လိုင်းဖွင့်တာနဲ့ ဒီလိုဖြစ်နေရမယ် လာပြန်ပီနောက်တမြို့

မောင်တောမြို့ရှိ စစ်ကောင်စီ၏ ရန်အောင်ပြင်ကင်းစခန်းကို AA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်၊ မင်းပြားမြို့မှ စစ်တပ်၏ အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းကို ၆ ရက်မြောက်အဖြစ် ထိုးစစ်ဆင်နေ

ဖေဖော်ဝါရီ ၂၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ ရန်အောင်ပြင် ကင်းစခန်းကို AA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း AA က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၇ နာရီ ၃၂ မိနစ်အချိန် AA ထံတွင် လက်နက် ချ အညံ့မခံသည့် စစ်တပ်စခန်းများထဲမှ တစ်ခုဖြစ်သော မောင်တောမြို့ ရန်အောင်ပြင် ကင်းစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ် အချိန်တွင် ၎င်းစခန်းကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း၊

ထို့ပြင် အဆိုပါစခန်း ပတ်ဝန်းကျင်ရှိ လက်ကျန်စခန်းများကိုလည်း ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်သွားမည်ဖြစ်ကြောင်း AA က ပြောဆိုသည်။
AA အနေဖြင့် သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များကို ဆက်လက်ချေမှုန်း ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည့်နည်းတူ

လက်နက်ချအညံ့မခံသေးသော ကျန်ရှိနေသေးသည့် စခန်းများကို ဆက်လက် သိမ်းပိုက်ရယူရေးကိစ္စရပ်များကို တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ ထို့ကြောင့် ပုဏ္ဏားကျွန်း၊

ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မင်းပြား မြိုများ၌ရှိသော လက်နက်ချအညံ့မခံသည့် အကြမ်းဖက် စစ်ကောင်စီ၏ စစ်စခန်းများကို ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

ထို့အတူ မင်းပြားမြို့ မှ တစ်ခုတည်းသော ရန်သူ၏ လက်ကျန်စခန်းဖြစ်သည့် ကမ်းနီရွာအနီးရှိ စစ်ကောင်စီ ၏ အမှတ် ၉ တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်း ကို ရက္ခိုင့်တပ်တော်မှ

ခြောက်ရက်မြောက် ထိုးစစ်နေ့ အဖြစ် ဆက် လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ၊ပုဏ္ဏားကျွန်းမြိုမှ ခမရ ၅၅၀ ကိုလည်း ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။

စစ်ကောင်စီက ရမ်းဗြဲမြို့ကိုလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကို ယခင်နေ့များနည်းတူ ဆက်လက်ပြုလုပ်နေခဲ့ကြောင်း သိရှိရသည်။

ေမာင္ေတာၿမိဳ႕ရွိ စစ္ေကာင္စီ၏ ရန္ေအာင္ျပင္ကင္းစခန္းကို AA က အၿပီးသတ္ တိုက္ခိုက္သိမ္းပိုက္၊ မင္းျပားၿမိဳ႕မွ စစ္တပ္၏ အမွတ္ ၉ တိုင္းဗဟိုေလ့က်င့္ေရး သင္တန္းေက်ာင္းကို ၆ ရက္ေျမာက္အျဖစ္ ထိုးစစ္ဆင္ေန

ေဖေဖာ္ဝါရီ ၂၄

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕နယ္ရွိ စစ္ေကာင္စီ၏ ရန္ေအာင္ျပင္ ကင္းစခန္းကို AA က အၿပီးသတ္တိုက္ခိုက္သိမ္းပိုက္လိုက္ေၾကာင္း AA က သတင္းထုတ္ျပန္သည္။

ေဖေဖာ္ဝါရီလ ၂၃ ရက္ေန႔ နံနက္ ၇ နာရီ ၃၂ မိနစ္အခ်ိန္ AA ထံတြင္ လက္နက္ ခ် အညံ့မခံသည့္ စစ္တပ္စခန္းမ်ားထဲမွ တစ္ခုျဖစ္ေသာ ေမာင္ေတာၿမိဳ႕ ရန္ေအာင္ျပင္ ကင္းစခန္းကို ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ၿပီး မြန္းလြဲ ၁၂ နာရီ ၁၅ မိနစ္ အခ်ိန္တြင္ ၎စခန္းကို အၿပီးသတ္သိမ္းပိုက္ရရွိခဲ့ေၾကာင္း၊

ထို႔ျပင္ အဆိုပါစခန္း ပတ္ဝန္းက်င္ရွိ လက္က်န္စခန္းမ်ားကိုလည္း ဆက္လက္ထိုးစစ္ဆင္ တိုက္ခိုက္သိမ္းပိုက္သြားမည္ျဖစ္ေၾကာင္း AA က ေျပာဆိုသည္။
AA အေနျဖင့္ သတ္မွတ္ထားေသာ စစ္ဆင္ေရးပစ္မွတ္မ်ားကို ဆက္လက္ေခ်မႈန္း ထိုးစစ္ဆင္ တိုက္ခိုက္လ်က္ရွိသည့္နည္းတူ

လက္နက္ခ်အညံ့မခံေသးေသာ က်န္ရွိေနေသးသည့္ စခန္းမ်ားကို ဆက္လက္ သိမ္းပိုက္ရယူေရးကိစၥရပ္မ်ားကို တစိုက္မတ္မတ္ ႀကိဳးပမ္းေဆာင္ရြက္ လ်က္ရွိေၾကာင္း၊ ထို႔ေၾကာင့္ ပုဏၰားကၽြန္း၊

ရေသ့ေတာင္၊ ဘူးသီးေတာင္၊ ေမာင္ေတာ၊ မင္းျပား ၿမိဳမ်ား၌ရွိေသာ လက္နက္ခ်အညံ့မခံသည့္ အၾကမ္းဖက္ စစ္ေကာင္စီ၏ စစ္စခန္းမ်ားကို ရကၡိဳင့္တပ္ေတာ္မွ ထိုးစစ္ဆင္တိုက္ခိုက္လ်က္ရွိေၾကာင္း သိရွိရသည္။

ထို႔အတူ မင္းျပားၿမိဳ႕ မွ တစ္ခုတည္းေသာ ရန္သူ၏ လက္က်န္စခန္းျဖစ္သည့္ ကမ္းနီရြာအနီးရွိ စစ္ေကာင္စီ ၏ အမွတ္ ၉ တိုင္းဗဟိုေလ့က်င့္ေရး သင္တန္းေက်ာင္း ကို ရကၡိဳင့္တပ္ေတာ္မွ

ေျခာက္ရက္ေျမာက္ ထိုးစစ္ေန႔ အျဖစ္ ဆက္ လက္ ထိုးစစ္ဆင္တိုက္ခိုက္လ်က္ရွိေၾကာင္း ၊ပုဏၰားကၽြန္းၿမိဳမွ ခမရ ၅၅၀ ကိုလည္း ရကၡိဳင့္တပ္ေတာ္မွ ထိုးစစ္ဆင္တိုက္ခိုက္လ်က္ရွိေၾကာင္း သိရွိရသည္။

စစ္ေကာင္စီက ရမ္းျဗဲၿမိဳ႕ကိုလည္း ေလေၾကာင္းမွ ဗုံးၾကဲတိုက္ခိုက္ျခင္းမ်ားကို ယခင္ေန႔မ်ားနည္းတူ ဆက္လက္ျပဳလုပ္ေနခဲ့ေၾကာင္း သိရွိရသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *