စစ်တွေကို စ ကြိတ်ပြီ

စစ်တွေကို စ ကြိတ်ပြီ

စစ်တွေ ပါဒလိပ် စစ်ကောင်စီ အမြောက်တပ်ရင်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေဟုဆို

Western News| ဖေဖော်ဝါရီ ၂၁

ရခိုင်ပြည် မြို့တော် စစ်တွေမြို့နယ်ရှိ ပါဒလိပ်ကျေးရွာမှ စစ်ကောင်စီ အမြောက်တပ်ရင်းကို ရက္ခိုင့်တပ်တော် AA မှ ယနေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ နံနက်က စ၍ ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း စုံစမ်းသိရှိရသည်။

စစ်တွေဒေသခံတစ်ဦးက “ဒီနေ့ မနက် အာရုဏ်တက်ချိန်လောက်က စဖြစ်တာထင်တယ်။ AA က စစ်တွေ ပါဒလိပ် အမြောက်တပ်ရင်းကို တိုက်နေတယ်လို့ သိရတယ်။ AA က ဟောင်ဝစ်ဇာ လက်နက်နဲ့တောင် ပစ်ခတ်နေတယ်လို့ ပြောတယ်။ အတိအကျတော့ မသိဘူး” ဟု ပြောသည်။
ပါဒလိပ်ကျေးရွာအနီးအနားက ဒေသခံများကလည်း ပါဒလိပ်ဘက်မှ လက်နက်သံများကြားနေရကြောင်း ပြောဆိုကြပြီး စစ်တွေမြို့ထဲက ဒေသခံများကလည်း အတည်ပြုပြောဆိုမှုရှိနေကြသည်။

သို့သော်လည်း Western News အနေဖြင့် ရက္ခိုင့်တပ်တော် AA မှ တရားဝင်ထုတ်ပြန်ခြင်းမရှိသေး၍ ထိုတိုက်ပွဲနှင့်ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်သေးကြောင်းနှင့် AA ပြောခွင့်ရ ဦးခိုင်သုခအား Western News မှ ဆက်သွယ်နေဆဲဖြစ်သည်။ AA ကမူ ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်စခန်း တစ်ခုမကျန် ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ချက်တိုင်းတွင် သတိပေးပြောဆိုထားပြီး စစ်ကောင်စီတပ်ရင်းများ အနေဖြင့်လည်း အချိန်မီလက်နက်ချ အညံ့ခံရန် သတိပေးထားသည်။

ပြီးခဲ့သည့်ရက်ပိုင်း အတွင်းကလည်း စစ်တွေမြို့ရှိ အနောက်ပိုင်းစစ်ဌာနချုပ် လက်အောက်ခံ ဒေသကွက်ကဲမှုစစ်ဌာနချုပ် (ဒကစ – စစ်တွေ) တစ်ခုလုံး လက်နက်ချရန် ထပ်မံ သတိပေးထားကြောင်း သိရသည်။

စစ်ကောင်စီ၏ ပါဒလိပ်အမြောက်တပ်ရင်းသည် စစ်တွေမြို့နယ်က ကျေးရွာများ၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောမြို့၊ ရသေ့တောင်၊ ကျောက်တော်မြို့နယ်နှင့် မြောက်ဦး၊ မင်းပြားမြို့နယ်တို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသော အမြောက်တပ်ရင်းကြီးတစ်ခုလည်းဖြစ်သည်။
ထိုတပ်ရင်းမှ ပစ်ခတ်သော လက်နက်ကြီးကြောင့် ရခိုင်ပြည်သူ အများအပြားမှာ ထိခိုက်ဒဏ်ရာရရှိခြင်း၊ သေဆုံးခြင်းနှင့် နေအိမ် မြောက်များစွာ မီးလောင်ဆုံးရှုံးမှုရှိခဲ့ကြသည်။

ပါဒလိပ်အမြောက်တပ်ရင်းမှ ပစ်ခတ်သော လက်နက်ကြီးကြောင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၄ ရက်နေ့က စစ်တွေမြို့နယ် ချီလည်ပင်းကျေးရွာမှ ဒေသခံတစ်ဦးသေဆုံးပြီး၊ သုံးဦးဒဏ်ရာရရှိခဲ့သည်။

ရက္ခိုင့်တပ်တော် AA စစ်တွေမြို့အား ကုန်းလမ်းမှ အလွယ်တကူ ဝင်မလာနိုင်ရေးအတွက် ရန်ကုန်-စစ်တွေ ကားလမ်းပေါ်ရှိ အမြင့်ကျွန်းကျေးရွာအနီးက မင်းချောင်းတံတားကို စစ်ကောင်စီ ပါဒလိပ် အမြောက်တပ်ရင်းမှ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

စစ်ကောင်စီသည် စစ်တွေမြို့အား မကျရှုံးစေရေးအတွက် စစ်တွေမြို့ ပတ်ပတ်လည်တွင် သဲထုပ်များဖြင့် ဘန်ကာများ ပြုလုပ်လျှက်ရှိထားပြီး တပ်နေရာတစ်ချို့တွင်လည်း မိုင်းများ ထောင်ထားကြောင်းလည်း စုံစမ်းသိရှိရသည်။

Western News-WN

စစ္ေတြကို စ ႀကိတ္ၿပီ

စစ္ေတြ ပါဒလိပ္ စစ္ေကာင္စီ အေျမာက္တပ္ရင္းကို AA က ထိုးစစ္ဆင္တိုက္ခိုက္ေနဟုဆို

Western News| ေဖေဖာ္ဝါရီ ၂၁

ရခိုင္ျပည္ ၿမိဳ႕ေတာ္ စစ္ေတြၿမိဳ႕နယ္ရွိ ပါဒလိပ္ေက်း႐ြာမွ စစ္ေကာင္စီ အေျမာက္တပ္ရင္းကို ရကၡိဳင့္တပ္ေတာ္ AA မွ ယေန႔ ေဖေဖာ္ဝါရီ ၂၁ ရက္ေန႔ နံနက္က စ၍ ထိုးစစ္ဆင္တိုက္ခိုက္ေနေၾကာင္း စုံစမ္းသိရွိရသည္။

စစ္ေတြေဒသခံတစ္ဦးက “ဒီေန႔ မနက္ အာ႐ုဏ္တက္ခ်ိန္ေလာက္က စျဖစ္တာထင္တယ္။ AA က စစ္ေတြ ပါဒလိပ္ အေျမာက္တပ္ရင္းကို တိုက္ေနတယ္လို႔ သိရတယ္။ AA က ေဟာင္ဝစ္ဇာ လက္နက္နဲ႔ေတာင္ ပစ္ခတ္ေနတယ္လို႔ ေျပာတယ္။ အတိအက်ေတာ့ မသိဘူး” ဟု ေျပာသည္။
ပါဒလိပ္ေက်း႐ြာအနီးအနားက ေဒသခံမ်ားကလည္း ပါဒလိပ္ဘက္မွ လက္နက္သံမ်ားၾကားေနရေၾကာင္း ေျပာဆိုၾကၿပီး စစ္ေတြၿမိဳ႕ထဲက ေဒသခံမ်ားကလည္း အတည္ျပဳေျပာဆိုမႈရွိေနၾကသည္။

သို႔ေသာ္လည္း Western News အေနျဖင့္ ရကၡိဳင့္တပ္ေတာ္ AA မွ တရားဝင္ထုတ္ျပန္ျခင္းမရွိေသး၍ ထိုတိုက္ပြဲႏွင့္ပတ္သက္ၿပီး သီးျခားအတည္မျပဳႏိုင္ေသးေၾကာင္းႏွင့္ AA ေျပာခြင့္ရ ဦးခိုင္သုခအား Western News မွ ဆက္သြယ္ေနဆဲျဖစ္သည္။ AA ကမူ ရခိုင္ျပည္အတြင္း စစ္ေကာင္စီတပ္စခန္း တစ္ခုမက်န္ ထိုးစစ္ဆင္ တိုက္ခိုက္သြားမည္ဟု ထုတ္ျပန္ခ်က္တိုင္းတြင္ သတိေပးေျပာဆိုထားၿပီး စစ္ေကာင္စီတပ္ရင္းမ်ား အေနျဖင့္လည္း အခ်ိန္မီလက္နက္ခ် အညံ့ခံရန္ သတိေပးထားသည္။

ၿပီးခဲ့သည့္ရက္ပိုင္း အတြင္းကလည္း စစ္ေတြၿမိဳ႕ရွိ အေနာက္ပိုင္းစစ္ဌာနခ်ဳပ္ လက္ေအာက္ခံ ေဒသကြက္ကဲမႈစစ္ဌာနခ်ဳပ္ (ဒကစ – စစ္ေတြ) တစ္ခုလုံး လက္နက္ခ်ရန္ ထပ္မံ သတိေပးထားေၾကာင္း သိရသည္။

စစ္ေကာင္စီ၏ ပါဒလိပ္အေျမာက္တပ္ရင္းသည္ စစ္ေတြၿမိဳ႕နယ္က ေက်း႐ြာမ်ား၊ ပုဏၰားကြၽန္းၿမိဳ႕နယ္၊ ေပါက္ေတာၿမိဳ႕၊ ရေသ့ေတာင္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္ႏွင့္ ေျမာက္ဦး၊ မင္းျပားၿမိဳ႕နယ္တို႔ကို လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္ေနေသာ အေျမာက္တပ္ရင္းႀကီးတစ္ခုလည္းျဖစ္သည္။
ထိုတပ္ရင္းမွ ပစ္ခတ္ေသာ လက္နက္ႀကီးေၾကာင့္ ရခိုင္ျပည္သူ အမ်ားအျပားမွာ ထိခိုက္ဒဏ္ရာရရွိျခင္း၊ ေသဆုံးျခင္းႏွင့္ ေနအိမ္ ေျမာက္မ်ားစြာ မီးေလာင္ဆုံးရႈံးမႈရွိခဲ့ၾကသည္။

ပါဒလိပ္အေျမာက္တပ္ရင္းမွ ပစ္ခတ္ေသာ လက္နက္ႀကီးေၾကာင့္ ၿပီးခဲ့သည့္ ၂၀၂၃ ခုႏွစ္၊ ဒီဇင္ဘာလ ၄ ရက္ေန႔က စစ္ေတြၿမိဳ႕နယ္ ခ်ီလည္ပင္းေက်း႐ြာမွ ေဒသခံတစ္ဦးေသဆုံးၿပီး၊ သုံးဦးဒဏ္ရာရရွိခဲ့သည္။

ရကၡိဳင့္တပ္ေတာ္ AA စစ္ေတြၿမိဳ႕အား ကုန္းလမ္းမွ အလြယ္တကူ ဝင္မလာႏိုင္ေရးအတြက္ ရန္ကုန္-စစ္ေတြ ကားလမ္းေပၚရွိ အျမင့္ကြၽန္းေက်း႐ြာအနီးက မင္းေခ်ာင္းတံတားကို စစ္ေကာင္စီ ပါဒလိပ္ အေျမာက္တပ္ရင္းမွ ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္းက မိုင္းခြဲဖ်က္ဆီးခဲ့ေၾကာင္း ေဒသခံမ်ားက ေျပာဆိုၾကသည္။

စစ္ေကာင္စီသည္ စစ္ေတြၿမိဳ႕အား မက်ရႈံးေစေရးအတြက္ စစ္ေတြၿမိဳ႕ ပတ္ပတ္လည္တြင္ သဲထုပ္မ်ားျဖင့္ ဘန္ကာမ်ား ျပဳလုပ္လွ်က္ရွိထားၿပီး တပ္ေနရာတစ္ခ်ိဳ႕တြင္လည္း မိုင္းမ်ား ေထာင္ထားေၾကာင္းလည္း စုံစမ္းသိရွိရသည္။

Western News-WN

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *