ဇော်မင်းထွန်းပြောပီနော် ဘယ်သူမှမလွတ်တော့ဘူး

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တိုင်းရင်းသားစိတ်ဓာတ်ပျောက်နေ၍ ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်သွင်းဟု အကြမ်းဖက် ဇော်မင်းထွန်း ဆိုပြန်

ပြည်သူတိုင်း စစ်မှုမထမ်းမနေရစနစ်ကို အစိုးရ အဆက်ဆက် ရေရှည်လုပ်ဆောင်သွားမည်

ဖေဖော်ဝါရီ ၁၄

အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းသည့်အကြောင်းအရင်းများထဲတွင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များတွင် တိုင်းရင်းသားစိတ်ဓာတ်ပျောက်နေ၍ နိုင်ငံတော်အတွက် စိုးရိမ်စရာ ကောင်းနေသည်ဟု အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုလိုက်သည်။

စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများမှတစ်ဆင့် ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း မိတ်ဆက်ပြောဆိုရာတွင် ၎င်းက အထက်ပါတိုင်း ပြောဆိုသွားခြင်းဖြစ်သည်။

“တချို့သော တချို့သော EAOs အဖွဲ့အစည်းထဲမှာရှိတဲ့ ကျနော်တို့က တိုင်းရင်းသားလို့ ပြောနေကြတ့သူတွေဟာ တိုင်းရင်းသားစိတ်ဓာတ်ပျော်ကနေပါပြီ။ သူတို့ရဲ့ ပြုမူပုံ၊ ပြောဆိုပုံ၊ လုပ်ဆောင်ပုံတွေကို ကြည့်ရင် တိုင်းရင်းသား စိတ်ဓာတ်ပျောက်နေကြောင်း တွေ့ရမှာဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင် သူတို့ရဲ့ နောက်ကွယ်မှာ ရှိတဲ့ ထောက်ပံ့ထားတဲ့အဖွဲ့အစည်းတွေ၊ သူတို့ရဲ့နောက်ကွယ်မှာရှိတဲ့ ထောက်ပံ့ပေးထားတဲ့ နိုင်ငံတွေရဲ့ အပေါ်မှာ မူတည်ပြီး တိုင်းရင်းသားစိတ်ဓာတ်ပျော်ကနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ကိုယ်စားပြု စစ်ဆင်ရေး Proxy War လုပ်နေတဲ့သူ၊ သူတို့ခံပြီး Proxy War လုပ်ရင်းကနေ တိုင်းရင်းသား ပျောက်ကွယ်သွားတာဖြစ်ပါတယ်” ဟု အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။

ထို့ပြင် ပြည်သူတိုင်း စစ်မှု မထမ်းမနေရ ဥပဒေကို အစိုးရအဆက်ဆက် ရေရှည်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အကြမ်းဖက် ဇော်မင်းထွန်းက ဆက်လက်ပြောဆိုသည်။

“ရေရှည်မျှော်မှန်းပြီး ဒီအစိုးရ တစ်ဆက်တည်းမဟုတ်ဘူး။ နောင်ဒီမိုကရေစီ အစိုးရ အဆက်ဆက် အတွက် ရေရှည် မျှော်မှန်းပြီး ကျနော်တို့ ဆောင်ရွက်ရခြင်းဖြစ်ပါတယ်” ဟု အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။

အကြမ်းဖက် ဇော်မင်းထွန်း၏ အဆိုအရ လာမည့် ဧပြီလ သင်္ကြန်ပိတ်ရက်များအပြီးတွင် စစ်မှုမထမ်းမနေရ စနစ်ကို စတင်ကျင့်သုံးမည်ဖြစ်ကြောင်း သိရှိရသည်။
တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ား တိုင္းရင္းသားစိတ္ဓာတ္ေပ်ာက္ေန၍ ျပည္သူ႔စစ္မႈထမ္းဥပေဒ အသက္သြင္းဟု အၾကမ္းဖက္ ေဇာ္မင္းထြန္း ဆိုျပန္

ျပည္သူတိုင္း စစ္မႈမထမ္းမေနရစနစ္ကို အစိုးရ အဆက္ဆက္ ေရရွည္လုပ္ေဆာင္သြားမည္

ေဖေဖာ္ဝါရီ ၁၄

အၾကမ္းဖက္စစ္ေကာင္စီက ျပည္သူ႔စစ္မႈထမ္းဥပေဒကို အသက္သြင္းသည့္အေၾကာင္းအရင္းမ်ားထဲတြင္ တိုင္းရင္းသားလက္ နက္ကိုင္အဖြဲ႕မ်ားတြင္ တိုင္းရင္းသားစိတ္ဓာတ္ေပ်ာက္ေန၍ နိုင္ငံေတာ္အတြက္ စိုးရိမ္စရာ ေကာင္းေနသည္ဟု အၾကမ္းဖက္ ေဇာ္မင္းထြန္းက ေျပာဆိုလိုက္သည္။

စစ္ေကာင္စီ၏ ဝါဒျဖန႔္ သတင္းစာမ်ားမွတစ္ဆင့္ ျပည္သူ႔စစ္မႈထမ္းဥပေဒအေၾကာင္း မိတ္ဆက္ေျပာဆိုရာတြင္ ၎က အထက္ပါတိုင္း ေျပာဆိုသြားျခင္းျဖစ္သည္။

“တခ်ိဳ႕ေသာ တခ်ိဳ႕ေသာ EAOs အဖြဲ႕အစည္းထဲမွာရွိတဲ့ က်ေနာ္တို႔က တိုင္းရင္းသားလို႔ ေျပာေနၾကတ့သူေတြဟာ တိုင္းရင္းသားစိတ္ဓာတ္ေပ်ာ္ကေနပါၿပီ။ သူတို႔ရဲ့ ျပဳမူပုံ၊ ေျပာဆိုပုံ၊ လုပ္ေဆာင္ပုံေတြကို ၾကည့္ရင္ တိုင္းရင္းသား စိတ္ဓာတ္ေပ်ာက္ေနေၾကာင္း ေတြ႕ရမွာျဖစ္ပါတယ္။

ဘာေၾကာင့္လဲဆိုရင္ သူတို႔ရဲ့ ေနာက္ကြယ္မွာ ရွိတဲ့ ေထာက္ပံ့ထားတဲ့အဖြဲ႕အစည္းေတြ၊ သူတို႔ရဲ့ေနာက္ကြယ္မွာရွိတဲ့ ေထာက္ပံ့ေပးထားတဲ့ နိုင္ငံေတြရဲ့ အေပၚမွာ မူတည္ၿပီး တိုင္းရင္းသားစိတ္ဓာတ္ေပ်ာ္ကေနတာျဖစ္ပါတယ္။ ျမန္မာနိုင္ငံကို ကိုယ္စားျပဳ စစ္ဆင္ေရး Proxy War လုပ္ေနတဲ့သူ၊ သူတို႔ခံၿပီး Proxy War လုပ္ရင္းကေန တိုင္းရင္းသား ေပ်ာက္ကြယ္သြားတာျဖစ္ပါတယ္” ဟု အၾကမ္းဖက္ ေဇာ္မင္းထြန္းက ေျပာဆိုသည္။

ထို႔ျပင္ ျပည္သူတိုင္း စစ္မႈ မထမ္းမေနရ ဥပေဒကို အစိုးရအဆက္ဆက္ ေရရွည္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း အၾကမ္းဖက္ ေဇာ္မင္းထြန္းက ဆက္လက္ေျပာဆိုသည္။

“ေရရွည္ေမၽွာ္မွန္းၿပီး ဒီအစိုးရ တစ္ဆက္တည္းမဟုတ္ဘူး။ ေနာင္ဒီမိုကေရစီ အစိုးရ အဆက္ဆက္ အတြက္ ေရရွည္ ေမၽွာ္မွန္းၿပီး က်ေနာ္တို႔ ေဆာင္ရြက္ရျခင္းျဖစ္ပါတယ္” ဟု အၾကမ္းဖက္ ေဇာ္မင္းထြန္းက ေျပာဆိုသည္။

အၾကမ္းဖက္ ေဇာ္မင္းထြန္း၏ အဆိုအရ လာမည့္ ဧၿပီလ သၾကၤန္ပိတ္ရက္မ်ားအၿပီးတြင္ စစ္မႈမထမ္းမေနရ စနစ္ကို စတင္က်င့္သုံးမည္ျဖစ္ေၾကာင္း သိရွိရသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *