ေရွ႕တန္းတြင္ေသဆုံးသြားသည့္ စစ္ေကာင္စီတပ္သားမ်ား‌ ေသစာရင္းသြင္းရန္ တန္းစီေစာင့္ဆိုင္းေနရၿပီး အလြန္စည္ကားေန

သေစရင်းရဖို့အတွက်တောင် သုံးသောင်းပေးရသေးတယ်တဲ့ ကြားလို့မှကောင်းကြသေးရဲ့အရပ်ကတော့်ရယ်

ရှေ့တန်းတွင် သေဆုံးသွားသည့် စစ်ကောင်စီတပ်သားများ‌ သေစာရင်းသွင်းရန် တန်းစီစောင့်ဆိုင်းနေရပြီး သေစာရင်းရရှိရန်အတွက် မိသားစုဝင်များက ငွေကျပ် ၃၀၀၀၀ ပေးဆောင်ရ

မြရာ/ဧရာဝတီတိုင်းမ်

ဖေဖော်ဝါရီ ၂၁ ရက်

စစ်ရေးပြင်းထန်နေသည့် ရှေ့တန်းစစ်မျက်နှာများတွင် သေဆုံးသွားသည့် စစ်ကောင်စီတပ်သားများ အတွက် သေဆုံးစာရင်းသွင်းရန် မိသားစုများက တန်းစီ‌တိုးဝှေ့နေရကြောင်း သိရသည်။

စစ်ကောင်စီက ရှေ့တန်းတွင် ပျောက်ဆုံး၊ သေဆုံးစာရင်းများကို မိသားစုထံ အကြောင်းမကြားဘဲ ပျောက်ဆုံးနှင့် ထွက်ပြေးစာရင်းများသွင်းနေသည့်အတွက် မိသားစုဝင်များက လိုက်လံစုံစမ်း၍ သေဆုံးစာရင်း သွင်းနေရသည်ဟု တပ်မိသားစုဝင်ထံက သိရသည်။

“မနက်ကတည်းက သေဆုံးစာရင်းလုပ်ဖို့ သွားတိုးရတာ။ လုပ်ပေးဖို့ စာရင်းဝင်ဖို့ ပိုက်ဆံသုံးသောင်းပေးရတယ်။ အဲဒါတောင် ခြောက်လစောင့်ရမယ်။ ဘယ်လ၊ ဘယ်ရက်သေတယ်ဆိုတာ အတိအကျပြောတာတောင်မှပဲ။ မနက်စာတောင် မစားရဘူး။ တ‌စ်နေကုန်စောင့် နေရတာ။ လူတွေ မနည်းဘူး အကုန်တိုးဝှေ့နေကြတာ”ဟု ရှေ့တန်းတွင် သေဆုံးသွားသည့် တပ်သား တစ်ဦး၏ မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အဆိုပါသေဆုံးစာရင်းသွင်းရန် ဆိုင်ရာတိုင်းတပ် မတော်‌စစ်ဆေးရုံတွင် သွားရောက်လုပ်ဆောင်ကြရပြီး သေဆုံးများနေသည့်အတွက် တိုးဝှေ့တန်းစီစောင့် ဆိုင်းရမှုများရှိနေကြောင်း သိရသည်။

စစ်ကောင်စီတပ်၌ လတ်တလောဖြစ်ပွား‌နေသည့် စစ်မျက်နှာပြင်များတွင် သေဆုံးသူများကို သေဆုံးစာရင်းမသွင်းဘဲ ပျောက်ဆုံး၊ ထွက်ပြေးဟုဆိုကာ ရိက္ခာနှင့်လစာများဖြတ်တောက်၍ မိသားစုဝင်များကိုလည်း ထောက်ပံ့ကြေးမပေးသည့်အပြင် တပ်လိုင်းခန်းများမှ နှင်ထုတ်လျက်ရှိကြောင်း သိရသည်။

ထို့အပြင် တိုက်ပွဲများအတွင်း သေဆုံးသွားသည့် စစ်ကောင်စီတပ် အရာရှိပိုင်းမှစ၍ အောက်ခြေတပ်သားအထိ မိသားစုဝင်များ သေဆုံးသည်ကို အကြောင်းမကြားသောကြောင့် မိသားစုဝင်များမှ တိုက်ပွဲဖြစ်ပွားသည့်နေ့နှင့် မွေးနေ့များကို မှန်းဆရည်စူး၍ နာရေးပြုလုပ်နေရကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်နှင့် ၈ ရက်နေ့များတွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့သိမ်းတိုက်ပွဲအတွင်း သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စာရင်းကို အကြောင်းမကြားသောကြောင့် ရန်ကုန်ရှိ မိသားစု ဝင်များက ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် သေဆုံးသည့်ရက်ကို မှန်းဆ၍ နာရေးပြုလုပ်ခဲ့ရကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်သားများ ခံစားပိုင်ခွင့်ရှိသည့် သက်စွန့်ကြေးများကို ပေးအပ်မည်ဟု ထုတ်ပြန် ကြေညာထားသော်လည်း ထွက်ပြေး၊ ပျောက်ဆုံးစာရင်းသွင်းလိုက်သည့်အတွက် မိသားစုဝင်များ ခံစား ခွင့်မရရှိကြောင်း သိရသည်။

ပုံစာ- Mi-17 ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူများကို ၂၀၂၄ ဇန်နဝါရီ ၉ ရက်နေ့က မြစ်ကြီးနား‌ လေတပ်၌ အလောင်းမပါဘဲ ဓာတ်ပုံများဖြင့်ပြုလုပ်စဉ်

Ayeyarwaddy_Times

ေသစရင္းရဖို႔အတြက္ေတာင္ သုံးေသာင္းေပးရေသးတယ္တဲ့ ၾကားလို႔မွေကာင္းၾကေသးရဲ႕အရပ္ကေတာ့္ရယ္

ေရွ႕တန္းတြင္ ေသဆုံးသြားသည့္ စစ္ေကာင္စီတပ္သားမ်ား‌ ေသစာရင္းသြင္းရန္ တန္းစီေစာင့္ဆိုင္းေနရၿပီး ေသစာရင္းရရွိရန္အတြက္ မိသားစုဝင္မ်ားက ေငြက်ပ္ ၃၀၀၀၀ ေပးေဆာင္ရ

ျမရာ/ဧရာ၀တီတိုင္းမ္

ေဖေဖာ္ဝါရီ ၂၁ ရက္

စစ္ေရးျပင္းထန္ေနသည့္ ေရွ႕တန္းစစ္မ်က္ႏွာမ်ားတြင္ ေသဆုံးသြားသည့္ စစ္ေကာင္စီတပ္သားမ်ား အတြက္ ေသဆုံးစာရင္းသြင္းရန္ မိသားစုမ်ားက တန္းစီ‌တိုးေဝွ႔ေနရေၾကာင္း သိရသည္။

စစ္ေကာင္စီက ေရွ႕တန္းတြင္ ေပ်ာက္ဆုံး၊ ေသဆုံးစာရင္းမ်ားကို မိသားစုထံ အေၾကာင္းမၾကားဘဲ ေပ်ာက္ဆုံးႏွင့္ ထြက္ေျပးစာရင္းမ်ားသြင္းေနသည့္အတြက္ မိသားစု၀င္မ်ားက လိုက္လံစုံစမ္း၍ ေသဆုံးစာရင္း သြင္းေနရသည္ဟု တပ္မိသားစု၀င္ထံက သိရသည္။

“မနက္ကတည္းက ေသဆုံးစာရင္းလုပ္ဖို႔ သြားတိုးရတာ။ လုပ္ေပးဖို႔ စာရင္း၀င္ဖို႔ ပိုက္ဆံသုံးေသာင္းေပးရတယ္။ အဲဒါေတာင္ ေျခာက္လေစာင့္ရမယ္။ ဘယ္လ၊ ဘယ္ရက္ေသတယ္ဆိုတာ အတိအက်ေျပာတာေတာင္မွပဲ။ မနက္စာေတာင္ မစားရဘူး။ တ‌စ္ေနကုန္ေစာင့္ ေနရတာ။ လူေတြ မနည္းဘူး အကုန္တိုးေဝွ႔ေနၾကတာ”ဟု ေရွ႕တန္းတြင္ ေသဆုံးသြားသည့္ တပ္သား တစ္ဦး၏ မိသားစု၀င္တစ္ဦးက ဧရာ၀တီတိုင္းမ္ကို ေျပာသည္။အဆိုပါေသဆုံးစာရင္းသြင္းရန္ ဆိုင္ရာတိုင္းတပ္ မေတာ္‌စစ္ေဆး႐ုံတြင္ သြားေရာက္လုပ္ေဆာင္ၾကရၿပီး ေသဆုံးမ်ားေနသည့္အတြက္ တိုးေဝွ႔တန္းစီေစာင့္ ဆိုင္းရမႈမ်ားရွိေနေၾကာင္း သိရသည္။

စစ္ေကာင္စီတပ္၌ လတ္တေလာျဖစ္ပြား‌ေနသည့္ စစ္မ်က္ႏွာျပင္မ်ားတြင္ ေသဆုံးသူမ်ားကို ေသဆုံးစာရင္းမသြင္းဘဲ ေပ်ာက္ဆုံး၊ ထြက္ေျပးဟုဆိုကာ ရိကၡာႏွင့္လစာမ်ားျဖတ္ေတာက္၍ မိသားစု၀င္မ်ားကိုလည္း ေထာက္ပံ့ေၾကးမေပးသည့္အျပင္ တပ္လိုင္းခန္းမ်ားမွ ႏွင္ထုတ္လ်က္ရွိေၾကာင္း သိရသည္။

ထို႔အျပင္ တိုက္ပြဲမ်ားအတြင္း ေသဆုံးသြားသည့္ စစ္ေကာင္စီတပ္ အရာရွိပိုင္းမွစ၍ ေအာက္ေျခတပ္သားအထိ မိသားစု၀င္မ်ား ေသဆုံးသည္ကို အေၾကာင္းမၾကားေသာေၾကာင့္ မိသားစု၀င္မ်ားမွ တိုက္ပြဲျဖစ္ပြားသည့္ေန႔ႏွင့္ ေမြးေန႔မ်ားကို မွန္းဆရည္စူး၍ နာေရးျပဳလုပ္ေနရေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ ၇ ရက္ႏွင့္ ၈ ရက္ေန႔မ်ားတြင္ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕သိမ္းတိုက္ပြဲအတြင္း ေသဆုံးခဲ့သည့္ စစ္ေကာင္စီတပ္ဖြဲ႕၀င္မ်ား၏ စာရင္းကို အေၾကာင္းမၾကားေသာေၾကာင့္ ရန္ကုန္ရွိ မိသားစု ၀င္မ်ားက ေဖေဖာ္ဝါရီ ၁၄ ရက္ေန႔တြင္ ေသဆုံးသည့္ရက္ကို မွန္းဆ၍ နာေရးျပဳလုပ္ခဲ့ရေၾကာင္း သိရသည္။

ထို႔အျပင္ စစ္ေကာင္စီတပ္သားမ်ား ခံစားပိုင္ခြင့္ရွိသည့္ သက္စြန႔္ေၾကးမ်ားကို ေပးအပ္မည္ဟု ထုတ္ျပန္ ေၾကညာထားေသာ္လည္း ထြက္ေျပး၊ ေပ်ာက္ဆုံးစာရင္းသြင္းလိုက္သည့္အတြက္ မိသားစု၀င္မ်ား ခံစား ခြင့္မရရွိေၾကာင္း သိရသည္။

ပုံစာ- Mi-17 ရဟတ္ယာဥ္ပ်က္က်မႈေၾကာင့္ ေသဆုံးသူမ်ားကို ၂၀၂၄ ဇန္နဝါရီ ၉ ရက္ေန႔က ျမစ္ႀကီးနား‌ ေလတပ္၌ အေလာင္းမပါဘဲ ဓာတ္ပုံမ်ားျဖင့္ျပဳလုပ္စဥ္

Ayeyarwaddy_Times

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *