၁၅ နှစ်အရွယ် ငပျူ သူရိန်ကျော် ကျည် မတော်တဆ ထွက်သွားပြီး ဘောနှစ်လုံး ဖြတ်ထုတ်လိုက်ရ

“အသက်မပြည့်သေးတဲ့ ငပျူလေး လူညွန့်တုံးရပြီ”

စစ်ကိုင်းတိုင်း၊ ကလေးမြို မင်္ဂလာဥယျာဉ်ရပ်ကွက်မှ အသက် ၁၅ နှစ်အရွယ် ငပျူအဖွဲဝင် သူရိန်ကျော် ဆိုသူမှာ သေနတ်ကျည် မတော်တဆ ထွက်သွားပြီး ဘောနှစ်လုံး ဖြတ်ထုတ်လိုက်ရကြောင်း သတင်းရရှိပါတယ်။

ဖြစ်စဉ်မှာ သူရိန်ကျော်ဟာ အကြမ်းဖက် စစ်ကောင်စီရဲ့ ဂိတ်တစ်ခုမှာ ကင်းစောင့်နေစဉ် ၎င်းရဲ့ ညီဖြစ်သူနဲ့  သူငယ်ချင်းတဦး ရောက်ရှိလာကြောင်း၊ သူ့ညီရဲ့ သူငယ်ချင်းဖြစ်သူက သေနတ်ထောင်ထားတာကို တွေ့ရှိ၍ ကိုင်ကြည့်ကာ မောင်းချိန်ထားတာကို မသိပဲ ခလုတ်ဆွဲလိုက်ရာ မတော်တဆ ကျည်ထွက်ပြီး သူရိန်ကျော်ရဲ့ ပေါင်ကြားကို ထိမှန်ခဲ့ကြောင်း၊

လက်ရှိအချိန်တွင် အကြမ်းဖက် စစ်ကောင်စီရဲ့ ကလေးမြိုရှိ ကုတင် (၁၀၀) စစ်ဆေးရုံသို တက်ရောက်ကုသနေပြီး ဥတစ်လုံးမှာ ကြေမွကာ ကျန်တစ်လုံးမှာလည်း ထိထားတာကြောင့် ဥ နှစ်လုံးစလုံး ဖြတ်ထုတ်လိုက်ရကြောင်း ဖရဲသီး သတင်းရင်းမြစ်အရ သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီက အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကိုပါ ငပျူအဖွဲထဲသို အတင်းအဓမ္မ ဆွဲထည့်နေပြီး သူရိန်ကျော်ဟာ ငပျူအဖွဲထဲသို ရောက်ရှိလာတာ မကြာသေးပဲ ငပျူသင်တန်း (၁) လကျော် တက်ခဲ့ပြီး သင်တန်းဆင်းထားတဲ့ ကလေးငယ်တစ်ဦးဖြစ်ကြောင်း၊

ငပျုသူရိန်ကျော် အတွက် ဆေးကုသစရိတ်ကို ကလေး ဒကစမှူး အောင်နိုင်ဦးမှ ကျပ် ၅ သောင်း ထည့်ဝင်ပေးပြီး မင်္ဂလာဥယျာဉ် ရပ်ကွက်မှ ငပျူ အပေါင်းအပါတွေက ကျပ် ၅ သောင်း ထည့်ဝင်ပေးထားကာ ဆေးကုသစရိတ်အတွက် ငွေကြေး ခက်ခဲလျက်ရှိနေကြောင်း သိရှိရပါတယ်။

#4C_TruthNews







4C_TruthNews

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *