ပွဲက တဖြည်းဖြည်း ဇာတ်ရှိန်တက်လာပြီအမျိုးတို့
ဒုတိယဗိုလ်ချုပ်ကြီး ၃ဦးအပါအဝင် ၇ ဦးကို စစ်ကောင်စီက နေအိမ်အကျယ်ချုပ်ချ
၂၃ ဖေဖော်ဝါရီလ ၂၀၂၄-ချင်းတွင်းရိုးမ
ATZ
နေပြည်တော်တွင် ဒုတိယဗိုလ်ချုပ်ကြီး ၃ဦးအပါအဝင် ၇ ဦးကို စစ်ကောင်စီက နေအိမ်အကျယ်ချုပ် ချထားသည်ဟု ၄င်းတို့နှင့်နီးစပ်သူ တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။
ဒုတိယဗိုလ်ချုပ်ကြီး ၃ဦးအပါအဝင် ၇ ဦးသည် ရာထူးမှ နုတ်ထွက်ခွင့်တောင်းရာ စစ်ခေါင်းဆောင်က အမတ်လုပ်ရန်ညှိနှိုင်းခဲ့သည်။
ညှိနှိုင်းမှုကို လက်မခံသဖြင့် နေအိမ်အကျယ်ချုပ် ချထားခံရခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်ကပြောသည်။
၄င်းက ”ကျွန်တော်တောင်ရှောင်နေရတယ်။ လာရှာလို့ ။ ဒုတိယဗိုလ်ချုပ်ကြီး သုံးဦးပါတယ်။
ကျန်တာက ဗိုလ်ချုပ်တွေ”ဟုဆိုသည်။
ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနှင့် ဗိုလ်မှူးချုပ်ရန်နောင်စိုးတို့ကို စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ပြီး ပြစ်ဒဏ်အသီးသီးချမှတ်လိုက်သည်ဟု စစ်ကောင်စီသတင်းပြန်ကြားရေးအဖွဲ့က ယမန်နှစ် အောက်တိုဘာ ၁ဝ ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
ATZ
Author: admin
Leave a Reply
Your email address will not be published. Required fields are marked *