ယေန႔ တက္စုံဖြင့္ ႐ြက္ကုန္လႊင့္ဖို႔ ရန္ကုန္မွာ PDF အလံ လႊင့္ထူကုန္ၿပီ

ရန်ကုန်၊ ကြည့်မြင်တိုင်တွင် “ပြိုင်တူ ရုန်းမလား၊ ကိုယ်လွတ်ရုန်းမလား” ပိုစတာနှင့် PDF အလံ လွှင့်ထူပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှား

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်တွင် “ပြိုင်တူ ရုန်းမလား၊ ကိုယ်လွတ်ရုန်းမလား” ပိုစတာနှင့် PDF အလံ လွှင့်ထူပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားကြကြောင်း သိရှိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၁ရက်တွင် ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြိုနယ်တစ်နေရာတွင် Kyimyindaing Networks (KMD18) နှင့် Mayangone Democratic Front (MDF) တို့ ပူးပေါင်းပြီး “ပြိုင်တူ ရုန်းမလား၊ ကိုယ်လွတ်ရုန်းမလား” ဘန်နာချိတ်ဆွဲပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် PDFအလံတော်ကို လွှင့်ထူကာ အကြမ်းဖက်စစ်တပ် ဆန့်ကျင်ရေး အာဏာဖီဆန် တော်လှန်ပုန်ကန် လှုပ်ရှားမှုကို ပြုလုပ်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

“အခြားတစ်ပါးကို ရှောင်ထွက်ပြီး ကိုယ်လွတ်ရုန်းသွားလည်း မလွတ်နိုင်တဲ့အခြေနေမှာ ပြည်သူအားလုံးကို ကျွန်တော်တို့ နှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်တော်၏ အလံတော်အောက်မှာ ခုခံတွန်းလှန် တိုက်ပွဲဝင်ကြဖို ဖိတ်ခေါ်လိုက်ပါတယ်။ တော်လှန်ရေးအင်အားစုအားလုံးကလည်း ပြည်သူနှင့်အတူရှိနေပြီး ကျွန်တော်တိုနဲ့အတူ ရုန်းထွက်ကြဖို တိုက်တွန်းအားပေးပါရစေ။

တက်စုံဖွင့် ရွက်ကုန်လွှင့်ရင်း၊ မတရားတဲ့ အမိန့်အာဏာဟူသမျှ ဖီဆန်ရင်း အတူတိုက်ပွဲဝင်ကြပါစို့။ “လာပါ ငါတို့အတူ ရုန်းမယ်”။ အရေးတော်ပုံ အောင်ကို အောင်ရမည်”ဟု တော်လှန်ရေးအဖွဲ့က တိုက်တွန်း ထုတ်ပြန်ထားသည်။

ရန္ကုန္၊ ၾကည့္ျမင္တိုင္တြင္ “ၿပိဳင္တူ ႐ုန္းမလား၊ ကိုယ္လြတ္႐ုန္းမလား” ပိုစတာႏွင့္ PDF အလံ လႊင့္ထူၿပီး စစ္အာဏာရွင္ ဆန႔္က်င္ေရး လႈပ္ရွား

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၁

ရန္ကုန္တိုင္း၊ ၾကည့္ျမင္တိုင္တြင္ “ၿပိဳင္တူ ႐ုန္းမလား၊ ကိုယ္လြတ္႐ုန္းမလား” ပိုစတာႏွင့္ PDF အလံ လႊင့္ထူၿပီး စစ္အာဏာရွင္ ဆန႔္က်င္ေရး လႈပ္ရွားၾကေၾကာင္း သိရွိရသည္။

ယေန႔ ေဖေဖာ္ဝါရီလ ၂၁ရက္တြင္ ရန္ကုန္ၿမိဳ႕၊ ၾကည့္ျမင္တိုင္ၿမိဳနယ္တစ္ေနရာတြင္ Kyimyindaing Networks (KMD18) ႏွင့္ Mayangone Democratic Front (MDF) တို႔ ပူးေပါင္းၿပီး “ၿပိဳင္တူ ႐ုန္းမလား၊ ကိုယ္လြတ္႐ုန္းမလား” ဘန္နာခ်ိတ္ဆြဲၿပီး ျပည္သူ႔ကာကြယ္ေရးတပ္မေတာ္ PDFအလံေတာ္ကို လႊင့္ထူကာ အၾကမ္းဖက္စစ္တပ္ ဆန႔္က်င္ေရး အာဏာဖီဆန္ ေတာ္လွန္ပုန္ကန္ လႈပ္ရွားမႈကို ျပဳလုပ္ၾကျခင္းျဖစ္ေၾကာင္း သိရွိရသည္။

“အျခားတစ္ပါးကို ေရွာင္ထြက္ၿပီး ကိုယ္လြတ္႐ုန္းသြားလည္း မလြတ္ႏိုင္တဲ့အေျခေနမွာ ျပည္သူအားလုံးကို ကြၽန္ေတာ္တို႔ ႏွင့္အတူ ျပည္သူ႔ကာကြယ္ေရးတပ္ေတာ္၏ အလံေတာ္ေအာက္မွာ ခုခံတြန္းလွန္ တိုက္ပြဲဝင္ၾကဖို ဖိတ္ေခၚလိုက္ပါတယ္။ ေတာ္လွန္ေရးအင္အားစုအားလုံးကလည္း ျပည္သူႏွင့္အတူရွိေနၿပီး ကြၽန္ေတာ္တိုနဲ႔အတူ ႐ုန္းထြက္ၾကဖို တိုက္တြန္းအားေပးပါရေစ။

တက္စုံဖြင့္ ႐ြက္ကုန္လႊင့္ရင္း၊ မတရားတဲ့ အမိန္႔အာဏာဟူသမွ် ဖီဆန္ရင္း အတူတိုက္ပြဲဝင္ၾကပါစို႔။ “လာပါ ငါတို႔အတူ ႐ုန္းမယ္”။ အေရးေတာ္ပုံ ေအာင္ကို ေအာင္ရမည္”ဟု ေတာ္လွန္ေရးအဖြဲ႕က တိုက္တြန္း ထုတ္ျပန္ထားသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *