ဟိုပုံး ထိရောက် လာ ပီ နော်

ဟိုပုံး ထိရောက် လာ ပီ နော်

ဟိုပုံးမှာ တိုက်ပွဲဖြစ်၊ အလောင်း ၅ လောင်းနဲ့ သေနတ် ၄ လက် PNLA သိမ်းမိ

မဲခေါင်၊ ဖေဖော်ဝါရီ ၂၁

ရှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်မှာ စစ်ကောင်စီ၊ ပြည်သူ့စစ်နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA) တို့ တိုက်ပွဲဖြစ်ပွားပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့လို့ PNLA က ဒီနေ့ ဖေဖော်ဝါရီ ၂၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ယမန်နေ့က ဟိုပုံးမြို့နယ် တနေရာမှာ လုံခြုံရေးဆိုင်ရာလှုပ်ရှားနေတဲ့ PNLA စစ်ကြောင်းကို စစ်ကောင်စီနဲ့ လက်အောက်ခံပြည်သူ့စစ်တွေက လာရောက်တိုက်ခိုက်တာမှာ မနက် ၁၁ နာရီက ညနေ ၅ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့လို့ သိရပါတယ်။

တိုက်ပွဲဖြစ်အပြီး စစ်ကောင်စီနဲ့လက်အောက်ခံပြည်သူ့စစ်တွေ ပြန်လည်ဆုတ်ခွာသွားပြီးနောက် PNLA က နယ်မြေရှင်းလင်းရာမှာ တိုက်ပွဲဖြစ်ပွားရာနေရာတွင် စစ်ကောင်စီနဲ့လက်အောက်ခံ ပြည်သူ့စစ် အလောင်း ၅ လောင်း ကျန်ရှိခဲ့ပြီး ခဲယမ်း ကျည်ဆံတွေအပါအဝင် သေနတ် ၄ လက် သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အလားတူ ယမန်နေ့မှာပဲတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက ထမ်းဆန်းဂူဒေသအနီးတဝိုက်နဲ့ မဲနယ်တောင်ဒေသကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်လို့ ပြောပါတယ်။

နှစ်ဘက် တိုက်ပွဲမဟုတ်ဘဲ လက်နက်ကြီးနဲ့ ၅၇ ချက်ပစ်ခတ်လို့ ကျေက္ကခြားရွာက နေအိမ်တွေ ပျက်စီးရသလို ဟိုပုံးမြို့နယ် ထမ်ဆမ့်ဂူတဝိုက်ကိုလည်း ပစ်ခတ်ခဲ့တယ် လို့ဆိုပါတယ်။

ထိုသို့ စစ်ကောင်စီနှင့်အပေါင်းအပါများ ပစ်ခတ်ဖျက်ဆီးသည့်နေရာတွေဟာ PNLA တပ်ဖွဲ့ဝင်တွေ တည်ရှိတဲ့နေရာမဟုတ်သလို တပ်စွဲထားခြင်းလည်းမရှိဘူးလို့ ပြောပါတယ်။

လက်ရှိတိုက်ပွဲဟာ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်တဲ့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေအနေနဲ့ စစ်အာဏာရှင်စနစ်လက်အောက်က ရုန်းထွက်ကာ အမျိုးသားလွတ်မြောက်ရေး လမ်းကြောင်းပေါ်ကို အမြန်ဆုံးကူးပြောင်းကြဖို့လည်း ထပ်မံတိုက်တွန်းအပ်ပါတယ်လို့ ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအနေနဲ့နီးစပ်ရာ PNLA တပ်ဖွဲ့တွေထံ ဆက်သွယ်ပြီး လက်နက်ခဲယမ်းတွေနဲ့အတူ အမျိုးသားလွတ် မြောက်ရေးလမ်းကြောင်းပေါ်ကို ကူးပြောင်းလာပါက ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မည်ဖြစ်တယ်လို့ ဆိုပါတယ်။

MeKongNews

ဟိုပုံး ထိေရာက္ လာ ပီ ေနာ္

ဟိုပုံးမွာ တိုက္ပြဲျဖစ္၊ အေလာင္း ၅ ေလာင္းနဲ႔ ေသနတ္ ၄ လက္ PNLA သိမ္းမိ

မဲေခါင္၊ ေဖေဖာ္ဝါရီ ၂၁

ရွမ္းျပည္ေတာင္ပိုင္း၊ ဟိုပုံးၿမိဳ႕နယ္မွာ စစ္ေကာင္စီ၊ ျပည္သူ႔စစ္နဲ႔ ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရး တပ္မေတာ္ (PNLA) တို႔ တိုက္ပြဲျဖစ္ပြားၿပီး လက္နက္ခဲယမ္းတခ်ိဳ႕ သိမ္းဆည္းရမိခဲ့လို႔ PNLA က ဒီေန႔ ေဖေဖာ္ဝါရီ ၂၁ ရက္မွာ သတင္းထုတ္ျပန္ပါတယ္။

ယမန္ေန႔က ဟိုပုံးၿမိဳ႕နယ္ တေနရာမွာ လုံၿခဳံေရးဆိုင္ရာလႈပ္ရွားေနတဲ့ PNLA စစ္ေၾကာင္းကို စစ္ေကာင္စီနဲ႔ လက္ေအာက္ခံျပည္သူ႔စစ္ေတြက လာေရာက္တိုက္ခိုက္တာမွာ မနက္ ၁၁ နာရီက ညေန ၅ နာရီအထိ တိုက္ပြဲျဖစ္ပြားခဲ့လို႔ သိရပါတယ္။

တိုက္ပြဲျဖစ္အၿပီး စစ္ေကာင္စီနဲ႔လက္ေအာက္ခံျပည္သူ႔စစ္ေတြ ျပန္လည္ဆုတ္ခြာသြားၿပီးေနာက္ PNLA က နယ္ေျမရွင္းလင္းရာမွာ တိုက္ပြဲျဖစ္ပြားရာေနရာတြင္ စစ္ေကာင္စီနဲ႔လက္ေအာက္ခံ ျပည္သူ႔စစ္ အေလာင္း ၅ ေလာင္း က်န္ရွိခဲ့ၿပီး ခဲယမ္း က်ည္ဆံေတြအပါအဝင္ ေသနတ္ ၄ လက္ သိမ္းဆည္းရမိခဲ့တယ္လို႔ သိရပါတယ္။

အလားတူ ယမန္ေန႔မွာပဲတိုက္ပြဲျဖစ္ပြားျခင္းမရွိပဲ စစ္ေကာင္စီက ထမ္းဆန္းဂူေဒသအနီးတဝိုက္နဲ႔ မဲနယ္ေတာင္ေဒသကို လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တိုက္ခိုက္လို႔ ေျပာပါတယ္။

ႏွစ္ဘက္ တိုက္ပြဲမဟုတ္ဘဲ လက္နက္ႀကီးနဲ႔ ၅၇ ခ်က္ပစ္ခတ္လို႔ ေက်ကၠျခား႐ြာက ေနအိမ္ေတြ ပ်က္စီးရသလို ဟိုပုံးၿမိဳ႕နယ္ ထမ္ဆမ့္ဂူတဝိုက္ကိုလည္း ပစ္ခတ္ခဲ့တယ္ လို႔ဆိုပါတယ္။

ထိုသို႔ စစ္ေကာင္စီႏွင့္အေပါင္းအပါမ်ား ပစ္ခတ္ဖ်က္ဆီးသည့္ေနရာေတြဟာ PNLA တပ္ဖြဲ႕ဝင္ေတြ တည္ရွိတဲ့ေနရာမဟုတ္သလို တပ္စြဲထားျခင္းလည္းမရွိဘူးလို႔ ေျပာပါတယ္။

လက္ရွိတိုက္ပြဲဟာ စစ္အာဏာရွင္စနစ္ကို တိုက္ဖ်က္တဲ့ တိုက္ပြဲျဖစ္ၿပီး စစ္ေကာင္စီလက္ေအာက္ခံ ျပည္သူ႔စစ္ေတြအေနနဲ႔ စစ္အာဏာရွင္စနစ္လက္ေအာက္က ႐ုန္းထြက္ကာ အမ်ိဳးသားလြတ္ေျမာက္ေရး လမ္းေၾကာင္းေပၚကို အျမန္ဆုံးကူးေျပာင္းၾကဖို႔လည္း ထပ္မံတိုက္တြန္းအပ္ပါတယ္လို႔ ေျပာပါတယ္။

စစ္ေကာင္စီလက္ေအာက္ခံ ျပည္သူ႔စစ္တပ္ဖြဲ႕ဝင္မ်ားအေနနဲ႔နီးစပ္ရာ PNLA တပ္ဖြဲ႕ေတြထံ ဆက္သြယ္ၿပီး လက္နက္ခဲယမ္းေတြနဲ႔အတူ အမ်ိဳးသားလြတ္ ေျမာက္ေရးလမ္းေၾကာင္းေပၚကို ကူးေျပာင္းလာပါက ထိုက္ထိုက္တန္တန္ ဆုခ်ီးျမႇင့္မည္ျဖစ္တယ္လို႔ ဆိုပါတယ္။

MeKongNews

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *