အုပ်ကြီးတယောက် ရပ်ကွက်ထဲ ကာလုံခေါ်နေတာ ပွဲချင်းပြီးသွားတော်

အုပ်ကြီးတယောက် ရပ်ကွက်ထဲ ကာလုံခေါ်နေတာ ပွဲချင်းပြီးသွားတော်

ပဲခူး၊ ရွှေကျင်တွင် လူငယ်များကို စစ်မှုထမ်းခိုင်းရန် စာရင်းကောက် အစည်း အဝေးလုပ်နေသည့် ခြေတော်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးမျိုးကြည် ပစ်ခတ်ခံရပြီး သေဆုံး၊ တပ်သားသစ်စုဆောင်းနေသူများ ထွက်ပြေးတိမ်း ရှောင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တွင် လူငယ်များကို စစ်မှုထမ်းခိုင်းရန် စာရင်းကောက် အစည်းအဝေးလုပ်နေသည့် ခြေတော်ရာကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန် ရွှေကျင်မြို့နယ် ခြေတော်ရာကျေးရွာ၏ အုပ်ချုပ်ရေးမှူး မျိုးကြည်က စစ်မှုထမ်း မည့် လူငယ်များ ကို ခေါ်ဆောင်ရေးအတွက် အစည်းအဝေး လုပ်နေစဉ် တော်လှန်ရေး တပ်ဖွဲ့တစ်ခုက ဝင်ရောက်ပစ်ခတ်ရာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

” မျိုးကြည်က ဒီနယ်ခံမဟုတ်ဘူး။ အခြားနေရာကလာပြီး အုပ်ကြီးလုပ်နေတာ။ တပ်သားသစ်စုဆောင်းဖို့ အစည်းဝေးလုပ်နေတုန်း အမည်မသိ တော်လှန်ရေးတပ်ဖွဲ့က အစည်းဝေးလုပ်နေတဲ့ရုံးထဲမှာပဲ ဝင်ပစ်လိုက်တာ။ ခေါင်းကိုသုံးချက်မှန်ပြီး နေရာမှာပွဲချင်းပြီးသေတယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိ ရွှေကျင်မြို့နယ်တွင် တပ်သားသစ်စုဆောင်းရေး အတွက် လုပ်နေကြသည့် စစ်ကောင်စီဘက်တော်သားများ အားလုံး ကြောက်လန့်ပြီး တိမ်းရှောင်နေကြကြောင်း သိရှိရသည်။

“တမြို့လုံးမှာရှိတဲ့ စစ်တပ်အတွက် လူသစ်စုပေးတဲ့ ထောက်တိုင်ကောင်တွေလည်း ပြာယာခတ်ပြီး လန့်ကုန်ကြပါတယ်။ နေစရာ မရှိအောင်ကို ဖြစ်ကုန်ကြတာပါ” ဟု ဒေသပြည်သူက ရှင်းလင်းပြောဆိုသည်။

ဓာတ်ပုံ- အုပ်ကြီး မျိုးကြည် ပစ်ခတ်ခံရပြီး သေဆုံးနေစဉ်။

အုပ္ႀကီးတေယာက္ ရပ္ကြက္ထဲ ကာလုံေခၚေနတာ ပြဲခ်င္းၿပီးသြားေတာ္

ပဲခူး၊ ေ႐ႊက်င္တြင္ လူငယ္မ်ားကို စစ္မႈထမ္းခိုင္းရန္ စာရင္းေကာက္ အစည္း အေဝးလုပ္ေနသည့္ ေျခေတာ္ရာ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးမ်ိဳးၾကည္ ပစ္ခတ္ခံရၿပီး ေသဆုံး၊ တပ္သားသစ္စုေဆာင္းေနသူမ်ား ထြက္ေျပးတိမ္း ေရွာင္

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၂

ပဲခူးတိုင္း၊ ေ႐ႊက်င္ၿမိဳ႕နယ္တြင္ လူငယ္မ်ားကို စစ္မႈထမ္းခိုင္းရန္ စာရင္းေကာက္ အစည္းအေဝးလုပ္ေနသည့္ ေျခေတာ္ရာေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ပစ္ခတ္ခံရၿပီး ေသဆုံးသြားေၾကာင္း ေဒသျပည္သူမ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။

ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔ မြန္းလြဲ ၁ နာရီ ၁၅ မိနစ္အခ်ိန္ ေ႐ႊက်င္ၿမိဳ႕နယ္ ေျခေတာ္ရာေက်း႐ြာ၏ အုပ္ခ်ဳပ္ေရးမႉး မ်ိဳးၾကည္က စစ္မႈထမ္း မည့္ လူငယ္မ်ား ကို ေခၚေဆာင္ေရးအတြက္ အစည္းအေဝး လုပ္ေနစဥ္ ေတာ္လွန္ေရး တပ္ဖြဲ႕တစ္ခုက ဝင္ေရာက္ပစ္ခတ္ရာ ေနရာတြင္ပင္ ပြဲခ်င္းၿပီး ေသဆုံးသြားေၾကာင္း သိရွိရသည္။

” မ်ိဳးၾကည္က ဒီနယ္ခံမဟုတ္ဘူး။ အျခားေနရာကလာၿပီး အုပ္ႀကီးလုပ္ေနတာ။ တပ္သားသစ္စုေဆာင္းဖို႔ အစည္းေဝးလုပ္ေနတုန္း အမည္မသိ ေတာ္လွန္ေရးတပ္ဖြဲ႕က အစည္းေဝးလုပ္ေနတဲ့႐ုံးထဲမွာပဲ ဝင္ပစ္လိုက္တာ။ ေခါင္းကိုသုံးခ်က္မွန္ၿပီး ေနရာမွာပြဲခ်င္းၿပီးေသတယ္”ဟု ေဒသျပည္သူတစ္ဦးက ေျပာဆိုသည္။

လက္ရွိ ေ႐ႊက်င္ၿမိဳ႕နယ္တြင္ တပ္သားသစ္စုေဆာင္းေရး အတြက္ လုပ္ေနၾကသည့္ စစ္ေကာင္စီဘက္ေတာ္သားမ်ား အားလုံး ေၾကာက္လန႔္ၿပီး တိမ္းေရွာင္ေနၾကေၾကာင္း သိရွိရသည္။

“တၿမိဳ႕လုံးမွာရွိတဲ့ စစ္တပ္အတြက္ လူသစ္စုေပးတဲ့ ေထာက္တိုင္ေကာင္ေတြလည္း ျပာယာခတ္ၿပီး လန႔္ကုန္ၾကပါတယ္။ ေနစရာ မရွိေအာင္ကို ျဖစ္ကုန္ၾကတာပါ” ဟု ေဒသျပည္သူက ရွင္းလင္းေျပာဆိုသည္။

ဓာတ္ပုံ- အုပ္ႀကီး မ်ိဳးၾကည္ ပစ္ခတ္ခံရၿပီး ေသဆုံးေနစဥ္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *