💣၈လုံးကွဲတာ လူနာတင်ကားသံတွေ ညံနေပီ

ပြည်မြို့ရှိ စစ်ဘက်ရေးရာလုံခြုံရေး အိမ်ရာကို မိုင်း ၈ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှု လူနာတင်ကားများဖြင့် ဝင်ရောက်သွား

ဖေဖော်ဝါရီ ၂၃

ပဲခူးတိုင်း၊ ပြည်မြို့ရှိ စစ်ဘက်ရေးလုံခြုံရေးတပ်ဖွဲ့(စရဖ)၏ အိမ်ရာကို မိုင်း ၈ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Pyay Urban Force မှ သတင်းရင်းမြစ်က ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန် ပြည်မြို့ စရဖ အိမ်ရာကို မိုင်း ၈ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိမှုများရှိနိုင်ကြောင်း၊ လူနာတင်ကားများ ရွှေတောင်ဘက်မှ မောင်းနှင်သွားကြောင်း Pyay Urban Force သတင်းရင်းမြစ်က ရှင်းပြသည်။

“ပြည်မြို့ စရဖ အိမ်ယာကို မိုင်း ၈လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်။ ရွှေတောင်ဘက်က နေ လူနာတင်ကားတွေ မောင်းသွားတယ်။ ထိခိုက်မှု အများအပြားရှိနိုင်ပါတယ်။ တိုက်ခိုက်မှုကို Pyay Urban Forceက တိုက်ခိုက်ခဲ့ပါတယ်” ဟု အဆိုပါသတင်းရင်းမြစ်ကပြောဆိုသည်။

ပြည်မြို့အခြေစိုက် Pyay Underground News-PUGN ကလည်း ယနေ့ နံနက်အစောပိုင်း ပြည်မြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားမှု မှန်ကန်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြု ပြောဆိုသည်။

“ကျနော်တို့ သတင်းတင်ထားပါတယ်။ ဗုံးကွဲတာ မှန်ပါတယ်။ ပြည်မြို့မှာ မနက် ၄ နာရီလောက်က ကညနရုံးအနောက်ဘက်မှာ ဗုံး ၃ လုံးနဲ့ နောက်တစ်နေရာမှာ ၁ လုံး စုစုပေါင်း ဗုံး ၄ လုံးပေါက်ကွဲခဲ့ပါတယ်။

ထိုဗုံးပေါက်ကွဲမှုကြောင့် ပြည်မြို့တွင်းမှာ စစ်ဆေးမှုတွေ တင်းကြပ်နေမှာဖြစ်ပြီး ပြည်သူများ အထူးဂရုစိုက်ကြပါ” ဟု Pyay Underground News-PUGNမှ တာဝန်ရှိသူက ပြောဆိုသည်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *