ယနေ့ည ဗုံးပေါက်ကွဲပြီး လူ ၁ ဦးသေဆုံး
မြိတ်မြို ကမ်းနားလမ်း အပါအဝင် နေရာ ၃ ခုထက်မနည်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁ ဦးသေဆုံးကာ ဒဏ်ရာရသူများရှိ
■ ရန်ကုန် လှိင်သာယာနှင့်မြောက်ဥက္ကလာပတိုတွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွား
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
တနင်္သာရီတိုင်း၊ မြိတ်မြို၊ ကမ်းနားလမ်း အပါအဝင် မြို၏ နေရာ ၃ ခုထက်မနည်းတွင် ယနေ့ ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူ ၁ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့ည ၇ နာရီ ၃၀ မိနစ်အချိန် မြိတ်မြို ကမ်းနားလမ်း အရက်ဘားတွင် ဗုံးပေါက်ကွဲကြောင်း၊ ဘုံပျံနှင့်လေယာဉ်ကွင်းဘက်တွင်လည်း ဗုံးပေါက်ကွဲကြောင်း၊ တစ်ပြိုင်နက်တည်း ပေါက်ကွဲမှု ဟု သိရှိရကြောင်း၊ ဗုံးပေါက်ကွဲမှု ကြောင့် လူ ၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများ ရှိကြောင်း သိရှိရသည်။
“မြိတ်မြို ဘားတွေ ကလပ်တွေ အနားမှာ ဗုံးပေါက်တာ။ အဲဒီနေရာက လူမပြတ်ဘူး။ Sea View ကုန်တိုက်အရှေ့အမှိက်ပုံနားမှာ ဗုံးပေါက်လို လူတစ်ယောက်သေသွားတယ်။ လူတစ်ဦးလည်း ဗုံးစ မှန်တယ်”ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ရန်ကုန်တိုင်း ၊ မြောက်ဥက္ကလာပမြိုနယ်နှင့် လှိင်သာယာမြိုနယ်တိုတွင် ယနေ့ည ၉ နာရီဝန်းကျင်အချိန် ဗုံးများ ဆက်တိုက်ပေါက်ကွဲကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို ပြောဆိုသည်။
ဓာတ်ပုံ- ယနေ့ည ၇ နာရီခွဲ မြိတ်မြိုတွင် ဗုံးပေါက်ကွဲပြီး လူ ၁ ဦးသေဆုံးသည်။
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁
Author: admin
Leave a Reply
Your email address will not be published. Required fields are marked *