အယ်😮 ကုန်းကြောင်းမှာလဲပဲ ထိန်းချုပ်လိုက်ပြန်ပြီတဲ့

ကျောက်တော်မြို့ကို ထိန်းချုပ်ထားကြောင်း AA ထုတ်ပြန်

စစ်ကောင်စီတပ်ရဲ့ အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၉) အခြေစိုက်ရာ ကျောက်တော်မြို့ကို ရက္ခိုင့်တပ်တော် (AA) က အပြီးသတ်ထိန်းချုပ်ထားကြောင့် ဖေဖော်ဝါရီ ၁၃ ရက်မနေ့ညက ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ပါတယ်။

(AA) တပ်သားတွေဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကျောက်တော်တပ်နယ်၊ မြို့နယ်တရားရုံး၊ မြို့မရဲစခန်း အပြင် တခြား စစ်ကောင်စီရုံးတွေနဲ့ ကစ္ဆပနဒီတံတားပေါ်မှာ နေရာယူထားတာကို တွေ့ရပါတယ်။

ကျောက်တော်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းအားလုံးနဲ့ မြို့ကိုပါ ဖေဖော်ဝါရီလ ၆ ရက်ကစပြီး သိမ်းပိုက်ခဲ့သလို စစ်ကောင်စီရေတပ်ရဲ့ ကမ်းထိုးဇက်ရေယာဉ်သုံးစင်းကိုပါ နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မြို့ကို (AA) က ထိန်းချုပ်ထားပေမယ့် စစ်ကောင်စီတပ်ရဲ့ လေကြောင်းအန္တရာယ် စိုးရိမ်ရသေးတာကြောင့် ဒေသခံတချို့ကတော့ မြို့ထဲမလာရဲကြသေးဘူးလို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်ကလည်း ကျောက်တော်မြို့ကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ လာရောက် ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်နေတာ သုံးလရှိပြီဖြစ်ပြီး ပေါက်တော၊ မင်းပြား၊ မြောက်ဦးနဲ့ ကျောက်တော်၊ မောင်တောနဲ့ တောင်ပြိုမြို့တွေအပြင် ချင်းပြည်နယ် ပလက်၀မြို့ကိုပါ (AA) က သိမ်းပိုက်ထားပါတယ်။

ေက်ာက္ေတာ္ၿမိဳ႕ကို ထိန္းခ်ဳပ္ထားေၾကာင္း AA ထုတ္ျပန္

စစ္ေကာင္စီတပ္ရဲ့ အမွတ္ (၉) စစ္ဆင္ေရးကြပ္ကဲမႈဌာနခ်ဳပ္ (စကခ-၉) အေျခစိုက္ရာ ေက်ာက္ေတာ္ၿမိဳ႕ကို ရကၡိဳင့္တပ္ေတာ္ (AA) က အၿပီးသတ္ထိန္းခ်ဳပ္ထားေၾကာင့္ ေဖေဖာ္ဝါရီ ၁၃ ရက္မေန႔ညက ဓာတ္ပုံေတြနဲ႔အတူ ထုတ္ျပန္ပါတယ္။

(AA) တပ္သားေတြဟာ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ ေက်ာက္ေတာ္တပ္နယ္၊ ၿမိဳ႕နယ္တရား႐ုံး၊ ၿမိဳ႕မရဲစခန္း အျပင္ တျခား စစ္ေကာင္စီ႐ုံးေတြနဲ႔ ကစၧပနဒီတံတားေပၚမွာ ေနရာယူထားတာကို ေတြ႕ရပါတယ္။

ေက်ာက္ေတာ္ၿမိဳ႕မွာရွိတဲ့ စစ္ေကာင္စီတပ္ရင္းအားလုံးနဲ႔ ၿမိဳ႕ကိုပါ ေဖေဖာ္ဝါရီလ ၆ ရက္ကစၿပီး သိမ္းပိုက္ခဲ့သလို စစ္ေကာင္စီေရတပ္ရဲ့ ကမ္းထိုးဇက္ေရယာဥ္သုံးစင္းကိုပါ နစ္ျမဳပ္ေအာင္ တိုက္ခိုက္နိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

ၿမိဳ႕ကို (AA) က ထိန္းခ်ဳပ္ထားေပမယ့္ စစ္ေကာင္စီတပ္ရဲ့ ေလေၾကာင္းအႏၲရာယ္ စိုးရိမ္ရေသးတာေၾကာင့္ ေဒသခံတခ်ိဳ႕ကေတာ့ ၿမိဳ႕ထဲမလာရဲၾကေသးဘူးလို႔ ေျပာပါတယ္။

ေဖေဖာ္ဝါရီ ၁၁ ရက္ကလည္း ေက်ာက္ေတာ္ၿမိဳ႕ကို စစ္ေကာင္စီတပ္က ဂ်က္တိုက္ေလယာဥ္နဲ႔ လာေရာက္ ပစ္ခတ္ခဲ့တယ္လို႔ ေဒသခံေတြက RFA ကို ေျပာပါတယ္။

ရခိုင္ျပည္နယ္မွာ စစ္ေကာင္စီတပ္နဲ႔ ရကၡိဳင့္တပ္ေတာ္ (AA) တို႔ တိုက္ပြဲျဖစ္ေနတာ သုံးလရွိၿပီျဖစ္ၿပီး ေပါက္ေတာ၊ မင္းျပား၊ ေျမာက္ဦးနဲ႔ ေက်ာက္ေတာ္၊ ေမာင္ေတာနဲ႔ ေတာင္ၿပိဳၿမိဳ႕ေတြအျပင္ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕ကိုပါ (AA) က သိမ္းပိုက္ထားပါတယ္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *