လှိုင်သာယာ အုံးးး 💥

စစ်မှုမထမ်းမနေရ ဥပဒေကို ကန့်ကွက်သည့်အနေဖြင့် လှိုင်သာယာအနောက်ပိုင်း စုပေါင်းရုံးနှင့် ရဲတပ်ရင်း ၉ ကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်၊ ထိခိုက်ဒဏ်ရာရရှိသူများရှိနိုင်

ဖေဖော်ဝါရီ ၁၄

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အနောက်ပိုင်း စုပေါင်းရုံးနှင့် ရဲတပ်ရင်း ၉ ကို အဝေးထိန်းမိုင်းဖြင့် ယမန်နေ့ ညပိုင်း ဖောက်ခွဲတိုက်ခိုက်ရာ ထိခိုက်ဒဏ်ရာရရှိသူများရှိနိုင်ကြောင်း Dark Shadow မှ ရဲဘော်ပန်ဒါက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ည ၉ နာရီ ၇ မိနစ်နှင့် ည ၉ နာရီ ၉ မိနစ်တို့တွင် လှိုင်သာယာအနောက်ပိုင်း စုပေါင်းရုံး အနီးနှင့် ရဲတပ်ရင်း ၉ တို့ကို Dark Shadow တပ်ဖွဲ့က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း

အဆိုပါ ဖောက်ခွဲမှုသည် စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ မတရားဥပဒေကို အကောင်အထည်ဖော်အသက်သွင်းမှုအပေါ် အနှောက်အယှက် ဖြစ်စေရန် ရည်ရွယ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“အခု တိုက်ခိုက်မှုဟာအကြမ်းဖက်စစ်ကောင်စီရဲ့စစ်မှုမထမ်းမနေရ မတရားဥပဒေကိုအကောင်အသက်သွင်းမှုကို အနှောင့်ယှက်ဖြစ်စေရန်ရည်ရွယ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ မြေပြင်သတင်းအရထိခိုက်မှုရှိနိုင်ပါတယ်

ပြည်သူ လူထုအနေနဲ့ အကြမ်းဖကိ စစ်ကောင်စီရဲ့စစ်တန်းလျား၊ရဲစခန်းနှင့် အုပ်ချုပ်ရေးပစ်မှတ် ဒေါက်တိုင်များအနီးသို့ ဝေးဝေးမှရှောင်ရှာသွားလာကြရန် လေးစားစွာဖြင့်ထပ်မံအသိပေး မေတ္တာအပ်ခံပါတယ်

ဒီရက်ပိုင်း စစ်ဆင်းရေးအနေနဲ့အုပ်ချုပ်ရေးပစ်မှတ်များကို ဆက်တိုက် တိုက်ခိုက်လာနိုင်ခဲ့ပြီး ပြည်သူများဖြတ်သန်းသွားလာမှုကြောင့် ဖျက်သိမ်းခဲ့ရတဲ့ Mission တွေလည်းရှိပါတယ်။ အာဏာရှင်စနစ်ကျဆုံးသည်အထိ Dark shadow (UG) မြို့ပြပျောက်ကြားတပ်ဖွဲ့အနေဖြင့်

ပြည်သူလူထုနဲ့အတူတူအဆုံးထိရပ်တည်ပြီး တော်လှန်သွားပါ့မယ်လို့လည်း ပြောကြားချင်ပါတယ်။ မြို့ပြဟာ ဘယ်တော့မှသွေးမအေးဘူး နေရာ တိုင်းမှာ ငါတို့ရှိတယ်” ဟု Dark Shadow အဖွဲ့၏ တာဝန်ခံရဲဘော်ပန်ဒါ က ပြောဆိုသည်

လှိုင်သာယာမြို့နယ်မှ ပြည်သူများကလည်း ယမန်နေ့ညပိုင်း ပေါက်ကွဲမှု ဖြစ်ပွား ခဲ့သည်မှာ မှန်ကန်ကြောင်း ပြောဆိုကြသည်

စစ္မႈမထမ္းမေနရ ဥပေဒကို ကန႔္ကြက္သည့္အေနျဖင့္ လွိုင္သာယာအေနာက္ပိုင္း စုေပါင္း႐ုံးႏွင့္ ရဲတပ္ရင္း ၉ ကို အေဝးထိန္းမိုင္းျဖင့္ ေဖာက္ခြဲတိုက္ခိုက္၊ ထိခိုက္ဒဏ္ရာရရွိသူမ်ားရွိနိုင္

ေဖေဖာ္ဝါရီ ၁၄

ရန္ကုန္တိုင္း၊ လွိုင္သာယာၿမိဳ႕နယ္အေနာက္ပိုင္း စုေပါင္း႐ုံးႏွင့္ ရဲတပ္ရင္း ၉ ကို အေဝးထိန္းမိုင္းျဖင့္ ယမန္ေန႔ ညပိုင္း ေဖာက္ခြဲတိုက္ခိုက္ရာ ထိခိုက္ဒဏ္ရာရရွိသူမ်ားရွိနိုင္ေၾကာင္း Dark Shadow မွ ရဲေဘာ္ပန္ဒါက ေျပာဆိုသည္။

ေဖေဖာ္ဝါရီလ ၁၃ ရက္ေန႔ ည ၉ နာရီ ၇ မိနစ္ႏွင့္ ည ၉ နာရီ ၉ မိနစ္တို႔တြင္ လွိုင္သာယာအေနာက္ပိုင္း စုေပါင္း႐ုံး အနီးႏွင့္ ရဲတပ္ရင္း ၉ တို႔ကို Dark Shadow တပ္ဖြဲ႕က အေဝးထိန္းမိုင္းျဖင့္ ေဖာက္ခြဲတိုက္ခိုက္ခဲ့ေၾကာင္း

အဆိုပါ ေဖာက္ခြဲမႈသည္ စစ္ေကာင္စီ၏ စစ္မႈမထမ္းမေနရ မတရားဥပေဒကို အေကာင္အထည္ေဖာ္အသက္သြင္းမႈအေပၚ အေႏွာက္အယွက္ ျဖစ္ေစရန္ ရည္ရြယ္ တိုက္ခိုက္ခဲ့ေၾကာင္း သိရွိရသည္။

“အခု တိုက္ခိုက္မႈဟာအၾကမ္းဖက္စစ္ေကာင္စီရဲ့စစ္မႈမထမ္းမေနရ မတရားဥပေဒကိုအေကာင္အသက္သြင္းမႈကို အေႏွာင့္ယွက္ျဖစ္ေစရန္ရည္ရြယ္တိုက္ခိုက္ခဲ့ျခင္းျဖစ္ပါတယ္။ ေျမျပင္သတင္းအရထိခိုက္မႈရွိနိုင္ပါတယ္

ျပည္သူ လူထုအေနနဲ႔ အၾကမ္းဖကိ စစ္ေကာင္စီရဲ့စစ္တန္းလ်ား၊ရဲစခန္းႏွင့္ အုပ္ခ်ဳပ္ေရးပစ္မွတ္ ေဒါက္တိုင္မ်ားအနီးသို႔ ေဝးေဝးမွေရွာင္ရွာသြားလာၾကရန္ ေလးစားစြာျဖင့္ထပ္မံအသိေပး ေမတၱာအပ္ခံပါတယ္

ဒီရက္ပိုင္း စစ္ဆင္းေရးအေနနဲ႔အုပ္ခ်ဳပ္ေရးပစ္မွတ္မ်ားကို ဆက္တိုက္ တိုက္ခိုက္လာနိုင္ခဲ့ၿပီး ျပည္သူမ်ားျဖတ္သန္းသြားလာမႈေၾကာင့္ ဖ်က္သိမ္းခဲ့ရတဲ့ Mission ေတြလည္းရွိပါတယ္။ အာဏာရွင္စနစ္က်ဆုံးသည္အထိ Dark shadow (UG) ၿမိဳ႕ျပေပ်ာက္ၾကားတပ္ဖြဲ႕အေနျဖင့္

ျပည္သူလူထုနဲ႔အတူတူအဆုံးထိရပ္တည္ၿပီး ေတာ္လွန္သြားပါ့မယ္လို႔လည္း ေျပာၾကားခ်င္ပါတယ္။ ၿမိဳ႕ျပဟာ ဘယ္ေတာ့မွေသြးမေအးဘူး ေနရာ တိုင္းမွာ ငါတို႔ရွိတယ္” ဟု Dark Shadow အဖြဲ႕၏ တာဝန္ခံရဲေဘာ္ပန္ဒါ က ေျပာဆိုသည္

လွိုင္သာယာၿမိဳ႕နယ္မွ ျပည္သူမ်ားကလည္း ယမန္ေန႔ညပိုင္း ေပါက္ကြဲမႈ ျဖစ္ပြား ခဲ့သည္မွာ မွန္ကန္ေၾကာင္း ေျပာဆိုၾကသည္

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *