မႏၲေလးဆိုးခ်က္က ရုပ္သံကိုသာၾကည့္လိုက္ေတာ့….လုပ္ရက္လိုက္ၾကတာ…

အောက်ဆုံးတွင် ရုပ်သံဖိုင်ပါသည်

မန္တလေးမှာ ကလေးကျောင်းပို့ ပြန်လာသူကို သတ်ပြီး ဆိုင်ကယ်လုယက်မှု ဖြစ်၊

စစ်အုပ်စုက လူသတ်၊ ဓားပြတွေကို မဖမ်းဘဲ စစ်အုပ်စုအပေါ် ဝေဖန်သူတွေကိုသာ လိုက်လံဖမ်းဆီး၊

ထင်လင်း/MFP ၊ ဖေဖေါ်ဝါရီ – ၂၁

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ (၂၈)လမ်းနဲ့ (၂၉)လမ်းကြား၊ (၅၃)လမ်းပေါ်မှာ ကလေးကျောင်းပို့ပြီး ပြန်လာတဲ့ အမျိုးသားကို ဓားနဲ့ထိုးသတ်ကာ ဆိုင်ကယ်လုယက်မှု ယမန်နေ့ ဖေဖော်ဝါရီ(၁၉)ရက် နေ့လည်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အဲ့ဒီနေ့ နေ့ခင်း(၁)နာရီခွဲက ကလေးကျောင်းပို့ပြီး ဆိုင်ကယ်နဲ့ အိမ်ပြန်လာတဲ့ အမျိုးသားကို ဆိုင်ကယ်နှစ်စီးနဲ့ လူလေးဦးက ဓါးနဲ့ခုတ်ကာ ဆိုင်ကယ် လုယက် ထွက်ပြေးသွားပြီး ဓါးနဲ့ အခုတ်ခံရသူဟာ နေရာမှာပဲ သေဆုံး သွားခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသူဟာ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်ရပ်ကွက်၊ အပိုင်း(၅)ထဲမှာ နေထိုင်တဲ့၊ သားသမီးနှစ်ဦးရဲ့ ဖခင်၊ အသက်(၄၉)နှစ်အရွယ် အမျိုးသား ဖြစ်ပြီး လုယက်ခံလိုက်ရတဲ့ ဆိုင်ကယ်က ဟွန်ဒါစကူဖီ ဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။အဲ့ဒီ (၅၃)လမ်းပေါ်မှာ ယခုလပိုင်းအတွင်း လုယက်မှု သုံးကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ လူသတ်မှု၊ လုယက်မှု၊ ဓားပြမှုတွေ ဆက်တိုက် ဖြစ်ပွားနေပြီး စစ်အုပ်စုက ကျူးလွန်သူတွေကို ဖမ်းဆီးအရေးတာ မရှိသလောက် အားနည်းတယ်လို့ မြို့ခံတွေ့ ဆိုပါတယ်။

“ဟိုတစ်ရက်ကလည်း သိပ္ပံလမ်းပေါ်မှာ မီးပွိုင့်မိနေတုန်း နေ့ခင်းပိုင်းပဲ ရှိမယ်၊ မီးပွိုင့်မှာ မီးနီတုန်း ကလစ် ဆိုင်ကယ်နဲ့ လူကို ဘေးကနေပြီး ဆိုင်ကယ်နဲ့ နှစ်ယောက် ဓားနဲ့ထိုးတာ၊ ဓားနဲ့ထိုးပြီးတော့ ဆိုင်ကယ်လုတာ၊ အဲ့ဒါနဲ့ ဆိုင်ကယ်သမားက ကြောက်ပါတယ်၊ကြောက်ပါတယ် လူ မလုပ်ပါနဲ့ဆိုပြီး ဆိုင်ကယ်ပေါ်ကနေ ဆင်းပြေးတာ၊ ဘေးနားက လူတွေကလည်း တစ်ယောက်မှ ဝိုင်းမကူဘူး”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

မန္တလေးမှာ လူသတ်၊ လုယက်၊ ဓားပြတိုက်ခံရလို့ စစ်အုပ်စု ရဲတွေထံ သွားရောက် တိုင်းတန်းပါလည်း စစ်အုပ်စုက အမှုလိုက်ဖို့ထက် ငွေညှစ်ဖို့သာ ကြိုးစားနေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

“အဲ့လို အလုခံရတဲ့ လူတွေက ရဲစခန်းကို ဘာလို့ မတိုင်လဲ ဆိုတော့ တိုင်လဲ တိုင်ခပဲ ကုန်တာပဲလေ၊ တကယ်လည်း သူတို့ ဘာလုပ်ပေးနိုင်လို့တုန်း၊ လုပ်မှ မလုပ်ပေးနိုင်တာ၊ ဖြစ်ပြီးမှပဲ ရောက်လာတာတွေဥစ္စာ၊ တကယ့်တကယ် ဟာတွေကျတော့ သူတို့ မဖမ်းနိုင်ပါဘူး၊ သူခိုးဂျပိုး ဖမ်းမိတယ်ဆိုတာ မကြားမိပါဘူး”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာ(၃၀)ရက် မနက်ပိုင်းက မန္တလေးမြို့ (၈၄)လမ်းပေါ်က လူစည်ကားရာ ဈေးဖြစ်တဲ့ မန်းမြို့ဈေးက ပေါ်ဦးရွှေဆိုင် ဓားပြတိုက်ခံခဲ့ရပါတယ်။ အဲ့ဒီနောက် နိုဝင်ဘာ(၁၇)ရက်မှာ မန္တလေး ဆေးတက္ကသိုလ်အနီးက (၇၃)လမ်းနဲ့ လမ်း(၃၀)ထောင့်က အောင် ရွှေဆိုင် ဓားပြတိုက်ခံရသလို ဇန်နဝါရီ(၁၉)ရက်မှာ မန်းမြို့ဈေးက ဆယ်သန်း ရွှေဆိုင် ဓားပြတိုက်ခံခဲ့ရပါတယ်။

စစ်အုပ်စုက ဓားပြမှု ကျူးလွန်သူတွေကို မဖမ်းပေမယ့် “ဓားပြတိုက်တာ ရဲမှရဲ” လို့ လူမှုကွန်ယက်မှာ မှတ်ချက် ရေးသူကိုတော့ နာရီပိုင်းအတွင်း ခြေရာခံ ဖမ်းဆီးခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေထဲက လူသတ်၊ လုယက်၊ ဓားပြ၊ မုဒိန်း၊ စတဲ့ သောင်းနဲ့ချီတဲ့ ရာဇဝတ်သားတွေကို စစ်အုပ်စုက လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီး ထောင်က ပြန်လွှတ် ပေးထားပါတယ်။

Mandalay_Free_Press_MFP

မႏၲေလးမွာ ကေလးေက်ာင္းပို႔ ျပန္လာသူကို သတ္ၿပီး ဆိုင္ကယ္လုယက္မႈ ျဖစ္၊

စစ္အုပ္စုက လူသတ္၊ ဓားျပေတြကို မဖမ္းဘဲ စစ္အုပ္စုအေပၚ ေဝဖန္သူေတြကိုသာ လိုက္လံဖမ္းဆီး၊

ထင္လင္း/MFP ၊ ေဖေဖၚဝါရီ – ၂၁

မႏၲေလးၿမိဳ႕၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ (၂၈)လမ္းနဲ႔ (၂၉)လမ္းၾကား၊ (၅၃)လမ္းေပၚမွာ ကေလးေက်ာင္းပို႔ၿပီး ျပန္လာတဲ့ အမ်ိဳးသားကို ဓားနဲ႔ထိုးသတ္ကာ ဆိုင္ကယ္လုယက္မႈ ယမန္ေန႔ ေဖေဖာ္ဝါရီ(၁၉)ရက္ ေန႔လည္ပိုင္းက ျဖစ္ပြားခဲ့တယ္လို႔ ေဒသခံ သတင္းရင္းျမစ္ေတြက ေျပာပါတယ္။

အဲ့ဒီေန႔ ေန႔ခင္း(၁)နာရီခြဲက ကေလးေက်ာင္းပို႔ၿပီး ဆိုင္ကယ္နဲ႔ အိမ္ျပန္လာတဲ့ အမ်ိဳးသားကို ဆိုင္ကယ္ႏွစ္စီးနဲ႔ လူေလးဦးက ဓါးနဲ႔ခုတ္ကာ ဆိုင္ကယ္ လုယက္ ထြက္ေျပးသြားၿပီး ဓါးနဲ႔ အခုတ္ခံရသူဟာ ေနရာမွာပဲ ေသဆုံး သြားခဲ့တာလို႔ ဆိုပါတယ္။

ေသဆုံးသူဟာ မႏၲေလးၿမိဳ႕ မဟာေအာင္ေျမၿမိဳ႕နယ္၊ မဟာၿမိဳင္ရပ္ကြက္၊ အပိုင္း(၅)ထဲမွာ ေနထိုင္တဲ့၊ သားသမီးႏွစ္ဦးရဲ႕ ဖခင္၊ အသက္(၄၉)ႏွစ္အ႐ြယ္ အမ်ိဳးသား ျဖစ္ၿပီး လုယက္ခံလိုက္ရတဲ့ ဆိုင္ကယ္က ဟြန္ဒါစကူဖီ ျဖစ္တယ္လို႔ နီးစပ္သူေတြက ေျပာပါတယ္။အဲ့ဒီ (၅၃)လမ္းေပၚမွာ ယခုလပိုင္းအတြင္း လုယက္မႈ သုံးႀကိမ္ထက္မနည္း ျဖစ္ပြားခဲ့တယ္လို႔လည္း ဆိုပါတယ္။

စစ္အာဏာသိမ္းၿပီးေနာက္ မႏၲေလးမွာ လူသတ္မႈ၊ လုယက္မႈ၊ ဓားျပမႈေတြ ဆက္တိုက္ ျဖစ္ပြားေနၿပီး စစ္အုပ္စုက က်ဴးလြန္သူေတြကို ဖမ္းဆီးအေရးတာ မရွိသေလာက္ အားနည္းတယ္လို႔ ၿမိဳ႕ခံေတြ႕ ဆိုပါတယ္။

“ဟိုတစ္ရက္ကလည္း သိပၸံလမ္းေပၚမွာ မီးပြိဳင့္မိေနတုန္း ေန႔ခင္းပိုင္းပဲ ရွိမယ္၊ မီးပြိဳင့္မွာ မီးနီတုန္း ကလစ္ ဆိုင္ကယ္နဲ႔ လူကို ေဘးကေနၿပီး ဆိုင္ကယ္နဲ႔ ႏွစ္ေယာက္ ဓားနဲ႔ထိုးတာ၊ ဓားနဲ႔ထိုးၿပီးေတာ့ ဆိုင္ကယ္လုတာ၊ အဲ့ဒါနဲ႔ ဆိုင္ကယ္သမားက ေၾကာက္ပါတယ္၊ေၾကာက္ပါတယ္ လူ မလုပ္ပါနဲ႔ဆိုၿပီး ဆိုင္ကယ္ေပၚကေန ဆင္းေျပးတာ၊ ေဘးနားက လူေတြကလည္း တစ္ေယာက္မွ ဝိုင္းမကူဘူး”လို႔ ၿမိဳ႕ခံတစ္ဦးက ေျပာပါတယ္။

မႏၲေလးမွာ လူသတ္၊ လုယက္၊ ဓားျပတိုက္ခံရလို႔ စစ္အုပ္စု ရဲေတြထံ သြားေရာက္ တိုင္းတန္းပါလည္း စစ္အုပ္စုက အမႈလိုက္ဖို႔ထက္ ေငြညႇစ္ဖို႔သာ ႀကိဳးစားေနတယ္လို႔ ၿမိဳ႕ခံေတြက ဆိုပါတယ္။

“အဲ့လို အလုခံရတဲ့ လူေတြက ရဲစခန္းကို ဘာလို႔ မတိုင္လဲ ဆိုေတာ့ တိုင္လဲ တိုင္ခပဲ ကုန္တာပဲေလ၊ တကယ္လည္း သူတို႔ ဘာလုပ္ေပးႏိုင္လို႔တုန္း၊ လုပ္မွ မလုပ္ေပးႏိုင္တာ၊ ျဖစ္ၿပီးမွပဲ ေရာက္လာတာေတြဥစၥာ၊ တကယ့္တကယ္ ဟာေတြက်ေတာ့ သူတို႔ မဖမ္းႏိုင္ပါဘူး၊ သူခိုးဂ်ပိုး ဖမ္းမိတယ္ဆိုတာ မၾကားမိပါဘူး”လို႔ ၿမိဳ႕ခံတစ္ဦးက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ၂၀၂၃ ေအာက္တိုဘာ(၃၀)ရက္ မနက္ပိုင္းက မႏၲေလးၿမိဳ႕ (၈၄)လမ္းေပၚက လူစည္ကားရာ ေဈးျဖစ္တဲ့ မန္းၿမိဳ႕ေဈးက ေပၚဦးေ႐ႊဆိုင္ ဓားျပတိုက္ခံခဲ့ရပါတယ္။ အဲ့ဒီေနာက္ ႏိုဝင္ဘာ(၁၇)ရက္မွာ မႏၲေလး ေဆးတကၠသိုလ္အနီးက (၇၃)လမ္းနဲ႔ လမ္း(၃၀)ေထာင့္က ေအာင္ ေ႐ႊဆိုင္ ဓားျပတိုက္ခံရသလို ဇန္နဝါရီ(၁၉)ရက္မွာ မန္းၿမိဳ႕ေဈးက ဆယ္သန္း ေ႐ႊဆိုင္ ဓားျပတိုက္ခံခဲ့ရပါတယ္။

စစ္အုပ္စုက ဓားျပမႈ က်ဴးလြန္သူေတြကို မဖမ္းေပမယ့္ “ဓားျပတိုက္တာ ရဲမွရဲ” လို႔ လူမႈကြန္ယက္မွာ မွတ္ခ်က္ ေရးသူကိုေတာ့ နာရီပိုင္းအတြင္း ေျခရာခံ ဖမ္းဆီးခဲ့ပါတယ္။

စစ္အာဏာသိမ္းၿပီးေနာက္ ႏိုင္ငံတဝန္းရွိ အက်ဥ္းေထာင္ေတြထဲက လူသတ္၊ လုယက္၊ ဓားျပ၊ မုဒိန္း၊ စတဲ့ ေသာင္းနဲ႔ခ်ီတဲ့ ရာဇဝတ္သားေတြကို စစ္အုပ္စုက လြတ္ၿငိမ္းခ်မ္းသာခြင့္ ေပးၿပီး ေထာင္က ျပန္လႊတ္ ေပးထားပါတယ္။

Mandalay_Free_Press_MFP

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *