အမေလး…သီခ်င္းနဲ႔က လုံးဝလိုက္ဖက္ေနမႈႀကီး….စခ ေတြကို ႀကိဳးတစ္ေခ်ာင္းထဲ ထိမ္းတာဟ

ရွေးချယ်စရာ လမ်း ကုန်သွားပြီ ဖြစ်

ပြည်သူများသည် မည်သို့ပင် အပူရုပ်ကို ဟန်လုပ်၍ သွားလာ လုပ်ကိုင်နေကြရသော်လည်း ၎င်းတို့ ၏ အတွေးထဲတွင် ရှိနေသော သေရေးရှင်ရေး ပြဿနာကြီးကား မည်သို့ မျှ ဖျောက်ဖျက်၍ ရနိုင်ကြမည် မဟုတ်ပေ။

ထိုအရေးကား မိမိတို့ အား တနေ့တခြား ရေနည်းငါး ပမာ လူ ပီပီ မနေနိုင်အောင် သုံးနှစ်နီးပါး သေနတ်ပြ အုပ်ချုပ်နေကြသည့် စစ်အာဏာရှင် များ သက်ဆိုးရှေနေခြင်းပင် ဖြစ်သည်။ ၎င်းတို့နှင့် အလိုက်သင့် အလျားသင့် နေထိုင်သွားဖို့ တွေးမိကြပြန်သော်လည်း တနေ့တခြား တိုး၍ တိုး၍ ဖိနှိပ်လာနေမှု များ ကြောင့် မွန်းကျပ်သည်ထက် ကျပ်လာနေကြပြီ ဖြစ်သည်။ လွတ်လပ်စွာ နေထိုင် လုပ်ကိုင်ခွင့် ရမည့် နေ့များ ကိုသာ အိမ်မက် အဖြစ် ဖက်တွယ်နေကြဆဲပင် ဖြစ်သည်။

ယခု လည်း မိမိတို့ ရင်သွေးများ ကို စစ်ဝတ်စုံ နှင့် ထောင် ဝတ်စုံ ဘယ်ဟာ ရွေးမည်နည်း ဟု ဗြောင်ကျကျ ပင် မေးခွန်းထုတ်လာကြပြီ ဖြစ်သည်။
ယင်းနှင့် အတူ နိုင်ငံ မှ ထွက်ခွာ နိုင်မည့် လေဆိပ် နှင့် နယ်ခြားဂိတ်များ တွင် ၎င်းတို့ ၏ ထွက်ခွင့် လက်မှတ် ပါမှ သွား၍ ရမည် ဆိုကာ တင်းကျပ်စွာ စစ်ဆေးမှုများ ပြုလုပ်လာနေပြီ ဖြစ်သည်။ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများ အားလည်း လုပ်ငန်းများ ရပ်စဲရန် ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က ညွှန်ကြားချက် ထုတ်ပြန်လာခဲ့သည်။

ထိုင်း နိုင်ငံ အတွင်း လက်မှတ်ရ လက်မှတ်မဲ့ ရွှေ့ပြောင်း အလုပ်သမား ငါးသန်းခန့် ရှိနေပြီ ဖြစ်၍ ထပ်မံ၍ အစုလိုက် အပြုံလိုက် ရောက်ရှိလာမည့် အရေးကို စိုးရိမ်ပူပန် လာပြီ ဖြစ်သည်။စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းမှ “အခြေအနေအရ လိုအပ်၍” ဟု ပြောလာသော်လည်း ၎င်းတို့ ၏ လုပ်ရပ်သည် ပြည်သူတော်လှန်ရေး တပ်မတော် အတွက်ပါ လူသစ် စုဆောင်းပေးသလို ဖြစ်သွားခဲ့ရသည်။

စစ်မှုထမ်း သက်ရှိသူ အမျိုးသား ၆.၆ သန်း၊ အမျိုးသမီး ၇.၇ သန်း ရှိသည့် အနက် တလ လျှင် လူ ငါးထောင် နှုန်းဖြင့် တနှစ်အတွက် ခြောက်သောင်း ခေါ်ယူသွားမည် ဖြစ်ပြီး အမျိုးသမီးများကို ပဉ္စမ အသုတ် မှ စတင် ခေါ်ယူမည် ဖြစ်သည်ဟု ဆိုသည်။သို့သော် လူငယ်များ ဝင်ရောက်ရမည့် တပ်သည် မည်သို့မျှ စိတ်အား တက်ကြွဖွယ် မရှိ၊ အဖက်ဖက်မှ ကျရှုံးပြီး မြို့ရွာ များကို မီးရှို့ လုယက်၊ မုဒိမ်းကျင့်၊ ပြည်သူများကို သတ်ဖြတ် နေကြသည့်အပြင် လက်နက်ချသူချ၊ တဖက်နိုင်ငံများသို့ ထွက်ပြေး ကြ နှင့် ဖြစ်ချင်တိုင်း ဖြစ်နေသည်ကိုလည်း အတိုင်းသား တွေ့မြင်နေကြရသည်။
ပုံတွင် ဘင်္ဂလားဒေ့ရှ် သို့ ထွက်ပြေးသွားကြသော စစ်ကောင်စီ တပ်သား ၃၃၀ အား ကောက်ဘဇား ရှိ ရေတပ် ဆိပ်ကမ်း မှ တဆင့် မြစ်ကြောင်း အတိုင်း ပင်လယ်ပြင်တွင် စောင့်ဆိုင်းနေသော မြန်မာရေတပ် သင်္ဘော ထံ ပို့ဆောင်ပေးပြီး ထိုမှတဆင့် စစ်တွေသို့ ပို့ဆောင်ပေးရန် ခေါ်ဆောင်လာသည်ကို တွေ့နိုင်ပေသည်။

စစ်တပ်၏ စစ်ထဲ မဝင်မနေရ ဥပဒေသည် နဂိုကတည်းက နိုင်ငံရေး တွင် မပါဝင်ပဲ ကင်းကင်း နေခဲ့သော လူငယ်များ အတွက် ကြီးမားသော စိန်ခေါ်မှု ကြီး ဖြစ်လာခဲ့ရသည်ဟု နိုင်ငံရေး အကျဉ်းသား အကူအညီပေးရေး အဖွဲ့ ဦးဘိုကြည်က ဆိုသည်။ ထိုအရေး သည် သန်းပေါင်းများစွာသော မိသားစုဝင်များ နှင့် တိုင်းပြည် ၏ ကုန်ထုတ် လုပ်အားများ ဆုံးရှုံးသွားရမည့် အရေးလည်း ဖြစ်သည်။

RFA တွင် ပါရှိသော သတင်းအရ ၎င်းတို့ ယုံကြည်ရလောက်သည်ဟု ယူဆသော ဧရာဝတီ တိုင်း အတွင်း ရှိ ကျုံပျော်၊ မြန်အောင်၊ ကြံ့ခင်း၊ ကျိုက်လတ် နှင့် မော်လမြိုင်ကျွန်း မြို့များတွင် မဲ စနစ် ဖြင့် လူခေါ်နေပြီး၊ မဲပေါက် ပြီး မဝင်လိုက ကျပ် ဆယ်သိန်း ပေးရမည်ဟု သိရသည်။အမျိုးသား ညီညွတ်‌ရေး အစိုးရ ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ် မှ မိမိတို့ တော်လှန်ရေး မဟာမိတ် တပ်များ ထိန်းချုပ်ထားပြီးသား မြို့ပေါင်း ၄၄ မြို့ အပြင် တိုင်းရင်းသား ဒေသများလည်း ရှိပြီး ရောက်လာမည် ဆိုက ကူညီရန် ပြင်ဆင်မှုများ ပြုလုပ်ထားပြီး ဖြစ်သည်ဟု ဆိုသည်။

စစ်တပ်သည် လူငယ်များ နှင့် ပင် မလုံလောက်သေးပဲ အငြိမ်းစား စစ်ဝန်ထမ်း များကို ပါ အရံ တပ် အဖြစ် ခေါ်ယူ ဖွဲ့စည်းရန် ဥပဒေ ပြဋ္ဌာန်းလာပြီ ဖြစ်သည်။၎င်းကိုယ်တိုင်ပင် ရှေ့တန်း စစ်ဌာနချုပ်များသို့ သွားရဲခြင်း မရှိပါပဲလျက် ထိုသို့ တမျိုးသားလုံး အား မီးလောင် တိုက်သွင်း လာနေသည့် လုပ်ရပ်အပေါ် တနိုင်ငံလုံးက ဒေါသ အမျက်ချောင်းချောင်း ထွက်နေကြသည်ကို ရိပ်စားမိလာ၍လည်း စစ်မှုထမ်း ဥပဒေ ထောက်ခံပွဲများ မြို့တိုင်းတွင် ပြုလုပ်ရမည်ဟု စေခိုင်းလာပြန်သည်။

ယခုအခါ တိုက်စွမ်းရည် ပြည့်ဝနေ၍ မည်သို့ မျှ အောင်မြင်နိုင်မည် မဟုတ်ဟု နိုင်ငံတကာမှ ယူဆနေသည့် ကြားမှ အဆိုပါ တပ်ကြီး အား ဂျုန်းဂျုန်းကျ ဖွတ်ဖွတ်ညက်ညက်ကြေအောင် တိုက်ခိုက်ပြနိုင်ခဲ့ကြ၍လည်း မင်းအောင်လှိုင်သည် အလွန်တရာ ထိတ်လန့်ကာ သွေးရူးသွေးတန်း ဖြစ်လာနေ၍ ၎င်းအတွက် လွန်စွာ အန္တရာယ်များလှသည့် “သူမသေ၊ ကိုယ်သေ” ဆိုသော လောင်းကြေး ကို ထပ်၍ စွန့်စားလိုက်ခြင်း ဖြစ်သည်ကိုလည်း သဘောပေါက်ကြရမည် ဖြစ်သည်။

၎င်းတို့၏ အာဏာ စည်းစိမ် တည်မြဲရေး ကွက်ကွက်လောက်လေးကိုသာ မျက်မွေး တဆုံး ကြည့်၍ အတောမသတ် နိုင်သော လောဘဖြင့် မြန်မာ တမျိုးသားလုံး အကျိုးမဲ့ သေကြေ ပျက်စီးရမည့် လမ်းကို ပြောင်ပြောင်ကြီး ရွေးချယ်လိုက်ပြီ ဖြစ်၍ ပြည်သူများ အဖို့ အခြား ရွေးချယ်စရာ လမ်းမရှိတော့။လက်ရှိ ပြည်သူ့တော်လှန်ရေး မဟာမိတ် တပ်ပေါင်းစုကြီးတွင် ဗမာ၊ ရခိုင်၊ မွန်၊ ပအိုင့်၊ တအောင်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း အစရှိသော မြန်မာ တမျိုးသားလုံး လက်တွဲ ပါဝင်လာနေကြပြီ ဖြစ်သည်။

သို့ဖြစ်၍ မိမိတို့ တမျိုးသားလုံး အညှင်းဆဲ အနှိပ်ကွပ် ခံ ဘဝမှ လွတ်မြောက်ရေး အတွက် ပြည်သူတရပ်လုံး စွဲမြဲ ခိုင်မာသော ယုံကြည် မျှော်လင့်ချက် ဖြင့် အကြီးမားဆုံး ရန်သူ ကြီး ဖြစ်သည့် စစ်အာဏာရှင်များအား ဆက်လက် တိုက်ခိုက် နိုင်မှသာ ဖြစ်ပေတော့မည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

ေ႐ြးခ်ယ္စရာ လမ္း ကုန္သြားၿပီ ျဖစ္

ျပည္သူမ်ားသည္ မည္သို႔ပင္ အပူ႐ုပ္ကို ဟန္လုပ္၍ သြားလာ လုပ္ကိုင္ေနၾကရေသာ္လည္း ၎တို႔ ၏ အေတြးထဲတြင္ ရွိေနေသာ ေသေရးရွင္ေရး ျပႆနာႀကီးကား မည္သို႔ မွ် ေဖ်ာက္ဖ်က္၍ ရႏိုင္ၾကမည္ မဟုတ္ေပ။

ထိုအေရးကား မိမိတို႔ အား တေန႔တျခား ေရနည္းငါး ပမာ လူ ပီပီ မေနႏိုင္ေအာင္ သုံးႏွစ္နီးပါး ေသနတ္ျပ အုပ္ခ်ဳပ္ေနၾကသည့္ စစ္အာဏာရွင္ မ်ား သက္ဆိုးေရွေနျခင္းပင္ ျဖစ္သည္။ ၎တို႔ႏွင့္ အလိုက္သင့္ အလ်ားသင့္ ေနထိုင္သြားဖို႔ ေတြးမိၾကျပန္ေသာ္လည္း တေန႔တျခား တိုး၍ တိုး၍ ဖိႏွိပ္လာေနမႈ မ်ား ေၾကာင့္ မြန္းက်ပ္သည္ထက္ က်ပ္လာေနၾကၿပီ ျဖစ္သည္။ လြတ္လပ္စြာ ေနထိုင္ လုပ္ကိုင္ခြင့္ ရမည့္ ေန႔မ်ား ကိုသာ အိမ္မက္ အျဖစ္ ဖက္တြယ္ေနၾကဆဲပင္ ျဖစ္သည္။

ယခု လည္း မိမိတို႔ ရင္ေသြးမ်ား ကို စစ္ဝတ္စုံ ႏွင့္ ေထာင္ ဝတ္စုံ ဘယ္ဟာ ေ႐ြးမည္နည္း ဟု ေျဗာင္က်က် ပင္ ေမးခြန္းထုတ္လာၾကၿပီ ျဖစ္သည္။
ယင္းႏွင့္ အတူ ႏိုင္ငံ မွ ထြက္ခြာ ႏိုင္မည့္ ေလဆိပ္ ႏွင့္ နယ္ျခားဂိတ္မ်ား တြင္ ၎တို႔ ၏ ထြက္ခြင့္ လက္မွတ္ ပါမွ သြား၍ ရမည္ ဆိုကာ တင္းက်ပ္စြာ စစ္ေဆးမႈမ်ား ျပဳလုပ္လာေနၿပီ ျဖစ္သည္။ ျပည္ပ အလုပ္အကိုင္ ရွာေဖြေရး ေအဂ်င္စီမ်ား အားလည္း လုပ္ငန္းမ်ား ရပ္စဲရန္ ေဖေဖၚဝါရီ ၁၃ ရက္ေန႔က ၫႊန္ၾကားခ်က္ ထုတ္ျပန္လာခဲ့သည္။

ထိုင္း ႏိုင္ငံ အတြင္း လက္မွတ္ရ လက္မွတ္မဲ့ ေ႐ႊ႕ေျပာင္း အလုပ္သမား ငါးသန္းခန္႔ ရွိေနၿပီ ျဖစ္၍ ထပ္မံ၍ အစုလိုက္ အၿပဳံလိုက္ ေရာက္ရွိလာမည့္ အေရးကို စိုးရိမ္ပူပန္ လာၿပီ ျဖစ္သည္။စစ္ေကာင္စီ ေျပာခြင့္ရ ေဇာ္မင္းထြန္းမွ “အေျခအေနအရ လိုအပ္၍” ဟု ေျပာလာေသာ္လည္း ၎တို႔ ၏ လုပ္ရပ္သည္ ျပည္သူေတာ္လွန္ေရး တပ္မေတာ္ အတြက္ပါ လူသစ္ စုေဆာင္းေပးသလို ျဖစ္သြားခဲ့ရသည္။

စစ္မႈထမ္း သက္ရွိသူ အမ်ိဳးသား ၆.၆ သန္း၊ အမ်ိဳးသမီး ၇.၇ သန္း ရွိသည့္ အနက္ တလ လွ်င္ လူ ငါးေထာင္ ႏႈန္းျဖင့္ တႏွစ္အတြက္ ေျခာက္ေသာင္း ေခၚယူသြားမည္ ျဖစ္ၿပီး အမ်ိဳးသမီးမ်ားကို ပၪၥမ အသုတ္ မွ စတင္ ေခၚယူမည္ ျဖစ္သည္ဟု ဆိုသည္။သို႔ေသာ္ လူငယ္မ်ား ဝင္ေရာက္ရမည့္ တပ္သည္ မည္သို႔မွ် စိတ္အား တက္ႂကြဖြယ္ မရွိ၊ အဖက္ဖက္မွ က်ရႈံးၿပီး ၿမိဳ႕႐ြာ မ်ားကို မီးရႈိ႕ လုယက္၊ မုဒိမ္းက်င့္၊ ျပည္သူမ်ားကို သတ္ျဖတ္ ေနၾကသည့္အျပင္ လက္နက္ခ်သူခ်၊ တဖက္ႏိုင္ငံမ်ားသို႔ ထြက္ေျပး ၾက ႏွင့္ ျဖစ္ခ်င္တိုင္း ျဖစ္ေနသည္ကိုလည္း အတိုင္းသား ေတြ႕ျမင္ေနၾကရသည္။
ပုံတြင္ ဘဂၤလားေဒ့ရွ္ သို႔ ထြက္ေျပးသြားၾကေသာ စစ္ေကာင္စီ တပ္သား ၃၃၀ အား ေကာက္ဘဇား ရွိ ေရတပ္ ဆိပ္ကမ္း မွ တဆင့္ ျမစ္ေၾကာင္း အတိုင္း ပင္လယ္ျပင္တြင္ ေစာင့္ဆိုင္းေနေသာ ျမန္မာေရတပ္ သေဘၤာ ထံ ပို႔ေဆာင္ေပးၿပီး ထိုမွတဆင့္ စစ္ေတြသို႔ ပို႔ေဆာင္ေပးရန္ ေခၚေဆာင္လာသည္ကို ေတြ႕ႏိုင္ေပသည္။

စစ္တပ္၏ စစ္ထဲ မဝင္မေနရ ဥပေဒသည္ နဂိုကတည္းက ႏိုင္ငံေရး တြင္ မပါဝင္ပဲ ကင္းကင္း ေနခဲ့ေသာ လူငယ္မ်ား အတြက္ ႀကီးမားေသာ စိန္ေခၚမႈ ႀကီး ျဖစ္လာခဲ့ရသည္ဟု ႏိုင္ငံေရး အက်ဥ္းသား အကူအညီေပးေရး အဖြဲ႕ ဦးဘိုၾကည္က ဆိုသည္။ ထိုအေရး သည္ သန္းေပါင္းမ်ားစြာေသာ မိသားစုဝင္မ်ား ႏွင့္ တိုင္းျပည္ ၏ ကုန္ထုတ္ လုပ္အားမ်ား ဆုံးရႈံးသြားရမည့္ အေရးလည္း ျဖစ္သည္။

RFA တြင္ ပါရွိေသာ သတင္းအရ ၎တို႔ ယုံၾကည္ရေလာက္သည္ဟု ယူဆေသာ ဧရာဝတီ တိုင္း အတြင္း ရွိ က်ဳံေပ်ာ္၊ ျမန္ေအာင္၊ ႀကံ့ခင္း၊ က်ိဳက္လတ္ ႏွင့္ ေမာ္လၿမိဳင္ကြၽန္း ၿမိဳ႕မ်ားတြင္ မဲ စနစ္ ျဖင့္ လူေခၚေနၿပီး၊ မဲေပါက္ ၿပီး မဝင္လိုက က်ပ္ ဆယ္သိန္း ေပးရမည္ဟု သိရသည္။အမ်ိဳးသား ညီၫြတ္‌ေရး အစိုးရ ဝန္ႀကီးခ်ဳပ္႐ုံး ေျပာခြင့္ရ ဦးေနဘုန္းလတ္ မွ မိမိတို႔ ေတာ္လွန္ေရး မဟာမိတ္ တပ္မ်ား ထိန္းခ်ဳပ္ထားၿပီးသား ၿမိဳ႕ေပါင္း ၄၄ ၿမိဳ႕ အျပင္ တိုင္းရင္းသား ေဒသမ်ားလည္း ရွိၿပီး ေရာက္လာမည္ ဆိုက ကူညီရန္ ျပင္ဆင္မႈမ်ား ျပဳလုပ္ထားၿပီး ျဖစ္သည္ဟု ဆိုသည္။

စစ္တပ္သည္ လူငယ္မ်ား ႏွင့္ ပင္ မလုံေလာက္ေသးပဲ အၿငိမ္းစား စစ္ဝန္ထမ္း မ်ားကို ပါ အရံ တပ္ အျဖစ္ ေခၚယူ ဖြဲ႕စည္းရန္ ဥပေဒ ျပ႒ာန္းလာၿပီ ျဖစ္သည္။၎ကိုယ္တိုင္ပင္ ေရွ႕တန္း စစ္ဌာနခ်ဳပ္မ်ားသို႔ သြားရဲျခင္း မရွိပါပဲလ်က္ ထိုသို႔ တမ်ိဳးသားလုံး အား မီးေလာင္ တိုက္သြင္း လာေနသည့္ လုပ္ရပ္အေပၚ တႏိုင္ငံလုံးက ေဒါသ အမ်က္ေခ်ာင္းေခ်ာင္း ထြက္ေနၾကသည္ကို ရိပ္စားမိလာ၍လည္း စစ္မႈထမ္း ဥပေဒ ေထာက္ခံပြဲမ်ား ၿမိဳ႕တိုင္းတြင္ ျပဳလုပ္ရမည္ဟု ေစခိုင္းလာျပန္သည္။

ယခုအခါ တိုက္စြမ္းရည္ ျပည့္ဝေန၍ မည္သို႔ မွ် ေအာင္ျမင္ႏိုင္မည္ မဟုတ္ဟု ႏိုင္ငံတကာမွ ယူဆေနသည့္ ၾကားမွ အဆိုပါ တပ္ႀကီး အား ဂ်ဳန္းဂ်ဳန္းက် ဖြတ္ဖြတ္ညက္ညက္ေၾကေအာင္ တိုက္ခိုက္ျပႏိုင္ခဲ့ၾက၍လည္း မင္းေအာင္လႈိင္သည္ အလြန္တရာ ထိတ္လန႔္ကာ ေသြး႐ူးေသြးတန္း ျဖစ္လာေန၍ ၎အတြက္ လြန္စြာ အႏၲရာယ္မ်ားလွသည့္ “သူမေသ၊ ကိုယ္ေသ” ဆိုေသာ ေလာင္းေၾကး ကို ထပ္၍ စြန႔္စားလိုက္ျခင္း ျဖစ္သည္ကိုလည္း သေဘာေပါက္ၾကရမည္ ျဖစ္သည္။

၎တို႔၏ အာဏာ စည္းစိမ္ တည္ၿမဲေရး ကြက္ကြက္ေလာက္ေလးကိုသာ မ်က္ေမြး တဆုံး ၾကည့္၍ အေတာမသတ္ ႏိုင္ေသာ ေလာဘျဖင့္ ျမန္မာ တမ်ိဳးသားလုံး အက်ိဳးမဲ့ ေသေၾက ပ်က္စီးရမည့္ လမ္းကို ေျပာင္ေျပာင္ႀကီး ေ႐ြးခ်ယ္လိုက္ၿပီ ျဖစ္၍ ျပည္သူမ်ား အဖို႔ အျခား ေ႐ြးခ်ယ္စရာ လမ္းမရွိေတာ့။လက္ရွိ ျပည္သူ႔ေတာ္လွန္ေရး မဟာမိတ္ တပ္ေပါင္းစုႀကီးတြင္ ဗမာ၊ ရခိုင္၊ မြန္၊ ပအိုင့္၊ တေအာင္း၊ ကခ်င္၊ ကရင္၊ ကရင္နီ၊ ခ်င္း အစရွိေသာ ျမန္မာ တမ်ိဳးသားလုံး လက္တြဲ ပါဝင္လာေနၾကၿပီ ျဖစ္သည္။

သို႔ျဖစ္၍ မိမိတို႔ တမ်ိဳးသားလုံး အညႇင္းဆဲ အႏွိပ္ကြပ္ ခံ ဘဝမွ လြတ္ေျမာက္ေရး အတြက္ ျပည္သူတရပ္လုံး စြဲၿမဲ ခိုင္မာေသာ ယုံၾကည္ ေမွ်ာ္လင့္ခ်က္ ျဖင့္ အႀကီးမားဆုံး ရန္သူ ႀကီး ျဖစ္သည့္ စစ္အာဏာရွင္မ်ားအား ဆက္လက္ တိုက္ခိုက္ ႏိုင္မွသာ ျဖစ္ေပေတာ့မည္။

ျပည္သူတို႔၏ ခုခံ တြန္းလွန္စစ္ မုခ် ေအာင္ရမည္!!!

 

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *