ရှားတောမြို့သိမ်း ရုပ်သံထပ်မံထွက်ပေါ်လာ…. ဖက်ဆစ် ခွေးခေလေးတွေ အတော်ကြောက်နေကြမှာပဲ…

အောက်ဆုံးတွင် ရုပ်သံဖိုင်ပါသည်

ရှားတောမြို့သိမ်း ရုပ်သံထပ်မံထွက်ပေါ်လာ….

ဖက်ဆစ် ခွေးခေလေးတွေ အတော်ကြောက်နေကြမှာပဲ…

ရှားတောမြို့ကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီဘက်မှ ဗိုလ်မှူးကြီး အဆင့်အရာရှိများမှစ၍ စစ်သည်နှင့်ရဲများ ၁၆၀ ကျော်သေဆုံး၊ သေနတ် ၁၅၀ လက်နှင့် ခဲယမ်းများ အပါအဝင် စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိ

ကရင်နီပြည်နယ်၊ ရှားတောမြို့ကို တိုက်ခိုက်သိမ်းပိုက်မှု စစ်ကောင်စီဘက်မှ ဗိုလ်မှူးကြီး အဆင့်အရာရှိများမှစ၍ စစ်သည်နှင့်ရဲများ ၁၆၀ ကျော်သေဆုံး၊ သေနတ် ၁၅၀ လက်နှင့် ခဲယမ်းများ အပါအဝင် စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိကြောင်း KNDF က သတင်းထုတ်ပြန်သည်။ ဇန်နဝါရီလ ၁၅ ရက်နေ့မှစတင်ခဲ့သည့် ရှားတောမြို့ကို တိုက်ခိုက်သိမ်းပိုက်မှုသည် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် မြို့တစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်တပ် ဘက်မှ ခမရ ၄၂၈ ၊ ခလရ ၂၄၉ ၊ နှင့် ထောက်ပို့တပ်၊ စစ်အင်ဂျင်နီယာ တပ်ဖွဲ့ဝင် များ၊ ရဲတပ်ဖွဲ့များအားလုံးကို တိုက်ခိုက်ခဲ့ရပြီး ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဒု-ရဲမှူးများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း(၁၆၀)ကျော်ကို ချေမှုန်းသုတ်သင်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း စစ်သုံ့ပန်း အချို့ကိုလည်း ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။

တစ်လတာနီးပါးကြာမြင့်ခဲ့သော ရှားတောမြို့အား အပြီးသတ်သိမ်းယူခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီ ထံမှ လက်နက်ငယ် ၁၂၈ လက်၊ လက်နက်ကြီးအစုံ ၁၈ လက်၊ Smoke Gun ၃ လက်၊ Jammer Gun ၁ လက် နှင့် ဆက်သွယ်ရေးစက်များ၊ ခဲယမ်းကျည်ဆံများ၊ အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

ကရင်နီပြည်နယ်၊ ရှားတောမြို့နှင့် ပတ်ဝန်းကျင်ကို အခိုင်အမာတပ်ချ၍ ပြည်သူလူထုများကို တိုက်ခိုက် ဖမ်းဆီးခြင်းများ စဉ်ဆက်မပြတ် လုပ်ဆောင်နေခဲ့သော စစ်ကောင်စီ၏ စခန်းကုန်းများနှင့် ဗျူဟာကုန်းတို့ကို KA၊ KNDF နှင့် Loikaw PDF တို့ ပူးပေါင်း၍ တစ်လနီးပါးကြာ တိုက်ခိုက်ခဲ့ပြီးသည့်နောက် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များမှ အပြီးသတ် သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။

ရှားတောမြို့ရှိ မြို့အဝင် စေတီကုန်းပေါ်တွင် စစ်ကောင်စီ၏ ခမရ(၄၈၂)တပ်မှ ရှေ့တန်းအထိုင်ချ၍ တပ်စွဲထား သော ဗျူဟာကုန်းစခန်းကို ဝန်းရံထားသည့် အရေးပါသော ကာကင်းစခန်းကုန်းများဖြစ်သည့် အန္တရာယ်ကွေ့စခန်းကုန်း ၂ ကုန်းကို ဇန်နဝါရီု ၁၅ ရက်နေ့မှစ၍ ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ(၁၇)ရက်နေ့တွင် အပြီးသတ်သိမ်းယူနိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ရှားတောမြို့အဝင်ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းအရှေ့ရှိ ကာကင်းများကိုလည်း ဆက်၍ တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၂၁ ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကာ ဗျူဟာကုန်းစခန်းကို တပ်ဖွဲ့များက ဝန်းရံပိတ်ဆို့ထား နိုင်ခဲ့ကြောင်း၊ ဗျူဟာကုန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ၎င်းတို့၏ စခန်းဘန်ကာများ၊ ဘုရားစေတီဂူပေါက်များအတွင်း အခိုင်အမာ ခံစစ်ပြင်၍ တန်ပြန်တိုက်ခိုက်နေခဲ့ပြီး ကရင်နီ တပ်ဖွဲ့များက ပိတ်ဆို့ထားနိုင်ခဲ့ကြောင်း သိရှိရသည်။

ဗျူဟာကုန်းအား စဉ်ဆက်မပြတ် ပိတ်ဆို့ထားချိန်တွင် ဖေဖော်ဝါရီလ ၄ ရက်နေ့၌ ခလရ ၂၄၉ တပ်ရင်းမှ အင်အား ၇၀ ကျော်ခန့်ကို ရဟတ်ယာဉ် ၃ စီးဖြင့် စစ်ကူပို့ဆောင်လာခဲ့ပြီး အဆိုပါ စစ်ကူစစ်ကြောင်းကို ကရင်နီတော်လှန်ရေး တပ်ဖွဲ့များက ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် အပြီးသတ် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီ၏ ဗျူဟာကုန်းစခန်းကို လက်နက်ချ၍ ဘက်ပြောင်းခိုလှုံရန် အကြိမ်ကြိမ်ဖိတ်ခေါ်ခဲ့သော်လည်း လက်မခံခဲ့သဖြင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ နံနက် ၅ နာရီခွဲ အချိန်တွင် စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နံနက် ၈ နာရီခွဲ အချိန်တွင် ဗျူဟာစခန်းကုန်းအား အပြီးသတ်ချေမှုန်း သိမ်းပိုက်၍ ရှားတောမြို့အား အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။

ကရင်နီပြည်နယ်၊ ရှားတောမြို့အား သိမ်းယူခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ တိုက်လေယာဉ်၊ ဂျက်ဖိုက်တာ၊ Y12 Drop များ အသုံးပြုပြီး လေကြောင်းပစ်ကူ(၂၀၅)ကြိမ်ကျော် လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ကရင်နီပြည်၊ ရှားတောမြို့ရှိ စစ်ကောင်စီ၏ တပ်စခန်းများကို သိမ်းပိုက်ခဲ့သော တိုက်ပွဲများအတွင်း KNDF မှ ရဲဘော် ၃ ဦးနှင့် အခြားတပ်ဖွဲ့မှ ရဲဘော်အချို့ တိုင်းပြည်နှင့်လူမျိုးအတွက် ကျဆုံးခဲ့ရကြောင်း သိရှိရသည်။

ရွားေတာၿမိဳ႕သိမ္း ႐ုပ္သံထပ္မံထြက္ေပၚလာ….

ဖက္ဆစ္ ေခြးေခေလးေတြ အေတာ္ေၾကာက္ေနၾကမွာပဲ…

ရွားေတာၿမိဳ႕ကို တိုက္ခိုက္သိမ္းပိုက္မႈ စစ္ေကာင္စီဘက္မွ ဗိုလ္မႉးႀကီး အဆင့္အရာရွိမ်ားမွစ၍ စစ္သည္ႏွင့္ရဲမ်ား ၁၆၀ ေက်ာ္ေသဆုံး၊ ေသနတ္ ၁၅၀ လက္ႏွင့္ ခဲယမ္းမ်ား အပါအဝင္ စစ္သုံးပစၥည္းမ်ား သိမ္းဆည္းရရွိ

ကရင္နီျပည္နယ္၊ ရွားေတာၿမိဳ႕ကို တိုက္ခိုက္သိမ္းပိုက္မႈ စစ္ေကာင္စီဘက္မွ ဗိုလ္မႉးႀကီး အဆင့္အရာရွိမ်ားမွစ၍ စစ္သည္ႏွင့္ရဲမ်ား ၁၆၀ ေက်ာ္ေသဆုံး၊ ေသနတ္ ၁၅၀ လက္ႏွင့္ ခဲယမ္းမ်ား အပါအဝင္ စစ္သုံးပစၥည္းမ်ား သိမ္းဆည္းရရွိေၾကာင္း KNDF က သတင္းထုတ္ျပန္သည္။ ဇန္နဝါရီလ ၁၅ ရက္ေန႔မွစတင္ခဲ့သည့္ ရွားေတာၿမိဳ႕ကို တိုက္ခိုက္သိမ္းပိုက္မႈသည္ ေဖေဖာ္ဝါရီ ၁၂ ရက္ေန႔တြင္ ၿမိဳ႕တစ္ခုလုံးကို အၿပီးသတ္သိမ္းပိုက္ႏိုင္ခဲ့ေၾကာင္း၊ စစ္တပ္ ဘက္မွ ခမရ ၄၂၈ ၊ ခလရ ၂၄၉ ၊ ႏွင့္ ေထာက္ပို႔တပ္၊ စစ္အင္ဂ်င္နီယာ တပ္ဖြဲ႕ဝင္ မ်ား၊ ရဲတပ္ဖြဲ႕မ်ားအားလုံးကို တိုက္ခိုက္ခဲ့ရၿပီး ဗိုလ္မႉးႀကီး၊ ဒု-ဗိုလ္မႉးႀကီး၊ ဗိုလ္မႉး၊ ဒု-ရဲမႉးမ်ား အပါအဝင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ စုစုေပါင္း(၁၆၀)ေက်ာ္ကို ေခ်မႈန္းသုတ္သင္ႏိုင္ခဲ့ေၾကာင္း၊ တိုက္ပြဲမ်ားအတြင္း စစ္သုံ႔ပန္း အခ်ိဳ႕ကိုလည္း ဖမ္းဆီးရရွိခဲ့ေၾကာင္း သိရွိရသည္။

​တစ္လတာနီးပါးၾကာျမင့္ခဲ့ေသာ ရွားေတာၿမိဳ႕အား အၿပီးသတ္သိမ္းယူခဲ့သည့္ တိုက္ပြဲမ်ားအတြင္း စစ္ေကာင္စီ ထံမွ လက္နက္ငယ္ ၁၂၈ လက္၊ လက္နက္ႀကီးအစုံ ၁၈ လက္၊ Smoke Gun ၃ လက္၊ Jammer Gun ၁ လက္ ႏွင့္ ဆက္သြယ္ေရးစက္မ်ား၊ ခဲယမ္းက်ည္ဆံမ်ား၊ အသုံးအေဆာင္ပစၥည္းမ်ားအား သိမ္းဆည္းရရွိခဲ့ေၾကာင္း သိရွိရသည္။

ကရင္နီျပည္နယ္၊ ရွားေတာၿမိဳ႕ႏွင့္ ပတ္ဝန္းက်င္ကို အခိုင္အမာတပ္ခ်၍ ျပည္သူလူထုမ်ားကို တိုက္ခိုက္ ဖမ္းဆီးျခင္းမ်ား စဥ္ဆက္မျပတ္ လုပ္ေဆာင္ေနခဲ့ေသာ စစ္ေကာင္စီ၏ စခန္းကုန္းမ်ားႏွင့္ ဗ်ဴဟာကုန္းတို႔ကို KA၊ KNDF ႏွင့္ Loikaw PDF တို႔ ပူးေပါင္း၍ တစ္လနီးပါးၾကာ တိုက္ခိုက္ခဲ့ၿပီးသည့္ေနာက္ ေဖေဖာ္ဝါရီလ(၁၂)ရက္ေန႔တြင္ ကရင္နီ ေတာ္လွန္ေရးတပ္ဖြဲ႕မ်ားမွ အၿပီးသတ္ သိမ္းပိုက္ရရွိခဲ့ေၾကာင္း သိရွိရသည္။

​ရွားေတာၿမိဳ႕ရွိ ၿမိဳ႕အဝင္ ေစတီကုန္းေပၚတြင္ စစ္ေကာင္စီ၏ ခမရ(၄၈၂)တပ္မွ ေရွ႕တန္းအထိုင္ခ်၍ တပ္စြဲထား ေသာ ဗ်ဴဟာကုန္းစခန္းကို ဝန္းရံထားသည့္ အေရးပါေသာ ကာကင္းစခန္းကုန္းမ်ားျဖစ္သည့္ အႏၲရာယ္ေကြ႕စခန္းကုန္း ၂ ကုန္းကို ဇန္နဝါ႐ီု ၁၅ ရက္ေန႔မွစ၍ ကရင္နီ ေတာ္လွန္ေရး တပ္ေပါင္းစုက ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ၿပီး ဇန္နဝါရီလ(၁၇)ရက္ေန႔တြင္ အၿပီးသတ္သိမ္းယူႏိုင္ခဲ့ေၾကာင္း သိရွိရသည္။

​ထို႔အတူ ရွားေတာၿမိဳ႕အဝင္ရွိ စစ္ေကာင္စီ၏ ဗ်ဴဟာကုန္းအေရွ႕ရွိ ကာကင္းမ်ားကိုလည္း ဆက္၍ တိုက္ခိုက္ခဲ့ၿပီး ဇန္နဝါရီလ ၂၁ ရက္ေန႔တြင္ တိုက္ခိုက္သိမ္းပိုက္ႏိုင္ခဲ့ကာ ဗ်ဴဟာကုန္းစခန္းကို တပ္ဖြဲ႕မ်ားက ဝန္းရံပိတ္ဆို႔ထား ႏိုင္ခဲ့ေၾကာင္း၊ ဗ်ဴဟာကုန္းရွိ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားမွာ ၎တို႔၏ စခန္းဘန္ကာမ်ား၊ ဘုရားေစတီဂူေပါက္မ်ားအတြင္း အခိုင္အမာ ခံစစ္ျပင္၍ တန္ျပန္တိုက္ခိုက္ေနခဲ့ၿပီး ကရင္နီ တပ္ဖြဲ႕မ်ားက ပိတ္ဆို႔ထားႏိုင္ခဲ့ေၾကာင္း သိရွိရသည္။

ဗ်ဴဟာကုန္းအား စဥ္ဆက္မျပတ္ ပိတ္ဆို႔ထားခ်ိန္တြင္ ေဖေဖာ္ဝါရီလ ၄ ရက္ေန႔၌ ခလရ ၂၄၉ တပ္ရင္းမွ အင္အား ၇၀ ေက်ာ္ခန႔္ကို ရဟတ္ယာဥ္ ၃ စီးျဖင့္ စစ္ကူပို႔ေဆာင္လာခဲ့ၿပီး အဆိုပါ စစ္ကူစစ္ေၾကာင္းကို ကရင္နီေတာ္လွန္ေရး တပ္ဖြဲ႕မ်ားက ေဖေဖာ္ဝါရီလ ၅ ရက္ေန႔တြင္ အၿပီးသတ္ တိုက္ခိုက္ေခ်မႈန္းႏိုင္ခဲ့ေၾကာင္း သိရွိရသည္။

စစ္ေကာင္စီ၏ ဗ်ဴဟာကုန္းစခန္းကို လက္နက္ခ်၍ ဘက္ေျပာင္းခိုလႈံရန္ အႀကိမ္ႀကိမ္ဖိတ္ေခၚခဲ့ေသာ္လည္း လက္မခံခဲ့သျဖင့္ ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔၊ နံနက္ ၅ နာရီခြဲ အခ်ိန္တြင္ စတင္၍ ထိုးစစ္ဆင္တိုက္ခိုက္ခဲ့ၿပီး နံနက္ ၈ နာရီခြဲ အခ်ိန္တြင္ ဗ်ဴဟာစခန္းကုန္းအား အၿပီးသတ္ေခ်မႈန္း သိမ္းပိုက္၍ ရွားေတာၿမိဳ႕အား အလုံးစုံ ထိန္းခ်ဳပ္ႏိုင္ခဲ့ေၾကာင္း သိရွိရသည္။

​ကရင္နီျပည္နယ္၊ ရွားေတာၿမိဳ႕အား သိမ္းယူခဲ့သည့္ တိုက္ပြဲမ်ားအတြင္း စစ္ေကာင္စီဖက္မွ တိုက္ေလယာဥ္၊ ဂ်က္ဖိုက္တာ၊ Y12 Drop မ်ား အသုံးျပဳၿပီး ေလေၾကာင္းပစ္ကူ(၂၀၅)ႀကိမ္ေက်ာ္ လာေရာက္တိုက္ခိုက္ခဲ့ေၾကာင္း၊ ​ကရင္နီျပည္၊ ရွားေတာၿမိဳ႕ရွိ စစ္ေကာင္စီ၏ တပ္စခန္းမ်ားကို သိမ္းပိုက္ခဲ့ေသာ တိုက္ပြဲမ်ားအတြင္း KNDF မွ ရဲေဘာ္ ၃ ဦးႏွင့္ အျခားတပ္ဖြဲ႕မွ ရဲေဘာ္အခ်ိဳ႕ တိုင္းျပည္ႏွင့္လူမ်ိဳးအတြက္ က်ဆုံးခဲ့ရေၾကာင္း သိရွိရသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *