ပျော်သလားဟေ့ မောင်တို့ရေ

မင်းလှဆည်ပေါ်ရှိ ရှင်းလင်းဆောင်စခန်းနှင့် တာဝါတိုင်စစ် တပ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၅ ဦးသေဆုံး၊ ဒုတပ်ကြပ် ၁ ဦးကို လက်နက်နှင့်အတူ ဖမ်းမိ

ဖေဖော်ဝါရီ ၁၁

ပဲခူးတိုင်း၊ သာယာဝတီ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအတွင်းရှိ မင်းလှဆည်ပေါ်ရှိ ရှင်းလင်းဆောင်စခန်း နှင့် တာဝါတိုင်စစ်တပ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးပြီး ဒုတပ်ကြပ် တစ်ဦးကို လက်နက်နှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဇော်ကြီးက ပြောကြား သည်။

ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက် နံနက် ၇ နာရီခန့်က အုတ်ဖိုမြို့ နယ်အပိုင် ပဲခူးရိုးမအတွင်း၊ မင်းလှ ဆည်ပေါ်ရှိ ရှင်းလင်းဆောင်စခန်းနှင့် တာဝါတိုင်စခန်းတို့၌ တပ်ဆွဲထားသည့် စစ်ကောင်စီ တပ်သား များကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ နှင့် ပြည်ခရိုင် တပ်ရင်း ၃၆၀၁ ဧရာညီနောင် စစ် ကြောင်းတို့ ပူးပေါင်းပြီး နှစ်ဖွဲ့ခွဲကာ တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်မှုအတွင်း အင်အား ၂၀ ခန့်ဖြင့် တပ်စွဲပြီး လက်နက်ကြီး၊ စက်လက်သမားများ အထိုင်ချထားသည့် တာဝါတိုင်စခန်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃ ဦး မျက်မြင်သေဆုံးကာ အများအပြား ဒဏ်ရာရရှိပြီး စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။

ထို့အတူ ရှင်းလင်းဆောင်စခန်း တိုက်ခိုက်မှုအတွင်း ပြည်ခရိုင် တပ်ရင်း ၃၆၀၁ ဧရာညီနောင်စစ် ကြောင်းမှ ရဲဘော် တောင် တန်းကျဆုံးကာ အကြမ်းဖက်စစ်သား အလောင်း ၁၂ လောင်း၊ ကပစ-၃ မှ ဒုတပ်ကြပ် ၁ ဦးကို MA3 သေနတ် တစ် လက်နက်နှင့်အတူ ဒဏ်ရာများဖြင့် ဖမ်းဆီးရရရှိခဲ့ကြောင်း သိရသည်။

ထို့သို့ အကြမ်းဖက်စစ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားသ ဖြင့် ရှင်းလင်းဆောင်ကို နောက်ထပ် အကြမ်းဖက်စစ်သားများ ထပ်မံလာရောက် တပ်စွဲခြင်းမပြုနိုင်ရန်မီးရှို့ဖျက်ဆီးပေး လိုက်ကြောင်း သိရသည်။


“လက်နက်က မိတဲ့ ဒုတပ်ကြပ်ဆီကပဲရတယ်၊ ကျန်တဲ့ စစ်ခွေးတွေက လက်နက်နဲ့အလောင်းတစ်ချို့ အရယူဆုတ်ပြေးသွားတာ၊ ရှင်းလင်းဆောင်မှာ ရတဲ့အလောင်းက ၁၂ လောင်း၊ ပန်းတောင်းမြို့နယ် အခြေစိုက် ဆင်တဲ ကပစ – ၃ က ၉ လောင်းပါတယ်၊ ကျန်တဲ့ ၃ လောင်းက ခလရ ၁ က မင်းလှမြို့ နယ်

စိန်ကန့်လန့်ရွာ အခြေစိုက်၊ အဲဒီအလောင်း ၁၂ လောင်းမှာက မိန်းမအလောင်းတစ်လောင်းပါတယ်၊ ဆေးမှူးလို့တော့ သိရတယ်၊ ဖမ်းမိတဲ့ ဒုတပ်ကြပ်က သေနတ် ဒဏ်ရာတွေနဲ့ ဖမ်းမိတာ၊ ခါး‌တွေမှာ ထိထားတယ်၊ ဆေးလဲကုသပေးထားတယ်၊ ရေလည်းတိုက်ထားပါတယ်၊ စစ်သုံ့ပန်းဥပဒေ အရ ကောင်း ကောင်းမွန်မွန်ထားပါတယ်၊ ကျနော်တို့ ရဲဘော်ကျဆုံးသွားရတာက အခုဖမ်းမိတဲ့ ဒုတပ် ကြပ်ပစ်လိုက်လို့ ကျဆုံးရတာ၊

အရမ်းတော်တဲ့ ရဲဘော်ပဲ၊ တိုက်ခိုက်ရေးစွမ်းရည်ရော၊ စိတ် သဘော ထားရော အရမ်းပြည့်ဝတဲ့သူ၊ သူ့အလောင်းကိုတော့ တပ်ရင်း ၃၆၀၁ ကို ပြန်သယ်သွားပါပြီ” ဟု သာ ယာဝတီခရိုင်တပ်ရင်း ၃၈၀၂ မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဇော်ကြီးက ပြောကြား သည်။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *