အဲဒါ AA ဗျာ့…ရုပ်သံကိုသာ ရှိုးလိုက်တော့….

အောက်ဆုံးတွင် ရုပ်သံဖိုင်ပါသည်

ရုပ်သံကိုသာ ရှိုးလိုက်တော့….

“သိမ်းပိုက်ရရှိထားသည့် ကျောက်တော်မြိုအား ရက္ခိုင့်တပ်တော်က သန့်ရှင်းရေးပြုလုပ်”

ရက္ခိုင့်တပ်တော် AA က အပြီးပိုင် တိုက်ခိုက်သိမ်းပိုက် ရရှိထားပြီးဖြစ်တဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြိုထဲကို ရက္ခိုင့်တပ်တော် တပ်ဖွဲဝင်တွေက မြိုအနှံသန့်ရှင်းရေး ပြုလုပ်နေကြတာ ဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော် AA က ၎င်းတို သိမ်းပိုက်ရရှိထားတဲ့ ဒေသတွေကို အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ပြည်သူ့ရေးရာ ဝန်ဆောင်မှုနှင့် စစ်ဘေးရှောင်များအား ပြန်လည် နေရာချထားရေး စတာတွေကိုလည်း တပြိုင်နက်တည်း ပြုလုပ်နေကြောင်း၊

လက်ရှိအချိန်ထိ ရက္ခိုင့်တပ်တော်ဟာ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပလက်ဝဒေသ၊ တောင်ပြိုလက်ဝဲနှင့် တစ်ခြားသော ရက္ခိုင်ပြည် နေရာဒေသ အများစုကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အစရှိတဲ့ အစိုးရရဲ့ လုပ်ငန်းတာဝန်တွေကို လုပ်ဆောင်လျက်ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ်။

 

 

 

4C_TruthNews




 



4C_TruthNews

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *