တပ်မိသားစုဝင် အချင်းချင်း အပေါ်မှာတောင် စစ်တပ်က ဘယ်လောက်အထိ ယုတ်ကန်းလဲ ဆိုတာကို သိချင်ရင် ကြည့်ရှုလိုက်ပါ။

ေအာက္ဆံုးတြင္ ရုပ္သံဖိုင္ပါသည္

“တပ်မိသားစုဝင် အချင်းချင်းကိုတောင် ရက်စက်ခဲ့တဲ့ စစ်တပ်ရဲ့ ယုတ်ကန်းမှု”

ကရင်နီပြည်နယ် ရှားတောတိုက်ပွဲမှာ သေဆုံးခဲ့တဲ့၊ ဖမ်းဆီးရမိခဲ့တဲ့ အကြမ်းဖက် စစ်သားတွေရဲ့ မိသားစုဝင်တွေနဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်တို တခဏတာ တွေ့ဆုံ ပြောခဲ့ကြတဲ့ မှတ်တမ်းလေးပါ။

သူတို ပြောစကားအရ ရှားတောမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရတာ (၂) နှစ်ကျော် ရှိနေပြီး ရေဒီယို၊ တီဗီ ဘာတစ်ခုမှ နားမထောင်ရ မကြည့်ရတဲ့ အတွက် ပြင်ပနဲ့ တလျောက်လုံး အဆက်အသွယ် ပြတ်တောက်နေပြီး ဘာသတင်းမှ မသိရဘူးလို ဆိုပါတယ်။

တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားပြီး လုံးဝ ငတ်ပြတ်လာချိန်မှာ အရာရှိ စစ်သည်တချိုနဲ့ မိသားစုဝင်တွေ အားလုံးက ပြည်သူနဲ့ ပူးပေါင်းချင်ကြပေမယ့် ဗျူဟာမှူးလုပ်သူက လုံးဝ ခွင့်မပြုခဲ့တာကြောင့် မသေသင့်ပဲ သေခဲ့ကြရတဲ့ အသက်တွေ မနည်းခဲ့ဘူး။

အဆိုးဆုံးကတော့ စစ်သည်တွေရဲ့ မိသားစုဝင်တွေကိုပါ တိုက်ပွဲအတွင်းမှာ လက်နက်တိုက်ထဲ ပိတ်လှောင်ထားပြီး ဓားစာခံ လုပ်ထားခဲ့တာပါပဲ။ စစ်သည်မိသားစုဝင်တွေရဲ့ အသက်ကိုတောင် ဒီလို ခုတုံးလုပ်ပြီး ရက်စက်ယုတ်မာ ရမ်းကားခဲ့တဲ့ကောင်တွေက-

စစ်မြေပြင်မှာ တွေ့ရတဲ့ အရပ်သားတွေ၊ ပေါ်တာဆွဲခဲ့တဲ့ ပြည်သူတွေနဲ့ အခု စစ်မှုထမ်း ဆင့်ခေါ်သွားမယ့် ပြည်သူတွေကိုရော ဘယ်လို ထားမယ်ထင်နေလဲ? သေနတ်ပစ်နည်း သင်ပေး၊ ပဲဟင်း အလကားကျွေးပြီး ကြော့ကြော့လေး အိမ်ပြန်လွှတ်မယ် ထင်နေကြလား?

4C ပြောနေရင် အပို ဖြစ်နေမယ်။

တပ်မိသားစုဝင် အချင်းချင်း အပေါ်မှာတောင် စစ်တပ်က ဘယ်လောက်အထိ ယုတ်ကန်းလဲ ဆိုတာကို သိချင်ရင် ကြည့်ရှုလိုက်ပါ။

4C_TruthNews

“တပ္မိသားစုဝင္ အခ်င္းခ်င္းကိုေတာင္ ရက္စက္ခဲ့တဲ့ စစ္တပ္ရဲ႕ ယုတ္ကန္းမႈ”

ကရင္နီျပည္နယ္ ရွားေတာတိုက္ပြဲမွာ ေသဆုံးခဲ့တဲ့၊ ဖမ္းဆီးရမိခဲ့တဲ့ အၾကမ္းဖက္ စစ္သားေတြရဲ႕ မိသားစုဝင္ေတြနဲ႔ ဗိုလ္ႀကီးေဟာင္း ေနမ်ိဳးဇင္တို တခဏတာ ေတြ႕ဆုံ ေျပာခဲ့ၾကတဲ့ မွတ္တမ္းေလးပါ။

သူတို ေျပာစကားအရ ရွားေတာမွာ ဖုန္းလိုင္း၊ အင္တာနက္လိုင္းေတြ ျဖတ္ေတာက္ခံထားရတာ (၂) ႏွစ္ေက်ာ္ ရွိေနၿပီး ေရဒီယို၊ တီဗီ ဘာတစ္ခုမွ နားမေထာင္ရ မၾကည့္ရတဲ့ အတြက္ ျပင္ပနဲ႔ တေလ်ာက္လုံး အဆက္အသြယ္ ျပတ္ေတာက္ေနၿပီး ဘာသတင္းမွ မသိရဘူးလို ဆိုပါတယ္။

တိုက္ပြဲေတြ ဆက္တိုက္ ျဖစ္ပြားၿပီး လုံးဝ ငတ္ျပတ္လာခ်ိန္မွာ အရာရွိ စစ္သည္တခ်ိဳနဲ႔ မိသားစုဝင္ေတြ အားလုံးက ျပည္သူနဲ႔ ပူးေပါင္းခ်င္ၾကေပမယ့္ ဗ်ဴဟာမႉးလုပ္သူက လုံးဝ ခြင့္မျပဳခဲ့တာေၾကာင့္ မေသသင့္ပဲ ေသခဲ့ၾကရတဲ့ အသက္ေတြ မနည္းခဲ့ဘူး။

အဆိုးဆုံးကေတာ့ စစ္သည္ေတြရဲ႕ မိသားစုဝင္ေတြကိုပါ တိုက္ပြဲအတြင္းမွာ လက္နက္တိုက္ထဲ ပိတ္ေလွာင္ထားၿပီး ဓားစာခံ လုပ္ထားခဲ့တာပါပဲ။ စစ္သည္မိသားစုဝင္ေတြရဲ႕ အသက္ကိုေတာင္ ဒီလို ခုတုံးလုပ္ၿပီး ရက္စက္ယုတ္မာ ရမ္းကားခဲ့တဲ့ေကာင္ေတြက-

စစ္ေျမျပင္မွာ ေတြ႕ရတဲ့ အရပ္သားေတြ၊ ေပၚတာဆြဲခဲ့တဲ့ ျပည္သူေတြနဲ႔ အခု စစ္မႈထမ္း ဆင့္ေခၚသြားမယ့္ ျပည္သူေတြကိုေရာ ဘယ္လို ထားမယ္ထင္ေနလဲ? ေသနတ္ပစ္နည္း သင္ေပး၊ ပဲဟင္း အလကားေကြၽးၿပီး ေၾကာ့ေၾကာ့ေလး အိမ္ျပန္လႊတ္မယ္ ထင္ေနၾကလား?

4C ေျပာေနရင္ အပို ျဖစ္ေနမယ္။

တပ္မိသားစုဝင္ အခ်င္းခ်င္း အေပၚမွာေတာင္ စစ္တပ္က ဘယ္ေလာက္အထိ ယုတ္ကန္းလဲ ဆိုတာကို သိခ်င္ရင္ ၾကည့္ရႈလိုက္ပါ။

4C_TruthNews

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *