သက်တော်နှင့် ဝါတော် အကြီးဆုံးဖြစ်သည့် ဆရာတော်ၾကီး စစ်ဘေး တိမ်းရှောင်ရင်း ပျံလွန်တော်မူ

ကောလင်းမြို့နယ်တွင် သက်တော်နှင့် ဝါတော် အကြီးဆုံးဖြစ်သည့် ဆရာတော် အရှင်စန္ဒိဝံသ စစ်ဘေး တိမ်းရှောင်ရင်း ပျံလွန်တော်မူ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် အောင်သပြေရပ်ကွက် လေသာကျောင်း ဆရာတော် သက်တော် ၉၈ နှစ် ၊ ဝါတော် ၇၈ ဝါရှိ အရှင်စန္ဒိဝံသသည် ဥမင်ကုန်းရွာတွင် စစ်ဘေးရှောင်စဉ် ပျံလွန်တော်မူသွားကြောင်း Kawlin info မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဆရာတော် ဦးစန္ဒိဝံသသည် ကောလင်းမြို့နယ်အတွင်း သက်တော်နှင့် ဝါတော် အကြီးဆုံးဖြစ်ပြီး ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် စစ်ဘေးရှောင်ရင်း ပျံလွန်တော်မူသွားခြင်း ဖြစ်ကြောင်း သိရသည်။

“ဖေဖော်ဝါရီလ ၄ ရက်နေ့ ကောလင်းမှာ တိုက်ပွဲ စဖြစ်တော့ ရှောင်ရတာပါ”ဟု Kawlin Info မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက် စစ်တပ်သည် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကိုးတောင်ဘို့မှ ကောလင်းသို့ စစ်ကြောင်းထိုးခဲ့ခြင်း ဖြစ်ပြီး တော်လှန်ရေးအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊

အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် ပြည်သူ အများအပြား စစ်ရှောင်ကြရာတွင် ဆရာတော် ဦးစန္ဒိဝံသ လည်း အပါအဝင်ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် စစ်ဘေးရှောင်နေရင်း ပျံလွန်တော်မူခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ေကာလင္းၿမိဳ႕နယ္တြင္ သက္ေတာ္ႏွင့္ ဝါေတာ္ အႀကီးဆုံးျဖစ္သည့္ ဆရာေတာ္ အရွင္စႏၵိဝံသ စစ္ေဘး တိမ္းေရွာင္ရင္း ပ်ံလြန္ေတာ္မူ

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၀

စစ္ကိုင္းတိုင္း၊ ေကာလင္းၿမိဳ႕နယ္ ေအာင္သေျပရပ္ကြက္ ေလသာေက်ာင္း ဆရာေတာ္ သက္ေတာ္ ၉၈ ႏွစ္ ၊ ဝါေတာ္ ၇၈ ဝါရွိ အရွင္စႏၵိဝံသသည္ ဥမင္ကုန္း႐ြာတြင္ စစ္ေဘးေရွာင္စဥ္ ပ်ံလြန္ေတာ္မူသြားေၾကာင္း Kawlin info မွ တာဝန္ရွိသူ တစ္ဦးက ရန္ကုန္ေခတ္သစ္ မီဒီယာသို႔ ေျပာဆိုသည္။

ဆရာေတာ္ ဦးစႏၵိဝံသသည္ ေကာလင္းၿမိဳ႕နယ္အတြင္း သက္ေတာ္ႏွင့္ ဝါေတာ္ အႀကီးဆုံးျဖစ္ၿပီး ေဖေဖာ္ဝါရီ ၁၈ ရက္ေန႔တြင္ စစ္ေဘးေရွာင္ရင္း ပ်ံလြန္ေတာ္မူသြားျခင္း ျဖစ္ေၾကာင္း သိရသည္။

“ေဖေဖာ္ဝါရီလ ၄ ရက္ေန႔ ေကာလင္းမွာ တိုက္ပြဲ စျဖစ္ေတာ့ ေရွာင္ရတာပါ”ဟု Kawlin Info မွ တာဝန္ရွိသူက ရန္ကုန္ေခတ္သစ္သတင္းဌာနသို႔ ေျပာၾကားသည္။

အၾကမ္းဖက္ စစ္တပ္သည္ ေဖေဖာ္ဝါရီလ ၄ ရက္ေန႔တြင္ ကိုးေတာင္ဘို႔မွ ေကာလင္းသို႔ စစ္ေၾကာင္းထိုးခဲ့ျခင္း ျဖစ္ၿပီး ေတာ္လွန္ေရးအဖြဲ႕မ်ားႏွင့္ ထိေတြ႕တိုက္ပြဲမ်ား ျဖစ္ပြားခဲ့ေၾကာင္း၊

အၾကမ္းဖက္စစ္တပ္၏ စစ္ေၾကာင္းထိုးမႈေၾကာင့္ ျပည္သူ အမ်ားအျပား စစ္ေရွာင္ၾကရာတြင္ ဆရာေတာ္ ဦးစႏၵိဝံသ လည္း အပါအဝင္ျဖစ္ၿပီး ေဖေဖာ္ဝါရီလ ၁၈ ရက္ေန႔တြင္ စစ္ေဘးေရွာင္ေနရင္း ပ်ံလြန္ေတာ္မူခဲ့ျခင္း ျဖစ္ေၾကာင္း သိရွိရသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *