ပွဲကြိုက်ခင်တွေတို့ရေ ပွဲကြီး ပွဲကောင်း ရုပ်သံကိုလည်း ရှိုးလိုက်အုံး….

အောက်ဆုံးတွင် ရုပ်သံဖိုင်ပါသည်

ပွဲကြိုက်ခင်တွေတို့ရေ ပွဲကြီး ပွဲကောင်း ရုပ်သံကိုလည်း ရှိုးလိုက်အုံး….

ဟိုပုံးမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး စစ်သားနှင့် ပြည်သူ့စစ် ၄ ဦးသေဆုံး၊ ၆၀ မမ အမြောက် ၁ လက် အပါအဝင် လက်နက် ၅ လက်၊ ကား ၁ စီးနှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သားနှင့် ပြည်သူ့ စစ် ၄ ဦးသေဆုံးကာ ၆၀ မမ အမြောက် ၁ လက်အပါအဝင် လက်နက် ၅ လက်၊ ကားတစ်စီးနှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနထံမှ သိရှိရသည်

ယမန်နေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ဟိုပုံးမြိုနယ် အရှေ့ဘက်ခြမ်းတနေရာတွင် စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့က PNLA စစ်ကြောင်းကို လာရောက်တိုက်ခိုက်သဖြင့် တိုက် ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ ယင်းနေရာအား နယ်မြေရှင်းလင်းမှု ပြုလုပ်ခဲ့ရာ စစ်သားနှင့်ပြည်သူ့စစ်အလောင်း ၄ လောင်း၊ လက်နက်ငယ် ၄ လက်၊ ၆၀ မမ လက်နက်ကြီး ၁ လက်၊ ကား ၁ စီး နှင့် ခဲယမ်း ကျည်ဆံ များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထိုပြင် စစ်တပ်က ထမ်းဆန်းဂူဒေသကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက် ပြီးနောက် ထမ်းဆန်းဂူဒေသတွင် လက်နက်ကြီးများအထိုင်ချကာ မဲနယ်တောင်ဒေသဘက်ရှိ ခရီး သွား ပြည်သူများ၏ ကားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုကြောင့် ဒေသနေ ပြည်သူလူထုများ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အိုးအိမ်စည်းစိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။

အလွန်ရိုးသားငြိမ်းချမ်းစွာ နေထိုင်တတ်သည့် ပအိုဝ်းလူမျိုးများ အထွဋ် အမြတ်ထားသည့် ဘာသာရေးဆိုင်ရာ မြင့်မြတ်သော နေရာများကို လည်း စစ်တပ်က အကာအကွယ်ယူခြင်း၊ တိုက်ခိုက် ဖျက်ဆီးခြင်းများ ပြုလုပ်ကာ ဘာသာရေးလွတ်လပ်ခွင့်ကို ထိပါးဖျက်ဆီးနေကြောင်း PNLA သတင်း နှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

စစ်အာဏာရှင်စနစ်ကို ပြည်သူလူထုတရပ်လုံးက ဝိုင်းဝန်း တိုက်ဖျက်နေသည့်အချိန်တွင် စစ်ကောင် စီ လက်အောက်ခံ ပြည်သူ့စစ်များအနေဖြင့် စစ်အာဏာ ရှင်ကို ကာကွယ်ပေးနေရသည့် လုပ် ရပ်ကို ဦးနှောက်ကြီးကြီးဖြင့် သေချာ သုံးသပ်စဉ်းစားကြရန်၊ စစ်အာဏာရှင်စနစ်လက်အောက်မှရုန်းထွက် ကြရန်၊နီးစပ်ရာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)တပ်ဖွဲများထံသို့ ဆက် သွယ်ကာ လက်နက်နှင့်တကွ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ်သို့ ကူးပြောင်းကြရန် PNLA က တိုက်တွန်းထားသည်။

ပြဲႀကိဳက္ခင္ေတြတို႔ေရ ပြဲၾကီး ပြဲေကာင္း ရုပ္သံကိုလည္း ရႈိးလိုက္အံုး….

ဟိုပုံးၿမိဳ႕နယ္တြင္ တိုက္ပြဲျဖစ္ၿပီး စစ္သားႏွင့္ ျပည္သူ႔စစ္ ၄ ဦးေသဆုံး၊ ၆၀ မမ အေျမာက္ ၁ လက္ အပါအဝင္ လက္နက္ ၅ လက္၊ ကား ၁ စီးႏွင့္ခဲယမ္းမ်ား သိမ္းဆည္းရရွိ

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၂

ရွမ္းျပည္နယ္၊ ဟိုပုံးၿမိဳ႕နယ္တြင္ တိုက္ပြဲျဖစ္ၿပီး အၾကမ္းဖက္စစ္သားႏွင့္ ျပည္သူ႔ စစ္ ၄ ဦးေသဆုံးကာ ၆၀ မမ အေျမာက္ ၁ လက္အပါအဝင္ လက္နက္ ၅ လက္၊ ကားတစ္စီးႏွင့္ ခဲယမ္းမ်ား သိမ္းဆည္းရရွိခဲ့ေၾကာင္း PNLA သတင္းႏွင့္ျပန္ၾကားေရးဌာနထံမွ သိရွိရသည္

ယမန္ေန႔ ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔ ဟိုပုံးၿမိဳနယ္ အေရွ႕ဘက္ျခမ္းတေနရာတြင္ စစ္ေကာင္စီႏွင့္ လက္ေအာက္ခံ ျပည္သူ႔စစ္ ပူးေပါင္းအဖြဲ႕က PNLA စစ္ေၾကာင္းကို လာေရာက္တိုက္ခိုက္သျဖင့္ တိုက္ ပြဲ ျဖစ္ပြားခဲ့ေၾကာင္း၊ ယင္းေနရာအား နယ္ေျမရွင္းလင္းမႈ ျပဳလုပ္ခဲ့ရာ စစ္သားႏွင့္ျပည္သူ႔စစ္အေလာင္း ၄ ေလာင္း၊ လက္နက္ငယ္ ၄ လက္၊ ၆၀ မမ လက္နက္ႀကီး ၁ လက္၊ ကား ၁ စီး ႏွင့္ ခဲယမ္း က်ည္ဆံ မ်ား သိမ္းဆည္းရရွိခဲ့ေၾကာင္း သိရသည္။

ထိုျပင္ စစ္တပ္က ထမ္းဆန္းဂူေဒသကို လက္နက္ႀကီးျဖင့္ ပစ္ခတ္တိုက္ခိုက္ ၿပီးေနာက္ ထမ္းဆန္းဂူေဒသတြင္ လက္နက္ႀကီးမ်ားအထိုင္ခ်ကာ မဲနယ္ေတာင္ေဒသဘက္ရွိ ခရီး သြား ျပည္သူမ်ား၏ ကားမ်ားကို ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း၊ ထိုသို႔ တိုက္ခိုက္မႈေၾကာင့္ ေဒသေန ျပည္သူလူထုမ်ား ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး အိုးအိမ္စည္းစိမ္မ်ား ပ်က္စီးခဲ့ေၾကာင္း သိရသည္။

အလြန္႐ိုးသားၿငိမ္းခ်မ္းစြာ ေနထိုင္တတ္သည့္ ပအိုဝ္းလူမ်ိဳးမ်ား အထြဋ္ အျမတ္ထားသည့္ ဘာသာေရးဆိုင္ရာ ျမင့္ျမတ္ေသာ ေနရာမ်ားကို လည္း စစ္တပ္က အကာအကြယ္ယူျခင္း၊ တိုက္ခိုက္ ဖ်က္ဆီးျခင္းမ်ား ျပဳလုပ္ကာ ဘာသာေရးလြတ္လပ္ခြင့္ကို ထိပါးဖ်က္ဆီးေနေၾကာင္း PNLA သတင္း ႏွင့္ ျပန္ၾကားေရးဌာနက ထုတ္ျပန္ထားသည္။

စစ္အာဏာရွင္စနစ္ကို ျပည္သူလူထုတရပ္လုံးက ဝိုင္းဝန္း တိုက္ဖ်က္ေနသည့္အခ်ိန္တြင္ စစ္ေကာင္ စီ လက္ေအာက္ခံ ျပည္သူ႔စစ္မ်ားအေနျဖင့္ စစ္အာဏာ ရွင္ကို ကာကြယ္ေပးေနရသည့္ လုပ္ ရပ္ကို ဦးေႏွာက္ႀကီးႀကီးျဖင့္ ေသခ်ာ သုံးသပ္စဥ္းစားၾကရန္၊ စစ္အာဏာရွင္စနစ္လက္ေအာက္မွ႐ုန္းထြက္ ၾကရန္၊နီးစပ္ရာ ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးတပ္မေတာ္(PNLA)တပ္ဖြဲမ်ားထံသို႔ ဆက္ သြယ္ကာ လက္နက္ႏွင့္တကြ အမ်ိဳးသားလြတ္ေျမာက္ေရးလမ္းေၾကာင္းေပၚသို႔ ကူးေျပာင္းၾကရန္ PNLA က တိုက္တြန္းထားသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *