျမစ္က ေျပာျပသည္။

တိုက္ပြဲအတြင္း စစ္ေကာင္စီလက္ေအာက္ခံရဲမ်ားထံမွ လက္နက္ခဲယမ္း သိမ္းဆည္းရရွိျခင္းရွိ၊ မရွိကိုဆက္လက္စုံစမ္းေနဆဲျဖစ္သည္။

KPDFသည္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္(KIA)ႏွင့္အတူ စစ္ေရးပူးေပါင္းေဆာင္ရြက္လ်က္ရွိၿပီး KIAက ဦးစီးေဖာ္ေဆာင္ေနသည့္ ကခ်င္ေဒသ စစ္ဆင္ေရးမ်ား၌ ပါဝင္ေနသည့္ တပ္ဖြဲ႕ျဖစ္သည္။

ဆိုင္း​ေတာင္​ေက်းရြာအနီးတြင္ KIA ၊ KPDF ပူး​ေပါင္းတပ္ႏွင့္စစ္​ေကာင္စီတပ္တို႔ ၂၀၂၃ ​ေအာက္တိုဘာ ၃ ရက္ ကလည္း တိုက္ပြဲျဖစ္ပြားခဲ့​ေသးသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *