တနေကုန်ထိုင်တစိမ့်စိမ့်ကြည့်ပီး အားလုံး လက်ခုပ်တီးပါ

အောက်ဆုံးတွင် ရုပ်သံဖိုင်ပါသည်

တနေကုန်ထိုင်တစိမ့်စိမ့်ကြည့်ပီး အားလုံး လက်ခုပ်တီးပါ

KNLA ဦးဆောင်တဲ့ တော်လှန်ရေး တပ်တွေက အပြတ်အသတ် ချေမှုန်း တိုက်ခိုက်ခဲ့တာကြောင့် အကြမ်းဖက်စစ်သား ၃၀ ကျော် သေဆုံးခဲ့ပြီး စစ်ကား ၆ စီး ပျက်စီးခဲ့ကာ အင်အား ၃၀၀ နီးပါးရှိတဲ့ အကြမ်းဖက်ကောင်တွေ ခွေးပြေးဝက်ပြေး ထွက်ပြေးကြရတဲ့ ထားဝယ် စစ်ကြောင်း။

ရခိုင်မရဲ့ အာရကန်မြေမှာ ခွေးသေဝက်သေ သေတာနဲ့ အပြိုင် အခုဆိုရင် ထားဝယ်သားရဲ့ထားဝယ်မြေမှာလဲ အတုံးအရုံး သေနေကြပါပြီ..။

အလောင်းတွေ ပြန့်ကျဲပြီး ကျီးထိုးထိုး ခွေးစားစား ပြစ်ထားခဲ့တာကိုတောင် “ကောင်းမွန်စွာ သဂြိုလ်ပြီးစီးကြောင်း” ဆိုပြီး အတည်မတွေ ဂုဏ်ဆာကြဦးပေါ့လေ..

ပါးပါး မင်းအောင်လှိင် အတွက် အသက်ပေးသွားတဲ့ အကြမ်းဖက်တွေအတွက် အားလုံး လက်ခုပ်တီးပါ.. တူ တူ.. တူ တူ..

ကျော်ဖာ ဘန်းညွန့် ဖားပြုတ် မှိင်းတိုက် တို မင်းတိုလဲ တီးကြအူး..

အ..ဟစ်..ဟစ်..

ထားဝယ်တွင် စစ်သားအင်အား ၃၀၀ နီးပါးနှင့် ကား ၁၇ စီးပါ စစ်ယာဉ်တန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃၀ ကျော် သေဆုံးပြီး စစ်ကား ၇ စီး သိမ်းပိုက်ရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အရှေ့တောဒေသတွင် စစ်သားအင်အား ၃၀၀ နီး ပါးနှင့် ကား ၁၇ စီးပါ စစ်ယာဉ်တန်းကို KNLA ဦးဆောင်သော တော် လှန်ရေးတပ်များက တိုက်ခိုက်ရာ စစ်သား ၃၀ ကျော်သေဆုံးပြီး စစ်ကား ၇ စီးကို သိမ်းပိုက်ရရှိခဲ့ကြောင်း ထားဝယ်အခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ထားဝယ်မြို့မှ ကျောက်မဲတောင်ကျေးရွာရှိ စစ်တပ်စခန်းနှင့်ရဲစခန်းတို့ကို ရိက္ခာ၊ လက်နက်ခဲယမ်းနှင့် စစ်အင်အားဖြည့်တင်းရန်အတွက် စစ်သား အင်အား ၃၀၀ နီးပါးနှင့် ကား ၁၇ စီးပါ စစ်ယာဉ်တန်း ထွက်လာကြောင်း၊ အဆိုပါ စစ်ယာဉ်တန်းသည် ထားဝယ်-ထီးခီးလမ်းအတိုင်းလာစဉ် နေ့စဉ် တော်လှန်ရေး တပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယမန်နေ့ညနေပိုင်းတိုက်ပွဲသည် အပြင်းထန်ဆုံး ဖြစ်ပြီး စစ်တပ်ဘက်မှ ၃၀ ကျော်သေဆုံးကာ စစ်ကား ၇ စီးကိုလည်း သိမ်းပိုက်ရရှိနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကားတန်းစထွက်လာကတည်းက တော်လှန်ရေးတပ်တွေနဲ့ KNLA တပ်တွေက ဝိုင်းတိုက်တာ။ မနေ့က တိုက်ပွဲကတော့ အပြင်းထန်ဆုံးပဲ။ စစ်ကားတွေလည်း ဖျက်ဆီးနိုင်ခဲ့တယ်။ မနေ့ကတင် စစ်ကားတန်းမှာ မြင်ရတဲ့ အလောင်းက ၂၀ နီးပါး မျက်မြင် တွေ့တယ်။ စစ်တပ်ဘက်က သေ ဆုံးမှု အနည်းဆုံး ၃၀ ကျော်တော့ ရှိတယ်။ လက်နက်လည်း ၃၀ ကျော် သိမ်း ဆည်းရရှိတယ်။ ရဟတ်ယာဉ်နဲ့ လာပစ်တယ်။ လက်နက်ကြီးတွေနဲ့ စစ်တပ်ကပစ်နေတယ်။ အခုထက်ထိ စစ်ရေးတင်းမာနေတုန်းပဲ” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်သတင်းရင်းမြစ်ကရှင်းပြသည်။

တော်လှန်ရေးတပ်ဖွဲ့များဘက်မှလည်း အနည်းဆုံး ရဲဘော် ၅ ဦးထက်မနည်း ကျဆုံးခဲ့ရပြီး ဒဏ်ရာရအပြင်း အထန် ရရှိထားသူများလည်းရှိကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေ၍ အသေးစိတ် တိုက်ပွဲ အခြေအနေများကို အားလုံး ငြိမ်သက်သွားသည့်အချိန်မှ သက်ဆိုင်ရာက တရားဝင် ထုတ်ပြန်လိမ့်မည်ဖြစ်ကြောင်းပြောဆိုသည်။

တေနကုန္ထိုင္တစိမ့္စိမ့္ၾကည့္ပီး အားလုံး လက္ခုပ္တီးပါ

KNLA ဦးေဆာင္တဲ့ ေတာ္လွန္ေရး တပ္ေတြက အျပတ္အသတ္ ေခ်မႈန္း တိုက္ခိုက္ခဲ့တာေၾကာင့္ အၾကမ္းဖက္စစ္သား ၃၀ ေက်ာ္ ေသဆုံးခဲ့ၿပီး စစ္ကား ၆ စီး ပ်က္စီးခဲ့ကာ အင္အား ၃၀၀ နီးပါးရွိတဲ့ အၾကမ္းဖက္ေကာင္ေတြ ေခြးေျပးဝက္ေျပး ထြက္ေျပးၾကရတဲ့ ထားဝယ္ စစ္ေၾကာင္း။

ရခိုင္မရဲ႕ အာရကန္ေျမမွာ ေခြးေသဝက္ေသ ေသတာနဲ႔ အၿပိဳင္ အခုဆိုရင္ ထားဝယ္သားရဲ႕ထားဝယ္ေျမမွာလဲ အတုံးအ႐ုံး ေသေနၾကပါၿပီ..။

အေလာင္းေတြ ျပန႔္က်ဲၿပီး က်ီးထိုးထိုး ေခြးစားစား ျပစ္ထားခဲ့တာကိုေတာင္ “ေကာင္းမြန္စြာ သၿဂိဳလ္ၿပီးစီးေၾကာင္း” ဆိုၿပီး အတည္မေတြ ဂုဏ္ဆာၾကဦးေပါ့ေလ..

ပါးပါး မင္းေအာင္လွိင္ အတြက္ အသက္ေပးသြားတဲ့ အၾကမ္းဖက္ေတြအတြက္ အားလုံး လက္ခုပ္တီးပါ.. တူ တူ.. တူ တူ..

ေက်ာ္ဖာ ဘန္းၫြန႔္ ဖားျပဳတ္ မွိင္းတိုက္ တို မင္းတိုလဲ တီးၾကအူး..

အ..ဟစ္..ဟစ္..

ထားဝယ္တြင္ စစ္သားအင္အား ၃၀၀ နီးပါးႏွင့္ ကား ၁၇ စီးပါ စစ္ယာဥ္တန္းကို KNLA ဦးေဆာင္ေသာ ေတာ္လွန္ေရးတပ္မ်ားက တိုက္ခိုက္မႈ စစ္တပ္ဘက္မွ ၃၀ ေက်ာ္ ေသဆုံးၿပီး စစ္ကား ၇ စီး သိမ္းပိုက္ရရွိ

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၂

တနသၤာရီတိုင္း၊ ထားဝယ္ၿမိဳ႕နယ္၊ အေရွ႕ေတာေဒသတြင္ စစ္သားအင္အား ၃၀၀ နီး ပါးႏွင့္ ကား ၁၇ စီးပါ စစ္ယာဥ္တန္းကို KNLA ဦးေဆာင္ေသာ ေတာ္ လွန္ေရးတပ္မ်ားက တိုက္ခိုက္ရာ စစ္သား ၃၀ ေက်ာ္ေသဆုံးၿပီး စစ္ကား ၇ စီးကို သိမ္းပိုက္ရရွိခဲ့ေၾကာင္း ထားဝယ္အေျခစိုက္ ေတာ္လွန္ေရး သတင္းရင္းျမစ္က ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။

ေဖေဖာ္ဝါရီလ ၁၇ ရက္ေန႔ ထားဝယ္ၿမိဳ႕မွ ေက်ာက္မဲေတာင္ေက်း႐ြာရွိ စစ္တပ္စခန္းႏွင့္ရဲစခန္းတို႔ကို ရိကၡာ၊ လက္နက္ခဲယမ္းႏွင့္ စစ္အင္အားျဖည့္တင္းရန္အတြက္ စစ္သား အင္အား ၃၀၀ နီးပါးႏွင့္ ကား ၁၇ စီးပါ စစ္ယာဥ္တန္း ထြက္လာေၾကာင္း၊ အဆိုပါ စစ္ယာဥ္တန္းသည္ ထားဝယ္-ထီးခီးလမ္းအတိုင္းလာစဥ္ ေန႔စဥ္ ေတာ္လွန္ေရး တပ္မ်ားက ၾကားျဖတ္တိုက္ခိုက္ခဲ့ေၾကာင္း၊ ယမန္ေန႔ညေနပိုင္းတိုက္ပြဲသည္ အျပင္းထန္ဆုံး ျဖစ္ၿပီး စစ္တပ္ဘက္မွ ၃၀ ေက်ာ္ေသဆုံးကာ စစ္ကား ၇ စီးကိုလည္း သိမ္းပိုက္ရရွိႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။

“ေဖေဖာ္ဝါရီလ ၁၇ ရက္ေန႔ကားတန္းစထြက္လာကတည္းက ေတာ္လွန္ေရးတပ္ေတြနဲ႔ KNLA တပ္ေတြက ၀ိုင္းတိုက္တာ။ မေန႔က တိုက္ပြဲကေတာ့ အျပင္းထန္ဆုံးပဲ။ စစ္ကားေတြလည္း ဖ်က္ဆီးႏိုင္ခဲ့တယ္။ မေန႔ကတင္ စစ္ကားတန္းမွာ ျမင္ရတဲ့ အေလာင္းက ၂၀ နီးပါး မ်က္ျမင္ ေတြ႕တယ္။ စစ္တပ္ဘက္က ေသ ဆုံးမႈ အနည္းဆုံး ၃၀ ေက်ာ္ေတာ့ ရွိတယ္။ လက္နက္လည္း ၃၀ ေက်ာ္ သိမ္း ဆည္းရရွိတယ္။ ရဟတ္ယာဥ္နဲ႔ လာပစ္တယ္။ လက္နက္ႀကီးေတြနဲ႔ စစ္တပ္ကပစ္ေနတယ္။ အခုထက္ထိ စစ္ေရးတင္းမာေနတုန္းပဲ” ဟု ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္သတင္းရင္းျမစ္ကရွင္းျပသည္။

ေတာ္လွန္ေရးတပ္ဖြဲ႕မ်ားဘက္မွလည္း အနည္းဆုံး ရဲေဘာ္ ၅ ဦးထက္မနည္း က်ဆုံးခဲ့ရၿပီး ဒဏ္ရာရအျပင္း အထန္ ရရွိထားသူမ်ားလည္းရွိေၾကာင္း၊ စစ္ေရးအေျခအေန တင္းမာေန၍ အေသးစိတ္ တိုက္ပြဲ အေျခအေနမ်ားကို အားလုံး ၿငိမ္သက္သြားသည့္အခ်ိန္မွ သက္ဆိုင္ရာက တရားဝင္ ထုတ္ျပန္လိမ့္မည္ျဖစ္ေၾကာင္းေျပာဆိုသည္။

 

 

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *