ဘယ်လိုတောင် လုပ်ရက်ကြတာလဲ😠 (ရုပ်/သံ)

မန္တလေးမှာ ကလေးကျောင်းပို့ပြီးပြန်လာတဲ့ အမျိုးသားကို သတ်ဖြတ်ပြီး ဆိုင်ကယ်လုယက်မှုဖြစ်ပွား

လုယက်သူများ ဖမ်းမိထားပြီးဖြစ်တယ်လို့ စစ်ကောင်စီဆို (ရုပ်/သံ)

ဖေဖော်ဝါရီ ၂၃ ရက် ၂၀၂၄

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်မှာ ကလေးကျောင်းပို့ပြီးပြန်လာတဲ့ အမျိုးသားတစ်ဉီးကို လူ ၄ ဉီးက ဓားဖြင့် ခုတ်ပြီး ဆိုင်ကယ်လုယက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက် နေ့လယ် ၁ နာရီခန့်က ကလေးကျောင်းပို့ပြီး ပြန်လာတဲ့ အမျိုးသားကို ဆိုင်ကယ် ၂ စီးနဲ့ အမျိုးသား ၄ ဉီးက ဓားနဲ့ ခုတ်ပြီး ဆိုင်ကယ်ကို လုယက်ခဲ့တဲ့အတွက် လုယက်ခံရ သူ အမျိုးသားဟာ အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားသူဟာ မဟာအောင်မြေမြို့နယ် မဟာမြိုင်ရပ်ကွက်နေ အသက် ၄၉ နှစ်အရွယ်ကလေး ၂ ယောက်ဖခင်ဖြစ်တယ်လို့ သိရပါတယ်။ ပြစ်မှုကျူးလွန်ခဲ့တဲ့ အမျိုးသား ၄ ဉီး လုံးကို ဖမ်းဆီးမိခဲ့ပြီဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

မန္တလေးမြို့မှာ အကြမ်းဖက်လုယက်ဓားပြတိုက်မှုများ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပွားနေပြီး စစ်ကောင်စီဟာ ကျူးလွန်သူတွေကို ဖမ်းဆီးအရေးယူမှုနည်းပါးပြီး ဆန္ဒပြလူငယ်တွေနဲ့ နိုင်ငံရေးလှုပ်ရှားသူတွေသာ အပြင်းအထန်နှိမ့်ကွပ်အရေးယူလေ့ရှိပါတယ်။

မႏၲေလးမွာ ကေလးေက်ာင္းပို႔ၿပီးျပန္လာတဲ့ အမ်ိဳးသားကို သတ္ျဖတ္ၿပီး ဆိုင္ကယ္လုယက္မႈျဖစ္ပြား

လုယက္သူမ်ား ဖမ္းမိထားၿပီးျဖစ္တယ္လို႔ စစ္ေကာင္စီဆို (႐ုပ္/သံ)

ေဖေဖာ္ဝါရီ ၂၃ ရက္ ၂၀၂၄

မႏၲေလးၿမိဳ႕ ခ်မ္းေအးသာစံၿမိဳ႕နယ္မွာ ကေလးေက်ာင္းပို႔ၿပီးျပန္လာတဲ့ အမ်ိဳးသားတစ္ဉီးကို လူ ၄ ဉီးက ဓားျဖင့္ ခုတ္ၿပီး ဆိုင္ကယ္လုယက္မႈျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

ေဖေဖာ္ဝါရီ ၁၉ ရက္ ေန႔လယ္ ၁ နာရီခန႔္က ကေလးေက်ာင္းပို႔ၿပီး ျပန္လာတဲ့ အမ်ိဳးသားကို ဆိုင္ကယ္ ၂ စီးနဲ႔ အမ်ိဳးသား ၄ ဉီးက ဓားနဲ႔ ခုတ္ၿပီး ဆိုင္ကယ္ကို လုယက္ခဲ့တဲ့အတြက္ လုယက္ခံရ သူ အမ်ိဳးသားဟာ အခင္းျဖစ္ပြားရာ ေနရာတြင္ပင္ ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

ေသဆုံးသြားသူဟာ မဟာေအာင္ေျမၿမိဳ႕နယ္ မဟာၿမိဳင္ရပ္ကြက္ေန အသက္ ၄၉ ႏွစ္အရြယ္ကေလး ၂ ေယာက္ဖခင္ျဖစ္တယ္လို႔ သိရပါတယ္။ ျပစ္မႈက်ဴးလြန္ခဲ့တဲ့ အမ်ိဳးသား ၄ ဉီး လုံးကို ဖမ္းဆီးမိခဲ့ၿပီျဖစ္တယ္လို႔ စစ္ေကာင္စီက ထုတ္ျပန္ထားပါတယ္။

မႏၲေလးၿမိဳ႕မွာ အၾကမ္းဖက္လုယက္ဓားျပတိုက္မႈမ်ား ေန႔စဥ္ရက္ဆက္ဆိုသလို ျဖစ္ပြားေနၿပီး စစ္ေကာင္စီဟာ က်ဴးလြန္သူေတြကို ဖမ္းဆီးအေရးယူမႈနည္းပါးၿပီး ဆႏၵျပလူငယ္ေတြနဲ႔ နိုင္ငံေရးလႈပ္ရွားသူေတြသာ အျပင္းအထန္ႏွိမ့္ကြပ္အေရးယူေလ့ရွိပါတယ္။

 

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *