ဖြစ်သင့်တာကြာပြီ လေးစားပါတယ် မွန်ပြည်သစ်ရေ

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသော မွန်ပြည်သစ်ပါတီက တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၊ နွေဦးတော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်း၍ အာဏာသိမ်းစစ်ကောင်စီကို တိုက်ခိုက်မည်ဟု ကြေညာ

ဖေဖော်ဝါရီ ၁၄

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA စာချုပ် လက်မှတ်ရေးထိုးထားသော မွန်ပြည်သစ်ပါတီက တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ၊ နွေဦးတော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်း၍ အာဏာသိမ်းစစ်ကောင်စီကို တိုက်ခိုက်မည်ဟုယနေ့ တရားဝင် ကြေညာလိုက်သည်။

“ကျနော်တို့နဲ့ ယုံကြည်ချက်၊ ရပ်တည်ချက်တူတဲ့ခေါင်းဆောငတွေ၊ တပ်မှူး တပ်ဗိုလ်တွေကို စုစည်း ပြီးတော့ ကျနော်တို့နိုင်ငံရေးဦးဆောင်မှုအဖွဲ့အနေနဲ့တော့ ဖွဲ့စည်းထားတယ်၊ ဖွဲ့စည်းပြီးရင် တော့ လုပ်ငန်းအကောင်အထည်ဖော်တဲ့နေရာမှာ အဓိကတော့ ကျနော်တို့အင်အားတောင့်တင်းနိုင်ဖို့ အ တွက် ပါတီတွင်းမှာရှိနေတဲ့

ရဲဘော်၊ တပ်မှူး၊ တပ်သားတွေကို ရှင်းပြမယ်၊ စည်းရုံးမယ်ပေါ့၊ နောက် ပြီး တော့ မွန်ပြည်သူတွေအနေနဲ့ ကျနော်တို့အဖွဲ့ကိုလာရောက်ပြီးတော့ ဝိုင်းဝန်းပူးပေါင်းကူညီ တာဝန်ထမ်းဆောင်ဖို့အတွက် ဆောင်ရွက်မယ်၊ ပြီး တော့ ထုတ်ပြန်ကြေညာချက်မှာပါတဲ့အတိုင်းပဲ

ကျနော်တို့ မွန်ပြည်နယ်အတွင်းမှာရှိနေတဲ့ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်း တွေရော၊ နွေဦးတော်လှန်ရေးကနေတဆင့်ပေါက်ဖွားလာတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ အားလုံး နဲ့ ချိတ်ဆက်ပြီးတော့ လက်တွဲပူးပေါင်းဖို့အစီအစဉ်ရှိပါတယ်” ဟု မွန်ပြည်သစ်ပါတီ (စစ်အာဏာ ရှင် တိုက်ဖျက်ရေး) နိုင်ငံရေး ဦး ဆောင်အဖွဲ့ ဒုခေါင်းဆောင် – ၁ နိုင်ဗညားလယ် က ပြောကြားသည်။

မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုၚ်ဇေယျနှင့် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော အပါအဝင် ယုံကြည်ချက်၊ ရပ်တည်ချက်တူညီသော ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ၊ တပ်ဗိုလ်၊တပ်မှူး၊ အကြပ်တပ်သားရဲဘော်များ၊ မျိုးချစ်ပုဂ္ဂိုလ်များတို့က အာဏာသိမ်းစစ်တပ်၏

အကြမ်းဖက် မှုကို ကာကွယ်ရန်၊ တိုင်းရင်းသားလူမျိုးများ လိုလားတောင့်တသည့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်အတွက် စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေး အင်အားစု များနှင့် ပူးပေါင်းလက်တွဲပြီး အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် မြန်မာ့နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းသည့် ရည်ရွယ်ချက် ဖြင့် ၁၉၉၅ ခုနှစ်မှစ၍ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ)၊ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(နအဖ)၊ ဦးသိန်းစိန်အစိုးရ လက်ထက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များ ရယူပြီး

NLD အစိုးရလက်ထက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် (NCA) စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ထိုသို့ နှစ်ရှည်ကြာ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ထားသော်လည်း နိုင်ငံရေးပြဿနာကို မဖြေရှင်းသည့် အပြင် မိမိတို့တပ်စခန်းများကို သိမ်းပိုက်ခြင်းအပါအဝင် မွန်တော်လှန်ရေးနေ့၊ မွန်အမျိုးသားနေ့ အခမ်းအနား ပြုလုပ်သည်မှအစ စစ်တပ်က နည်းမျိုးစုံ ဖိအားပေးခဲ့ကြောင်း မွန်ပြည်သစ်ပါတီက ထုတ်ပြန်သည်။

၂၀၂၁ ခု ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းလိုက်ခြင်းသည် နိုင်ငံအတွက်များစွာ ထိခိုက်နစ်နာ စေပြီး နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းအရဖြေရှင်းသွားရန်နှင့် ပြည်သူများ၏ဆန္ဒသဘော ထားကို အသိ အမှတ်ပြုပြီး ငြိမ်းချမ်းစွာအဖြေရှာသွားကြရန် ၂၀၂၁ ခု ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် မွန်ပြည်သစ်ပါတီမှ သဘောထား ထုတ်ပြန်ခဲ့ကြောင်း၊ မွန်ပြည်သစ်ပါတီသည် NCA စာချုပ် သဘောတူညီချက်များအရ

နိုင်ငံရေးပြဿနာများကို နိုင်ငံရေးအရ အဖြေရှာရန် နည်းလမ်းပေါင်းစုံဖြင့် တစိုက်မတ်မတ် ကြိုးပမ်းအားထုတ်ခဲ့ကြောင်း၊ အာဏာသိမ်း စစ်ကောင်စီ နှင့် (၃) ကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ထိုဆွေးနွေးမှုများတွင် အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးဆွေးနွေး ပွဲများကသာ လက်ရှိနိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မည်ဟူသည့် ရပ်တည်ချက်အပါအဝင် မိမိတို့ပါတီ လိုလားသည့် ဖက်ဒရယ်အခြေခံမူများကို တင်ပြဆွေးနွေးခဲ့သော်လည်း မျှော်မှန်းသည့်ရလဒ်များ လုံးဝ မရရှိခဲ့ကြောင်း မွန်ပြည်သစ်ပါတီက ဆိုသည်။

လက်ရှိတွင် အာဏာသိမ်းစစ်တပ်သည် လက်နက်အားကိုးပြီး ပြည်သူလူထုအပေါ် လူမဆန်စွာ ဖမ်းဆီးညှင်းဆဲ အကျဉ်းချသတ်ဖြတ်မှုများ နေ့စဥ်ကျူးလွန်နေပြီး မွန်ပြည်နယ်တွင်လည်း အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်မှု မျိုးစုံ ကြုံတွေ့နေရကြောင်း၊ အထူးသဖြင့် ကျိုက်ထို၊သထုံ၊ဘီးလင်း၊ကျိုက်မရော၊

သံဖြူဇရပ်နှင့် ရေးမြို့နယ်များတွင် အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ၊ လေကြောင်း တိုက်ခိုက်မှုများ၊ နေအိမ်မီးရှို့မှုများ ပိုမိုပြုလုပ်လာပါသဖြင့် အကြမ်းဖက်နေသည့် စစ်ကောင်စီနှင့် နိုင်ငံရေးအရ ဆက်လက်တွေ့ဆုံဆွေးနွေး အဖြေရှာရန် မဖြစ်နိုင်တော့ကြောင်း မွန်ပြည်သစ်ပါတီ၏ ထုတ်ပြန်ချက်က ဆိုသည်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *