ေဟာ…အခုျဖစ္ရျပန္ၿပီေနာက္တမ်ိဳး မပုတုတို႔ သဇင္ဦးတို႔က တပ္ေတာင္ေ႐ြးၿပီးေနၿပီေလ..မအလ ၾကင္စိုးကလည္း

စစ်မှုမထမ်းမနေရ ဥပဒေအရ စစ်သည်သစ်များ ခေါ်ယူရာတွင် အမျိုးသမီးများကို လတ်တလော ခေါ်ယူရန် အစီအစဉ်မရှိတော့ဟု စစ်ကောင်စီထုတ်ပြန်

■ မင်းအောင်လှိုင်၏ ဆယ်ကျော်သက်အရွယ် မြေးမ ခင်ငြိမ်းချမ်းပြည့်စုံလှိုင် အပါအဝင် မြေးမ ၅ ဦးကြောင့် အမျိုးသမီးများ စစ်မှုထမ်းရန် မခေါ်ဆိုသော အမိန့်ထုတ်ပြန်သလားဟု တပ်တွင်း မေးခွန်းထုတ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

အကြမ်းဖက်စစ်ကောင်စီက ဧပြီလကုန်စတင်မည့် စစ်မှုမထမ်းမနေရ ဥပဒေအရ စစ်သားများ ခေါ်ယူရာတွင် အမျိုးသမီးများကို လတ်တလော ခေါ်ယူရန် အစီအစဉ်မရှိကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြောခွင့်ရ ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းကြောင်း စစ်ကောင်စီက ကြေညာပြီးနောက် ဧပြီလကုန်မှစတင်၍ အပတ်စဉ် ၁ ခေါ်ယူသွားမည်ဖြစ်ကြောင်း၊ အပတ်စဉ် ၅ တွင် အမျိုးသမီးများကို ခေါ်ယူမည်ဖြစ်ကြောင်း၊ လစဉ် ပြည်သူ ၅၀၀၀ နှုန်းကို စစ်သားအဖြစ် ခေါ်ယူပြီး တစ်နှစ်လျှင် ၆၀၀၀၀ ခေါ်ယူမည်ဖြစ်ကြောင်း၊ စစ်မှုထမ်းရန် အကျုံးဝင်သော အမျိုးသမီး ၇ ဒသမ ၇ ရာခိုင်နှုန်းနှင့် အမျိုးသား ၆ ဒသမ ၃ ရာခိုင်နှုန်းရှိသည်ဟု ထုတ်ပြန်ပြောဆိုခဲ့သည်။

သို့ရာတွင် ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက်ဇော်မင်းထွန်းက စစ်မှုထမ်းဥပဒေအရ စစ်သားများ ခေါ်ယူရာတွင် အမျိုးသမီးများကို လတ်တလော ခေါ်ယူရန် အစီအစဉ်မရှိသေးဘဲ အမျိုးသားကိုသာ ခေါ်ယူမည်ဖြစ်ကြောင်း ပြင်ဆင်ပြောဆိုထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်အတွင်းတွင် ထိုသို့ အမျိုးသမီးများကို စစ်မှုထမ်းအဖြစ် မခေါ်ယူတော့ဘဲ ထုတ်ပြန်လာခြင်းသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဆယ်ကျော်သက်အရွယ် မြေးမ ခင်ငြိမ်းချမ်းပြည့်စုံလှိုင် ကြောင့်လားဟု မေးခွန်းထုတ်ကြကြောင်း၊ မင်းအောင်လှိုင်တွင် သားအောင်ပြည့်စုံနှင့် သမီး ခင်သီရိသက်မွန်မှ ပေါက်ဖွားသည့် မြေးမ ၅ ဦးရှိကြောင်း သိရှိရသည်။

မင်းအောင်လှိုင်တွင် သမီးနှင့်သားဖြစ်ကြသည့် ခင်သီရိသက်မွန်၊ အောင်ပြည့်စုံတို့ ရှိကြပြီး သားသမီး ၂ ဦးမှ ပေါက် ဖွားလာသော မြေး ၅ ဦးရှိရာတွင် သားဖြစ်သူ အောင်ပြည့်စုံမှ ပေါက်ဖွားသည့် မြေး ၃ ဦးဖြစ်ကြသည့် ခင်ငြိမ်းချမ်းပြည့်စုံလှိုင်၊ မခင်ဘုန်းမြတ်ပြည့်စုံလှိုင် ၊ မခင်မေတ္တာပြည့်စုံလှိုင်၊ သမီးဖြစ်သူ ခင်သီရိသက်မွန်မှ ပေါက်ဖွားသည့် မြေး ၂ ဦးဖြစ်ကြသည့် ဧကရီသက်မွန်လှိုင်၊ မေဘရဏီသက်မွန်လှိုင်တို့ ရှိကြောင်း၊ မင်းအောင်လှိုင်သည် မြေးများကို အစိုးရ ကျောင်းတွင် မထားဘဲ ရန်ကုန်၊ အင်းယားမြိုင်လမ်း၊ တွင် EMPS ( Excellent Myanmar Private School) ကိုယ်ပိုင် ကျောင်းထူထောင်၍ ထားရှိကြောင်း သိရှိရသည်။

မင်းအောင်လှိုင်၏ မြေးမ ၄ ဦးလုံး တက်ရောက်နေသည့် EMPS သည် ၂၀၁၃ ခုနှစ် တွင်စတင်တည်ထောင်ခဲ့ပြီး ပဒုမ္မာကျောင်းသည် မူလ ပင်မကျောင်းဖြစ်ကြောင်း၊ ယင်းနောက် ၂၀၁၅ ခုနစ်တွင် ရတနာကျောင်းခွဲ ၊၂၀၁၇ ခုနှစ်မေလ တွင် အင်းယားမြိုင် ကျောင်းခွဲများကို ဖွင့်လှစ်ခဲ့ကြောင်း ၊ ထို့ပြင် အင်းယားမြိုင် ရွှေတောင်ကြား ၂ ရပ်ကွက်၊ အမှတ် ၄၈၊ Universal Academy Myanmar (UAM-48) ၊ စော်ဘွားကြီးကုန်း မီးပွိုင့်နားတွင် မင်းဓမ္မ ကျောင်း၊ မန္တလေးက Grand Mandalar School များကိုလည်း တိုးချဲ့ဖွင့်လှစ်ထားကြောင်း သိရှိရသည်။

အဆိုပါကျောင်းတွင် ကျောင်းလခများအနေဖြင့် အနိမ့်ဆုံး အခြေခံ တစ်နှစ်စာအတွက် ၄၆ သိန်းရှိပြီး အခြား ဝတ်စုံစရိတ်အပါအဝင် အခြားစရိတ်များ ပေါင်းက တစ်နှစ်စာ သိန်း ၆၀ မှ ၁၀၀ ဝန်းကျင် အတန်းကိုလိုက်၍ ကျသင့်ကြောင်း၊ မင်းအောင်လှိုင် မြေးမ ၄ ဦးလုံးသည် အင်းယားမြိုင် EMPS-10 တွင် တက်ရောက်နေကြသည်ဟု သိရှိရသည်။

စစ္မႈမထမ္းမေနရ ဥပေဒအရ စစ္သည္သစ္မ်ား ေခၚယူရာတြင္ အမ်ိဳးသမီးမ်ားကို လတ္တေလာ ေခၚယူရန္ အစီအစဥ္မရွိေတာ့ဟု စစ္ေကာင္စီထုတ္ျပန္

■ မင္းေအာင္လႈိင္၏ ဆယ္ေက်ာ္သက္အ႐ြယ္ ေျမးမ ခင္ၿငိမ္းခ်မ္းျပည့္စုံလႈိင္ အပါအဝင္ ေျမးမ ၅ ဦးေၾကာင့္ အမ်ိဳးသမီးမ်ား စစ္မႈထမ္းရန္ မေခၚဆိုေသာ အမိန႔္ထုတ္ျပန္သလားဟု တပ္တြင္း ေမးခြန္းထုတ္

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၁

အၾကမ္းဖက္စစ္ေကာင္စီက ဧၿပီလကုန္စတင္မည့္ စစ္မႈမထမ္းမေနရ ဥပေဒအရ စစ္သားမ်ား ေခၚယူရာတြင္ အမ်ိဳးသမီးမ်ားကို လတ္တေလာ ေခၚယူရန္ အစီအစဥ္မရွိေၾကာင္း အၾကမ္းဖက္စစ္ေကာင္စီ၏ ေျပာခြင့္ရ ေဇာ္မင္းထြန္းက ထုတ္ေဖာ္ေျပာဆိုသည္။

ေဖေဖာ္ဝါရီလ ၁၀ ရက္ေန႔တြင္ စစ္မႈမထမ္းမေနရ ဥပေဒကို အသက္သြင္းေၾကာင္း စစ္ေကာင္စီက ေၾကညာၿပီးေနာက္ ဧၿပီလကုန္မွစတင္၍ အပတ္စဥ္ ၁ ေခၚယူသြားမည္ျဖစ္ေၾကာင္း၊ အပတ္စဥ္ ၅ တြင္ အမ်ိဳးသမီးမ်ားကို ေခၚယူမည္ျဖစ္ေၾကာင္း၊ လစဥ္ ျပည္သူ ၅၀၀၀ ႏႈန္းကို စစ္သားအျဖစ္ ေခၚယူၿပီး တစ္ႏွစ္လွ်င္ ၆၀၀၀၀ ေခၚယူမည္ျဖစ္ေၾကာင္း၊ စစ္မႈထမ္းရန္ အက်ဳံးဝင္ေသာ အမ်ိဳးသမီး ၇ ဒသမ ၇ ရာခိုင္ႏႈန္းႏွင့္ အမ်ိဳးသား ၆ ဒသမ ၃ ရာခိုင္ႏႈန္းရွိသည္ဟု ထုတ္ျပန္ေျပာဆိုခဲ့သည္။

သို႔ရာတြင္ ယမန္ေန႔ ေဖေဖာ္ဝါရီလ ၂၀ ရက္ေန႔ ညပိုင္းတြင္ အၾကမ္းဖက္ေဇာ္မင္းထြန္းက စစ္မႈထမ္းဥပေဒအရ စစ္သားမ်ား ေခၚယူရာတြင္ အမ်ိဳးသမီးမ်ားကို လတ္တေလာ ေခၚယူရန္ အစီအစဥ္မရွိေသးဘဲ အမ်ိဳးသားကိုသာ ေခၚယူမည္ျဖစ္ေၾကာင္း ျပင္ဆင္ေျပာဆိုထုတ္ျပန္သည္။

အၾကမ္းဖက္စစ္ေကာင္စီတပ္အတြင္းတြင္ ထိုသို႔ အမ်ိဳးသမီးမ်ားကို စစ္မႈထမ္းအျဖစ္ မေခၚယူေတာ့ဘဲ ထုတ္ျပန္လာျခင္းသည္ စစ္ေခါင္းေဆာင္ မင္းေအာင္လႈိင္၏ ဆယ္ေက်ာ္သက္အ႐ြယ္ ေျမးမ ခင္ၿငိမ္းခ်မ္းျပည့္စုံလႈိင္ ေၾကာင့္လားဟု ေမးခြန္းထုတ္ၾကေၾကာင္း၊ မင္းေအာင္လႈိင္တြင္ သားေအာင္ျပည့္စုံႏွင့္ သမီး ခင္သီရိသက္မြန္မွ ေပါက္ဖြားသည့္ ေျမးမ ၅ ဦးရွိေၾကာင္း သိရွိရသည္။

မင္းေအာင္လႈိင္တြင္ သမီးႏွင့္သားျဖစ္ၾကသည့္ ခင္သီရိသက္မြန္၊ ေအာင္ျပည့္စုံတို႔ ရွိၾကၿပီး သားသမီး ၂ ဦးမွ ေပါက္ ဖြားလာေသာ ေျမး ၅ ဦးရွိရာတြင္ သားျဖစ္သူ ေအာင္ျပည့္စုံမွ ေပါက္ဖြားသည့္ ေျမး ၃ ဦးျဖစ္ၾကသည့္ ခင္ၿငိမ္းခ်မ္းျပည့္စုံလႈိင္၊ မခင္ဘုန္းျမတ္ျပည့္စုံလႈိင္ ၊ မခင္ေမတၱာျပည့္စုံလႈိင္၊ သမီးျဖစ္သူ ခင္သီရိသက္မြန္မွ ေပါက္ဖြားသည့္ ေျမး ၂ ဦးျဖစ္ၾကသည့္ ဧကရီသက္မြန္လႈိင္၊ ေမဘရဏီသက္မြန္လႈိင္တို႔ ရွိေၾကာင္း၊ မင္းေအာင္လႈိင္သည္ ေျမးမ်ားကို အစိုးရ ေက်ာင္းတြင္ မထားဘဲ ရန္ကုန္၊ အင္းယားၿမိဳင္လမ္း၊ တြင္ EMPS ( Excellent Myanmar Private School) ကိုယ္ပိုင္ ေက်ာင္းထူေထာင္၍ ထားရွိေၾကာင္း သိရွိရသည္။

မင္းေအာင္လႈိင္၏ ေျမးမ ၄ ဦးလုံး တက္ေရာက္ေနသည့္ EMPS သည္ ၂၀၁၃ ခုႏွစ္ တြင္စတင္တည္ေထာင္ခဲ့ၿပီး ပဒုမၼာေက်ာင္းသည္ မူလ ပင္မေက်ာင္းျဖစ္ေၾကာင္း၊ ယင္းေနာက္ ၂၀၁၅ ခုနစ္တြင္ ရတနာေက်ာင္းခြဲ ၊၂၀၁၇ ခုႏွစ္ေမလ တြင္ အင္းယားၿမိဳင္ ေက်ာင္းခြဲမ်ားကို ဖြင့္လွစ္ခဲ့ေၾကာင္း ၊ ထို႔ျပင္ အင္းယားၿမိဳင္ ေ႐ႊေတာင္ၾကား ၂ ရပ္ကြက္၊ အမွတ္ ၄၈၊ Universal Academy Myanmar (UAM-48) ၊ ေစာ္ဘြားႀကီးကုန္း မီးပြိဳင့္နားတြင္ မင္းဓမၼ ေက်ာင္း၊ မႏၲေလးက Grand Mandalar School မ်ားကိုလည္း တိုးခ်ဲ႕ဖြင့္လွစ္ထားေၾကာင္း သိရွိရသည္။

အဆိုပါေက်ာင္းတြင္ ေက်ာင္းလခမ်ားအေနျဖင့္ အနိမ့္ဆုံး အေျခခံ တစ္ႏွစ္စာအတြက္ ၄၆ သိန္းရွိၿပီး အျခား ဝတ္စုံစရိတ္အပါအဝင္ အျခားစရိတ္မ်ား ေပါင္းက တစ္ႏွစ္စာ သိန္း ၆၀ မွ ၁၀၀ ဝန္းက်င္ အတန္းကိုလိုက္၍ က်သင့္ေၾကာင္း၊ မင္းေအာင္လႈိင္ ေျမးမ ၄ ဦးလုံးသည္ အင္းယားၿမိဳင္ EMPS-10 တြင္ တက္ေရာက္ေနၾကသည္ဟု သိရွိရသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *