ရပြီ ဒီလောက်ဆို ရခိုင်ခြေနေမှန်းဆလို့ရပြီ

“လက်ရှိ လုံခြုံရေး အခြေအနေကြောင့် စစ်တွေမြိုရှိ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးကို ရန်ကုန်မြိုသို ယာယီပြောင်းရွှေ့”

ရခိုင်ပြည်နယ် စစ်တွေမြိုရှိ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးကို ရန်ကုန်မြိုသို ယာယီ ပြောင်းရွှေ့ထားကြောင်း ဒက်ကားမြို နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သော သတင်းစာလင်းရှင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟာဆန်မာမွတ်က သတင်းထောက်များအား ပြောကြားခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းသို ထွက်ပြေးခိုလှုလာကြတဲ့ နယ်ခြားစောင့်နှင့် စစ်သား (၃၄၀) ကိုလည်း မကြာခင် မြန်မာနိုင်ငံသို ပြန်ပိုမည်ဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။

“ကျွန်တော်တိုရဲ့ ဦးစားပေးက မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲဝင်တွေနဲ့ စစ်သားတွေကို ပြန်ပိုဖို ဖြစ်တယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်ဖက်စလုံးက မကြာခင် ပြန်ပိုမယ်လို သဘောတူညီမှု ရခဲ့ပါတယ်” လို ၎င်းက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေူ ဝန်ကြီးဌာနက ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ မြန်မာသံအမတ်ကို ဆင့်ခေါ်ပြီး သူ့နိုင်ငံအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ လူနှစ်ဦး ထိမှန်သေဆုံးမှုနှင့် မော်တာကျည်များ ကျရောက်ခဲ့မှုအပေါ်  ပြင်းပြင်းထန်ထန် ကန့်ကွက်ထားကြောင်း သိရှိရပါတယ်။

“လက္ရွိ လုံျခဳံေရး အေျခအေနေၾကာင့္ စစ္ေတြၿမိဳရွိ ဘဂၤလားေဒ့ရွ္ ေကာင္စစ္ဝန္႐ုံးကို ရန္ကုန္ၿမိဳသို ယာယီေျပာင္းေရႊ႕”

ရခိုင္ျပည္နယ္ စစ္ေတြၿမိဳရွိ ဘဂၤလားေဒ့ရွ္ ေကာင္စစ္ဝန္႐ုံးကို ရန္ကုန္ၿမိဳသို ယာယီ ေျပာင္းေရႊ႕ထားေၾကာင္း ဒက္ကားၿမိဳ နိုင္ငံျခားေရးဝန္ႀကီးဌာနတြင္ ျပဳလုပ္ေသာ သတင္းစာလင္းရွင္းပြဲမွာ နိုင္ငံျခားေရးဝန္ႀကီး ေဒါက္တာ ဟာဆန္မာမြတ္က သတင္းေထာက္မ်ားအား ေျပာၾကားခဲ့ေၾကာင္း သိရပါတယ္။

ဒါ့အျပင္ ဘဂၤလားေဒ့ရွ္နိုင္ငံ အတြင္းသို ထြက္ေျပးခိုလႈလာၾကတဲ့ နယ္ျခားေစာင့္ႏွင့္ စစ္သား (၃၄၀) ကိုလည္း မၾကာခင္ ျမန္မာနိုင္ငံသို ျပန္ပိုမည္ျဖစ္ေၾကာင္း ၎က ဆိုပါတယ္။

“ကၽြန္ေတာ္တိုရဲ့ ဦးစားေပးက ျမန္မာနယ္ျခားေစာင့္ ရဲတပ္ဖြဲဝင္ေတြနဲ႔ စစ္သားေတြကို ျပန္ပိုဖို ျဖစ္တယ္။ ဘဂၤလားေဒ့ရွ္နဲ႔ ျမန္မာ ႏွစ္ဖက္စလုံးက မၾကာခင္ ျပန္ပိုမယ္လို သေဘာတူညီမႈ ရခဲ့ပါတယ္” လို ၎က သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။

ဘဂၤလားေဒ့ရွ္ နိုင္ငံျခားေ႐ူ ဝန္ႀကီးဌာနက ဘဂၤလားေဒ့ရွ္ဆိုင္ရာ ျမန္မာသံအမတ္ကို ဆင့္ေခၚၿပီး သူ႔နိုင္ငံအတြင္း လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲကာ လူႏွစ္ဦး ထိမွန္ေသဆုံးမႈႏွင့္ ေမာ္တာက်ည္မ်ား က်ေရာက္ခဲ့မႈအေပၚ  ျပင္းျပင္းထန္ထန္ ကန႔္ကြက္ထားေၾကာင္း သိရွိရပါတယ္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *