မာစီဒီးကြီးထားပြေးပီ ဇော်မဲလုံးဖြစ်လိုက်ကွားး

စစ် ကောင်စီစစ်ကိုင်းတိုင်းဝန်ကြီးချုပ်ယာဥ်တန်းတိုက်ခိုက်ခံရ၊စစ်ဗိုလ် ၁ ဦး သေပြီး မိုင်းထိ သောမာစီးဒီးကားကိုထားခဲ့

အဆိုပါယာဥ်တန်းတွင် စစ် ကောင်စီပြန်ကြား ရေးတာဝန်ခံဗိုလ်ချုပ် ဇော်မင်းထွန်းပါရှိ ကြောင်းသတင်းထွက် ပေါ် နေ သော်လည်း အတည်မပြုနိုင် သေး

ယောနသံ/People’s Spring

စစ်ကိုင်းမြို တိုင်းရင်းသားဒီကရီကောလိပ်မှ ပြန်လာသည့် စစ်‌ကောင်စီ၏ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နှင့် အရာရှိများလိုက်ပါလာသည့် ယာဉ်တန်းအား တော်လှန် ရေးအဖွဲများ က ယမန်နေ့( ဖေဖော်ဝါရီ ၂၂ရက်)နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ရာ ကားတစ်စီး ပျက်စီးပြီး စစ်ဗိုလ်တစ်ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။

“တိုင်းရင်းသားဒီကရီကောလိပ်ကအပြန် မိုင်းဆွဲတိုက်ခိုက်တာမှန်တယ်။ ဗိုလ်တစ်ယောက်သေတယ်။ ကားပျက်စီးတယ်” ဟု ဒေသကာကွယ်ရေးရဲဘော်တစ်ဦးက People’s Spring သိုပြောသည်။

အဆိုပါယာဉ်တန်း၌ စစ်ကောင်စီအတွက် အဓိက ဝါဒဖြန်ချီ ပြောကြား ပေး နေသူ စစ် ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းပါဝင်ကြောင်း သတင်းထွက် ပေါ် နေ သော်လည်း People’s Spring ကသီးခြားအတည်မပြုနိုင် သေးပါ။

သို သော်အဆိုပါယာဉ်တန်းတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းပါ အတည်ပြုမရ သေးသေးသော်လည်း စစ်ကောင်စီ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဦးမြတ်ကျော်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ စစ်ကိုင်းတိုင်းလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးတို ပါဝင်သည်ဟု စုံစမ်းသိရသည်။

မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ဗိုလ် ၂ ဦး သေဆုံး ကြောင်း စစ် ရေးသတင်းရင်းမြစ်အချိုက ပြော သော်လည်း ဒေသခံ အချိုက ၁ ဦး သေ ကြောင်း ပြောသည်။

စစ်ကိုင်းမြိုခံတစ်ဦးက ” ဇော်မင်းထွန်းပါမပါ မသိဘူး။ ဒါပေမယ့်မိုင်းဆွဲတိုက်ခိုက်တာ ဟုတ်တယ်။စခဗိုလ် နှစ်ယောက်သေတာမဟုတ်ဘူး။တစ်ယောက်သေတာ”ဟု ပြောသည်။

မိုင်းဆွဲခံရပြီး ပျက်စီးသွားသော ကားကို ထားခဲ့ပြီး စစ်ကိုင်းမြိုဘက်သို ဆက်လက်မောင်းနှင်သွားသည်ဟု သတင်းရရှိသည်။ ပျက်စီးသွား သောကားမှာ နာမည်ကြီးအမျိုးအစားဖြစ် သော မာစီးဒီး ကားဖြစ် ပြီး ကားမှာမိုင်းထိထား၍ ပျက်စီးနေသည်ကို တွေ့ရသည်။

စစ် ကောင်စီယာဥ်တန်းကိုမည့်သည့် တော်လှန် ရေးအဖွဲကတိုက်ခိုက်သည်ကို မသိရ သေး ပေ ။ အဆိုပါယာဥ်တန်းတိုက်ခိုက်ခံရပြီး နောက် မန္တ လေး-မုံရွာကားလမ်းရှိအဆိုပါလမ်းပိုင်း ပိတ်၍ ကားများလှည့်ပြန် နေရ ကြောင်း ကားသမားများက ပြောသည်။

ထိုအပြင် မုံရွာ – မန္တလေးလမ်းပိုင်းအား ဖေ ဖော်ဝါရီ ၂၃ ရက်နံနက် ၁၁ နာရီ ခန့်မှစ၍ အရေးပေါ်ပိတ် ကြောင်း ဒေသ ခံတော်လှန် ရေးအဖွဲများ၏ သတိ ပေးချက်များထုတ်ပြန် ပေး နေ သော Monywa Road Information -MRI က ဖုတ်ပြန်လာသည်။

မုံရွာ-မန္တလေးလမ်းပိုင်းကို ယခုကြေညာချက်ထုတ်ပြန်ချိန်မှစ၍ နောက်ထပ်ကြေညာချက်တစုံတရာမထုတ်ပြန်မီအထိ အရေးပေါ်လိုအပ်ချက်အရ ယာယီပိတ်ထားလိုက် ကြောင်း၊

ယာယီပိတ်ထားချိန်အတွင်း ကြေညာချက်ပါလမ်းပိုင်းကိုပြည်သူတို၏ လုံခြုံရေးအတွက် လုံးဝအသုံးမပြုကြပါရန်နှင့်လိုက်နာခြင်းမရှိသူတို၏လုံခြုံရေးအတွက်အာမမခံပါကြောင်း ဖေ ဖော်ဝါရီ ၂၃ ရက် ၁၀ နာရီ ၅၆ မိနစ်တွင်ထုတ်ပြန်အသိ ပေးထားသည်။

အထက်ပါလမ်းပိုင်းတွင်သွားလာနေကြသေမော်တော်ယာဉ်များအနေဖြင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် ရောက်ရာအရပ်တွင်ခေတ္တရပ်နားထားကြပါရန်နှင့် အဆိုပါလမ်းပိုင်းကိုလက်ရှိအသုံးပြုလျှက်ရှိသော မိမိ၏ဆွေမျိုးမိတ်ဆွေများကို ထပ်ဆင့်အကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်ဟု ဖော်ပြထားသည်။

(ယာဥ်တန်းမိုင်းထိပြီး ပျက်စီ၍ ထားခဲ့ သော မာစီးဒီးကား။ဓါတ်ပုံ-CJ )

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *