အယ်ဘရေ အယ်ဘလူတွေ ရှိုးလိုက်အုံး

“ရှားတောမြိုကို ကရင်နီ တော်လှန်ရေးတပ်ဖွဲတွေ တိုက်ခိုက်သိမ်းပိုက်”

▪️ ဗျူဟာမှူး အပါအဝင် စစ်ကောင်စီ တပ်ဖွဲဝင် ၉၀ ကျော် သေဆုံး၊ ၂၉ ဦး အရှင်မိ၊ လက်နက်မျိုးစုံ ၁၀၀ ကျော် သိမ်းဆည်းရမိ

ကရင်နီပြည်နယ် ရှားတောမြိုကို ကရင်နီ တပ်မတော် (KA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) နဲ့ ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီ ၁၂ ရက် မနက်ပိုင်းတွင် အပြီးပိုင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ကရင်နီ စစ် ရေးသတင်းရင်းမြစ်ထံမှ သိရပါတယ်။

ရှားတောမြိုကို ဇန်နဝါရီလ ၁၅ ရက်နေ့တွင် စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဖေ ဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရှားတော အခြေစိုက် ဗျူဟာစခန်းကုန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊

ဖေဖော်ဝါရီလဆန်းပိုင်းက ကရင်နီပြည်ရှိ ကလေးငယ်များ၊ ကိုယ်ဝန် ဆောင်မိခင်နှင့် မသန်စွမ်းများ အပါအဝင် စစ်ရှောင် ၆ ဦးကို သတ်ဖြတ်သွားတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်ကူစစ်ကြောင်းမှ အကြမ်းဖက် စစ်သား ၅၀ ဦးခန့်ကိုလည်း ချေမှုန်းသုတ်သင်နိုင်ခဲ့ကြောင်း၊

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ (ပြည်ထောင်စုနေ့) မနက် ၆ နာရီခန့်က ရှားတောမြိုရှိ စေတီကုန်းတွင် တပ်စွဲထားတဲ့ အကြမ်းဖက် စစ်တပ်ကို အမြစ်ပြတ် ချေမှုန်းသုတ်သင်နိုင်ခဲ့ကြောင်း၊

ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်က ဗျူဟာမှူး အပါအဝင် ၄၀ ခန့် သေဆုံးခဲ့ပြီး အကြမ်းဖက် စစ်သား ၂၉ ဦးကို အရှင်ဖမ်းဆီး ရမိခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှာ လက်နက် ၁၀၀ ကျော်နဲ့ ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။

#4C_TruthNews








#4C_TruthNews

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *