(ကန့်ဘလူ) သတင်းကောင်းကြားရပြန်ပြီ 🌿🍀🌸👇🌸🍀🌿

ကန့်ဘလူရှိ ပျူစောထီးစခန်းကို PDF တိုက်ခိုက်၊ လက်နက်ခဲယမ်းများရ

ပြည်သူ့စစ်အားကောင်းသည့် ကန့်ဘလူမြို့နယ်အတွင်း ကျေးရွာအခြေပြုပျူစောထီးစခန်းတစ်ခုကို PDF ခရိုင် တပ်ရင်း ၂ ခုက ဝင်တိုက်ရာ စစ်ကူနှင့်လက်နက်ကြီးပစ်ကူတို့ကြောင့် ပြန်ဆုတ်ခဲ့ရသော်လည်း လက်နက်ခဲယမ်းများရရှိခဲ့သည်။

ပျူစောထီးဘက်က ၁၀ ဦး သေဆုံးပြီး PDF ဘက်က ၅ ဦး ဒဏ်ရာရသည်ဟု ဆိုသည်။

ကန့်ဘလူမြို့နယ်သည် စစ်ကောင်စီ၏ ပြည်သူ့စစ် ခေါ် ပျူစောထီးတို့ အားကောင်းရာ မြို့နယ်များအနက် တစ်ခုဖြစ်ပြီး အထူးသဖြင့် ဦးဝါသဝ ဦးဆောင်၍ ပျူစောထီးအားကောင်းလာရေး လုပ်ဆောင်နေပြီး၊ အင်အားချဲ့ထွင်လာသည့် ဒေသဖြစ်သည်။

ကန့်ဘလူနှင့် နယ်မြေချင်း ထိစပ်နေသည့် ကောလင်းမြို့နယ်တွင်လည်း မြို့သိမ်းနိုင်ရေး စစ်တပ်က ကြိုးပမ်းနေရာ ယမန်နေ့ကအထိ နှစ်ဖက်တပ်များ မြို့ထဲ ရှိနေကြပြီး တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။

ပုံစာ – အင်ကြင်းစုကျေးရွာ ပြည်သူ့စစ် (ပျူစောထီး) စခန်း တိုက်ခိုက်မှုမှ ရရှိခဲ့သော လက်နက်ခဲယမ်းများ။ (ဓာတ်ပုံ- ပေးပို့)

ကန႔္ဘလူရွိ ပ်ဴေစာထီးစခန္းကို PDF တိုက္ခိုက္၊ လက္နက္ခဲယမ္းမ်ားရ

ျပည္သူ႔စစ္အားေကာင္းသည့္ ကန္႔ဘလူၿမိဳ႕နယ္အတြင္း ေက်းရြာအေျချပဳပ်ဴေစာထီးစခန္းတစ္ခုကို PDF ခရိုင္ တပ္ရင္း ၂ ခုက ဝင္တိုက္ရာ စစ္ကူႏွင့္လက္နက္ႀကီးပစ္ကူတို႔ေၾကာင့္ ျပန္ဆုတ္ခဲ့ရေသာ္လည္း လက္နက္ခဲယမ္းမ်ားရရွိခဲ့သည္။

ပ်ဴေစာထီးဘက္က ၁၀ ဦး ေသဆုံးၿပီး PDF ဘက္က ၅ ဦး ဒဏ္ရာရသည္ဟု ဆိုသည္။

ကန႔္ဘလူၿမိဳ႕နယ္သည္ စစ္ေကာင္စီ၏ ျပည္သူ႔စစ္ ေခၚ ပ်ဴေစာထီးတို႔ အားေကာင္းရာ ၿမိဳ႕နယ္မ်ားအနက္ တစ္ခုျဖစ္ၿပီး အထူးသျဖင့္ ဦးဝါသဝ ဦးေဆာင္၍ ပ်ဴေစာထီးအားေကာင္းလာေရး လုပ္ေဆာင္ေနၿပီး၊ အင္အားခ်ဲ႕ထြင္လာသည့္ ေဒသျဖစ္သည္။

ကန္႔ဘလူႏွင့္ နယ္ေျမခ်င္း ထိစပ္ေနသည့္ ေကာလင္းၿမိဳ႕နယ္တြင္လည္း ၿမိဳ႕သိမ္းနိုင္ေရး စစ္တပ္က ႀကိဳးပမ္းေနရာ ယမန္ေန႔ကအထိ ႏွစ္ဖက္တပ္မ်ား ၿမိဳ႕ထဲ ရွိေနၾကၿပီး တိုက္ပြဲျပင္းထန္ေနဆဲျဖစ္သည္။

ပုံစာ – အင္ၾကင္းစုေက်းရြာ ျပည္သူ႔စစ္ (ပ်ဴေစာထီး) စခန္း တိုက္ခိုက္မႈမွ ရရွိခဲ့ေသာ လက္နက္ခဲယမ္းမ်ား။ (ဓာတ္ပုံ- ေပးပို႔)

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *