ဘပု ပျော်လိုရပြီ။ ဘပု ကဲလိုရပြီ…သူ့ကောင်တွေက အောက်မှာ မျက်ဖြူစိုက်နေပြီ
“အပျော်အပါး မက်ရှာတဲ့ ဘပု”
ဘပုက အပျော်မက်တယ်။ ငယ်ငယ်ကတည်းက စစ်တပ်ထဲကို ရောက်သွားပြီး စီနီယာတွေရဲ့ အလိုကိုပဲ ဖြည့်ဆည်းပေးနေခဲ့ရတော့ သူ့ဘဝမှာ ကိုယ်ပိုင်အပျော် ဆိုတာ မရှိခဲ့ရှာဘူး။
တပ်ချုပ်ကြီးဘဝ ရောက်ပြန်တော့လဲ နိုင်ငံတော် ဝါစဉ်အရ အဆင့် (၈) ပဲ ရှိခဲ့ရှာတာမို အထက်ပုဂ္ဂိုလ်တွေကို ကြောက်နေရပြန်တော့ မပျော်ရဲခဲ့ပြန်ဘူး။
ဟော.. အခုတော့ တပ်ချုပ်ကြီးလဲဟုတ်၊ နစက ဥက္ကဌကြီးလဲ ဖြစ်လာတော့ ဒီတိုင်းပြည်မှာ သူသာလျှင် အရှင်သခင် ဖြစ်ပြီလေ။ အဲ့တော့ ဘယ်သူ့မှ ကြောက်နေစရာ မလိုတော့ဘူး။
အခု ဘပု ပျော်လိုရပြီ။ ဘပု ကဲလိုရပြီ။ ဘပု ထင်ရာစိုင်းလိုရပြီ။ ငယ်ငယ်က မပျော်ခဲ့ရသမျှ ကြိတ်မှိတ်ပြီး မြိုသိပ်ထားခဲ့ရသမျှတွေ အတိုးချပြီးတော့ကို ပျော်လိုပါးလို ရပြီ။
တကယ်လဲ ပျော်ပါးနေရှာတာပါ။ တပ်ထောက်ခံတွေ ကြံ့ဖွတ်တွေ မဘသတွေ အုပ်ကြီးတွေ အသတ်ခံနေရတော့လဲ ဘပုဟာ ဘုရားကြီး တည်ပြပြီး ပျော်နေတာပါပဲ။
တရုတ်ရဲ့ စနက်မကင်းတဲ့ ရှမ်းမြောက် စစ်ဆင်ရေးကြောင့် စစ်သားတွေ အတုံးအရုံးသေကြ၊ လောက်ကိုင် ဒကစကြီး တစ်ခုလုံး လက်နက်ချလိုက်လဲ ဘာအရေးလဲ။ သူ့ခမျာ တရုတ်သံရုံးကို တကူးတက သွားပြီးတော့တောင် ပျော်ပွဲရွှင်ပွဲ တက်ရှာတယ်။
အခု ရခိုင်မှာလဲ စစ်သားတွေရော တပ်မိသားစုဝင်တွေ အစုလိုက် အပြုံလိုက်ကြီး သေကြပြန်တယ်။ ဘပုတိုကတော့ ပျော်ပျော်ပါးပါးပါပဲ။ ဘယ်အစိုးရ အဆက်ဆက်မှာမှ လုပ်မပေးခဲ့ဘူးတဲ့ သင်္ကြန် ရေလှောင်ကန်ကြီးကိုတောင် ဟီးထအောင် လုပ်ပေးပြီး ပျော်ချင်ပါးချင်ရှာတာ။
သူ့ကောင်တွေက အောက်မှာ မျက်ဖြူစိုက်နေပြီ။ ဘပုလေးကတော့ ပျော်နေရှာဆဲပါပဲ။ မသိရင် သုံးစားမရတဲ့ လဘာဂျာ စောက်ဖျင်းကောင် သူ့ကောင်တွေကိုပဲ ရွဲပြီး လုပ်နေသလိုလို..
အ..ဟစ်..ဟစ်..
4C_TruthNews
“အေပ်ာ္အပါး မက္ရွာတဲ့ ဘပု”
အ..ဟစ်..ဟစ်..
4C_TruthNews
Author: admin
Leave a Reply
Your email address will not be published. Required fields are marked *