ဝိုးး🚩 ထားဝယ်တောင်ပိုင်းသားတွေကြိတ်ချက်💥🥰 Feb-22

ထားဝယ်က စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရပြီး စစ်ကား ၆ စီးထက်မနည်းပျက်စီး၊ စစ်ကောင်စီတပ်သားအများအပြားသေဆုံး

တနင်္သာရီတိုင်းမ်၊ ဖေဖော်ဝါရီ ၂၂

ထားဝယ်မြိုနယ်၊ အရှေ့တောဒေသက စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရလို့ စစ်ကောင်စီဘက်က ကား ၆ စီးထက်မနည်းပျက်စီးပြီး အများအပြားထိခိုက်သေဆုံးခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တွေ ဆီကသိရပါတယ်။

ထားဝယ်-ထီးခီးလမ်းအတိုင်း ကား ၁၇ စီး၊ အင်အား ၃၀၀ လောက်နဲ့ဝင်ရောက်နေတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေဟာ မနေ့က ဝကုန်းရွာနဲ့ ကျောက်မဲတောင်ရွာကြားမှာ တနေကုန်နီးပါး တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ဓာတ်ပုံနဲ့ ရုပ်သံတချို့မှာတော့ ပျက်စီးနေတဲ့စစ်ကောင်စီကား ၆ စီး၊ သေဆုံးနေတဲ့စစ်ကောင်စီတပ်သားအလောင်း ၁၈ လောင်းထက်မနည်းနဲ့ တော်လှန်ရေးတပ်တွေသိမ်းမိထားတဲ့ လက်နက်ခဲယမ်းအများအပြားကို တွေ့ရပါတယ်။

တိုက်ပွဲမှာပါဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက​ တိုက်ပွဲအတွင်း စစ်ကောင်စီကားတွေပျက်စီးတာနဲ့ ထိခိုက်သေဆုံးတာတွေထပ်ရှိနိုင်ပြီး အခုမနက်ပိုင်းအထိ တိုက်ပွဲတွေဖြစ်ပွားနေတုန်းပဲလို့ ဆိုပါတယ်။

“ကားတွေသိမ်းမိတဲ့နေရာရဲ့ အရှေ့မှာလည်း တိုက်ပွဲထပ်ဖြစ်နေတာရှိသေးတယ်။ အခုထိ မငြိမ်သေးပါဘူး” လို့ တိုက်ပွဲမှာပါဝင်နေတဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ဒီနေ့မနက်ပိုင်းမှာပြောပါတယ်။

တိုက်ပွဲတွေအတွင်း တော်လှန်ရေးပူးပေါင်းတပ်တွေဘက်ကလည်း ထိခိုက်ကျဆုံးမှုတွေရှိနေတယ်လို့ ကနဦးသိရပါတယ်။

ဒီနေ့မနက်မှာတော့ စစ်ကောင်စီယာဥ်တန်းမှာပါတဲ့ ကားတချို့ဟာ ထားဝယ်-ထီးခီးလမ်းပေါ်က ကျောက်မဲတောင်နယ်မြေရဲစခန်းကိုရောက်ရှိနေပြီလို့ မြေပြင်မှာရှိနေတဲ့တော်လှန်ရေးရဲဘော်တွေရဲ့​​​ပြောပြချက်အရ သိရပါတယ်။

မနေ့က နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေချိန် မွန်းလွဲပိုင်းနဲ့ ညနေပိုင်းတွေမှာတော့ စစ်ကောင်စီတပ်က MI – 2 ရဟတ်ယာဥ်နဲ့ ဝကုန်းရွာတစ်ဝိုက်ကို နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

အခုတိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီယာဥ်တန်းဟာ အခုလ ၁၇ ရက်နေ့ကစပြီး လမ်းတလျှောက်မှာ ရက်ဆက် တိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒီတိုက်ခိုက်မှုတွေမှာလည်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်အရှေ့တောဒေသကိုဝင်လာတဲ့ စစ်ကောင်စီယာဥ်တန်းတွေကို တော်လှန်ရေးတပ်တွေက မကြာခဏတိုက်ခိုက်ခဲ့ဖူးပေမဲ့ အခုလိုကားတွေပျက်စီးပြီး လက်နက်တွေသိမ်းမိခဲ့တဲ့ဖြစ်စဥ်ကတော့ အခုပထမဆုံးအကြိမ် ဖြစ်ပါတယ်။

The Tanintharyi Times
ထားဝယ္က စစ္ေကာင္စီယာဥ္တန္း တိုက္ခိုက္ခံရၿပီး စစ္ကား ၆ စီးထက္မနည္းပ်က္စီး၊ စစ္ေကာင္စီတပ္သားအမ်ားအျပားေသဆုံး

တနသၤာရီတိုင္းမ္၊ ေဖေဖာ္ဝါရီ ၂၂

ထားဝယ္ၿမိဳနယ္၊ အေရွ႕ေတာေဒသက စစ္ေကာင္စီယာဥ္တန္းတိုက္ခိုက္ခံရလို႔ စစ္ေကာင္စီဘက္က ကား ၆ စီးထက္မနည္းပ်က္စီးၿပီး အမ်ားအျပားထိခိုက္ေသဆုံးခဲ့တယ္လို႔ ေတာ္လွန္ေရးရဲေဘာ္ေတြ ဆီကသိရပါတယ္။

ထားဝယ္-ထီးခီးလမ္းအတိုင္း ကား ၁၇ စီး၊ အင္အား ၃၀၀ ေလာက္နဲ႔ဝင္ေရာက္ေနတဲ့ စစ္ေကာင္စီစစ္ေၾကာင္းနဲ႔ ေတာ္လွန္ေရးတပ္ေတြဟာ မေန႔က ဝကုန္းရြာနဲ႔ ေက်ာက္မဲေတာင္ရြာၾကားမွာ တေနကုန္နီးပါး တိုက္ပြဲေတြ အျပင္းအထန္ျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။

လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ့ေနတဲ့ဓာတ္ပုံနဲ႔ ႐ုပ္သံတခ်ိဳ႕မွာေတာ့ ပ်က္စီးေနတဲ့စစ္ေကာင္စီကား ၆ စီး၊ ေသဆုံးေနတဲ့စစ္ေကာင္စီတပ္သားအေလာင္း ၁၈ ေလာင္းထက္မနည္းနဲ႔ ေတာ္လွန္ေရးတပ္ေတြသိမ္းမိထားတဲ့ လက္နက္ခဲယမ္းအမ်ားအျပားကို ေတြ႕ရပါတယ္။

တိုက္ပြဲမွာပါဝင္ေနတဲ့ ျပည္သူ႔ကာကြယ္ေရးရဲေဘာ္တစ္ဦးက​ တိုက္ပြဲအတြင္း စစ္ေကာင္စီကားေတြပ်က္စီးတာနဲ႔ ထိခိုက္ေသဆုံးတာေတြထပ္ရွိနိုင္ၿပီး အခုမနက္ပိုင္းအထိ တိုက္ပြဲေတြျဖစ္ပြားေနတုန္းပဲလို႔ ဆိုပါတယ္။

“ကားေတြသိမ္းမိတဲ့ေနရာရဲ့ အေရွ႕မွာလည္း တိုက္ပြဲထပ္ျဖစ္ေနတာရွိေသးတယ္။ အခုထိ မၿငိမ္ေသးပါဘူး” လို႔ တိုက္ပြဲမွာပါဝင္ေနတဲ့ ျပည္သူ႔ကာကြယ္ေရးရဲေဘာ္တစ္ဦးက ဒီေန႔မနက္ပိုင္းမွာေျပာပါတယ္။

တိုက္ပြဲေတြအတြင္း ေတာ္လွန္ေရးပူးေပါင္းတပ္ေတြဘက္ကလည္း ထိခိုက္က်ဆုံးမႈေတြရွိေနတယ္လို႔ ကနဦးသိရပါတယ္။

ဒီေန႔မနက္မွာေတာ့ စစ္ေကာင္စီယာဥ္တန္းမွာပါတဲ့ ကားတခ်ိဳ႕ဟာ ထားဝယ္-ထီးခီးလမ္းေပၚက ေက်ာက္မဲေတာင္နယ္ေျမရဲစခန္းကိုေရာက္ရွိေနၿပီလို႔ ေျမျပင္မွာရွိေနတဲ့ေတာ္လွန္ေရးရဲေဘာ္ေတြရဲ့​​​ေျပာျပခ်က္အရ သိရပါတယ္။

မေန႔က ႏွစ္ဖက္တိုက္ပြဲေတြျပင္းထန္ေနခ်ိန္ မြန္းလြဲပိုင္းနဲ႔ ညေနပိုင္းေတြမွာေတာ့ စစ္ေကာင္စီတပ္က MI – 2 ရဟတ္ယာဥ္နဲ႔ ဝကုန္းရြာတစ္ဝိုက္ကို ႏွစ္ႀကိမ္ဗုံးၾကဲတိုက္ခိုက္ခဲ့ပါေသးတယ္။

အခုတိုက္ခိုက္ခံေနရတဲ့ စစ္ေကာင္စီယာဥ္တန္းဟာ အခုလ ၁၇ ရက္ေန႔ကစၿပီး လမ္းတေလၽွာက္မွာ ရက္ဆက္ တိုက္ခိုက္ခံခဲ့ရပါတယ္။ အဲဒီတိုက္ခိုက္မႈေတြမွာလည္း စစ္ေကာင္စီတပ္ဘက္က ထိခိုက္ေသဆုံးတာေတြရွိခဲ့တယ္လို႔ သိရပါတယ္။

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ထားဝယ္အေရွ႕ေတာေဒသကိုဝင္လာတဲ့ စစ္ေကာင္စီယာဥ္တန္းေတြကို ေတာ္လွန္ေရးတပ္ေတြက မၾကာခဏတိုက္ခိုက္ခဲ့ဖူးေပမဲ့ အခုလိုကားေတြပ်က္စီးၿပီး လက္နက္ေတြသိမ္းမိခဲ့တဲ့ျဖစ္စဥ္ကေတာ့ အခုပထမဆုံးအႀကိမ္ ျဖစ္ပါတယ္။

The Tanintharyi Times

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *