
နောက်ဆုံးခရီးမှာ ရာထူးမပါဘဲ ဖိတ်စာ ရိုက်ခဲ့ရတဲ့ စစ်ခွေးဗိုလ် တစ်ကောင်ရဲ့ သမိုင်းဝင် ပိုစ်များထဲက

“ကောင်းမွန်စွာ သဂြိုလ်ပြီး”

လက်ရှိအချိန်မှာ မင်းအောင်လှိင်ရဲ့ စစ်သားတွေက တစ်နိုင်ငံလုံးပတ်ပြီး စစ်တိုက်နေရတယ်။ တိုက်တဲ့ ပွဲတိုင်းကလဲ အရှုးချည်းပဲ၊ ရှုးတိုင်းလဲ သောက်သောက်လဲ သေကြတယ်။

သေတဲ့ကောင်တွေကို စစ်တပ်က အလောင်းပြန်ကောက်ပြီး ကောင်းကောင်းမွန်မွန် သဂြိုလ်ပေးနိုင်ဖို နေနေသာသာ ရှေ့တန်းမှာ မသေပဲ ကျန်နေတဲ့ကောင်တွေတောင် ခွေးပြေးဝက်ပြေး ထွက်ပြေးနေကြရတာ တော်လှန်ပြည်သူရော တပ်ထောက်ခံတွေပါ သိကြတယ်။

ဆိုတော့ ဒီလို အနေအထားကို လူတိုင်း သိနေကြတာတောင် အလောင်းပြန်မရပဲ ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ သေနေမှန်း မသိရတဲ့ မသာ၊ ကုန်းပေါ်မှာ လောက်တက်နေလား ရေထဲမှာ ငါးစားနေလား မသိရတဲ့ မသာကို “ကောင်းမွန်စွာ သဂြိုလ်ပြီး” လို တမင်ကို ထည့်ရေးတယ် ဆိုတော့-

အဆိုတော် ကိုင်ဇာရဲ့ သီချင်းထဲကလို “မင်းကိုယ့်ကို လိမ်နေတာလား.. မင်းကိုယ်မင်း လိမ်နေတာလားကွယ်..” ဆိုသလိုပဲ..

ကိုယ့်ဘာသာ ဖြေသိမ့်ဖို ရေးတာလား၊ လူကြားကောင်းအောင် ရေးတာလား?? သေချာတာကတော့ မင်းအောင်လှိင်ရဲ့ ကိုယ်ကျိုးအတွက် သေပေးနေရတဲ့ ကျွန်သဘောက် စစ်တပ်က စစ်ဗိုလ်၊ စစ်သားတွေရဲ့ ကျန်ရစ်သူ မိသားစုဝင်တွေဟာ-

အခုချိန်မှာ နာရေးဖိတ်စာမှာတောင် ရာထူး မထည့်ရဲတော့တဲ့အထိ လူတောမတိုး၊ လူရာမဝင် သိမ်ငယ်စိတ်တွေနဲ့ နေနေကြရပြီ ဆိုတာပါပဲ..။

4C_TruthNews









4C_TruthNews

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *