ချောဆွဲဖို့လုပ်နေတဲ့ ကြင်စိုးတို့ တီးခံရပြီ

ဗန်းမောက်တွင် ပြည်သူများချောဆွဲရန် ကြိုးပမ်းသည့် စစ်ကောင်စီစစ်ကြောင်းကို PDF တိုက်ခိုက်

နန်းနောင့်နောင့်/People’s Spring

စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့တွင် ဒေသခံများအား အတင်းအကြပ် ချောဆွဲရန်ကြိုးပမ်းသည့်စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး ချောဆွဲခံရသည့်အရပ်သားများအား ကယ်ထုတ်နိုင်ခဲ့သည်။

စစ်ကောင်စီတပ်၊SNA (ရှမ်းနီ)နှင့် ပျူစောထီးများပါဝင်သည့် အင်အား ၈၀ခန့်ပါ စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် ဗန်းမောက်မြို့ သာယာကုန်းကျေးရွာအနီးတဝိုက်တွင် စစ်ရေးတင်းမာနေစဉ် အရပ်သား ၂၀ခန့်ကို စစ်ကောင်စီက ဖမ်းဆီးပြီး လမ်းရှင်းခိုင်းခဲ့သည်။

“ရွာတွေထဲကနေ ပြည်သူ‌တွေရှောင်ပြေးကြတယ်။ မပြေးနိုင်လို့ရွာမှာကျန်ရစ်ခဲ့တဲ့လေးငါးခြောက်အိမ်လောက်ကိုလုပ်အားပေးခိုင်းတယ်။ဝါးတွေတ်ိုက်ခိုင်းတယ်။တောထဲကဝါးတွေကိုနိုင်သလောက်သယ်ပေးရမယ်၊

မလုပ်ရင်ဒဏ်ငွေတစ်သိန်းနဲ့ကြိမ်ဒဏ်၁၅ချက်အရိုက်ခံရမယ်ဆိုပြီးခိုင်းတယ်။ PDFဖက်က သွားပစ်ပေးလို့လုပ်အားပေးမလုပ်လိုက်ရဘဲ ပျက်သွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် လတ်တလော၌ အင်အား ၃၀၀ခန့်ပါ စစ်ကြောင်းသုံးကြောင်းအသုံးပြု၍ ဗန်း‌မောက်မြို့နယ်အတွင်း စစ်ကြောင်းဝင်နေသည်ဟု သတင်းရရှိသည်။

ဗန်းမောက်မြို့နယ်၊ ပင်ဟင်းခါးရွာ၊ကြောင်လည် ရွာနှင့် မြစ်သေးချင်းကျေးရွာတို့တွင် ဖေ‌ဖော်ဝါရီ ၅ရက်မှစ၍ တိုက်ပွဲဖြစ်နေသည်။ စစ်ကောင်စီက လေကြောင်းနှင့် လက်နက်ကြီး အသုံးပြု တိုက်ခိုက်နေသည်

ဖေဖော်ဝါရီ ၉ရက် နံနက်နှင့် နေ့လယ်က တိုက်ပွဲအပြင်းထန်ဆုံးဖြစ်ခဲ့ပြီး စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်လာရောက်ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။
ဗန်းမောက်မြို့ပေါ်ရှိ စစ်ကောင်စီအထိုင်တပ်ကလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ကာ စစ်ကူပေးခဲ့သည်။

ထို့အပြင် ပင်ဟင်းခါးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီအင်အား များပြားသောကြောင့် ၂၀၂၃ နိုဝင်ဘာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းယူထားသည့် SNA ဂိတ်စခန်းတစ်ခုကို ပြန်လည်လက်လွှတ်လိုက်ရကြောင်းသိရသည်။

သို့သော် ယနေ့ (ဖေဖော်ဝါရီ ၁၁ရက်)အထိ စစ်ကောင်စီအထိုင်မချနိုင်သေးပေ။

လက်တလောတိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်တွင် ထိခိုက်ကျဆုံးမှု မရှိပေ။ စစ်ကောင်စီဘက်တွင် ထိခိုက် သေဆုံးမှုများရှိသည်ဟုသတင်းကြားသော်လည်း အသေးစိတ်အထိမပြုနိုင်သေးပေ။

ဗန္းေမာက္တြင္ ျပည္သူမ်ားေခ်ာဆြဲရန္ ႀကိဳးပမ္းသည့္ စစ္ေကာင္စီစစ္ေၾကာင္းကို PDF တိုက္ခိုက္

နန္းေနာင့္ေနာင့္/People’s Spring

စစ္ကိုင္းတိုင္း၊ ဗန္းေမာက္ၿမိဳ႕တြင္ ေဒသခံမ်ားအား အတင္းအၾကပ္ ေခ်ာဆြဲရန္ႀကိဳးပမ္းသည့္စစ္ေကာင္စီစစ္ေၾကာင္းကို ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ားက တိုက္ခိုက္ခဲ့ၿပီး ေခ်ာဆြဲခံရသည့္အရပ္သားမ်ားအား ကယ္ထုတ္နိုင္ခဲ့သည္။

စစ္ေကာင္စီတပ္၊SNA (ရွမ္းနီ)ႏွင့္ ပ်ဴေစာထီးမ်ားပါဝင္သည့္ အင္အား ၈၀ခန႔္ပါ စစ္ေၾကာင္းႏွင့္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ားသည္ ဗန္းေမာက္ၿမိဳ႕ သာယာကုန္းေက်းရြာအနီးတဝိုက္တြင္ စစ္ေရးတင္းမာေနစဥ္ အရပ္သား ၂၀ခန႔္ကို စစ္ေကာင္စီက ဖမ္းဆီးၿပီး လမ္းရွင္းခိုင္းခဲ့သည္။

“ရြာေတြထဲကေန ျပည္သူ‌ေတြေရွာင္ေျပးၾကတယ္။ မေျပးနိုင္လို႔ရြာမွာက်န္ရစ္ခဲ့တဲ့ေလးငါးေျခာက္အိမ္ေလာက္ကိုလုပ္အားေပးခိုင္းတယ္။ဝါးေတြတ္ိုက္ခိုင္းတယ္။ေတာထဲကဝါးေတြကိုနိုင္သေလာက္သယ္ေပးရမယ္၊

မလုပ္ရင္ဒဏ္ေငြတစ္သိန္းနဲ႔ႀကိမ္ဒဏ္၁၅ခ်က္အရိုက္ခံရမယ္ဆိုၿပီးခိုင္းတယ္။ PDFဖက္က သြားပစ္ေပးလို႔လုပ္အားေပးမလုပ္လိုက္ရဘဲ ပ်က္သြားတယ္” ဟု ေဒသခံတစ္ဦးက ေျပာသည္။

စစ္ေကာင္စီသည္ လတ္တေလာ၌ အင္အား ၃၀၀ခန္႔ပါ စစ္ေၾကာင္းသုံးေၾကာင္းအသုံးျပဳ၍ ဗန္း‌ေမာက္ၿမိဳ႕နယ္အတြင္း စစ္ေၾကာင္းဝင္ေနသည္ဟု သတင္းရရွိသည္။

ဗန္းေမာက္ၿမိဳ႕နယ္၊ ပင္ဟင္းခါးရြာ၊ေၾကာင္လည္ ရြာႏွင့္ ျမစ္ေသးခ်င္းေက်းရြာတို႔တြင္ ေဖ‌ေဖာ္ဝါရီ ၅ရက္မွစ၍ တိုက္ပြဲျဖစ္ေနသည္။ စစ္ေကာင္စီက ေလေၾကာင္းႏွင့္ လက္နက္ႀကီး အသုံးျပဳ တိုက္ခိုက္ေနသည္

ေဖေဖာ္ဝါရီ ၉ရက္ နံနက္ႏွင့္ ေန႔လယ္က တိုက္ပြဲအျပင္းထန္ဆုံးျဖစ္ခဲ့ၿပီး စစ္ေကာင္စီက ဂ်က္ဖိုက္တာျဖင့္လာေရာက္ပစ္ခတ္ခဲ့ေၾကာင္း သတင္းရရွိသည္။
ဗန္းေမာက္ၿမိဳ႕ေပၚရွိ စစ္ေကာင္စီအထိုင္တပ္ကလည္း လက္နက္ႀကီးျဖင့္ ပစ္ခတ္ကာ စစ္ကူေပးခဲ့သည္။

ထို႔အျပင္ ပင္ဟင္းခါးရြာအနီးတိုက္ပြဲတြင္ စစ္ေကာင္စီအင္အား မ်ားျပားေသာေၾကာင့္ ၂၀၂၃ နိုဝင္ဘာက ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ား သိမ္းယူထားသည့္ SNA ဂိတ္စခန္းတစ္ခုကို ျပန္လည္လက္လႊတ္လိုက္ရေၾကာင္းသိရသည္။

သို႔ေသာ္ ယေန႔ (ေဖေဖာ္ဝါရီ ၁၁ရက္)အထိ စစ္ေကာင္စီအထိုင္မခ်နိုင္ေသးေပ။

လက္တေလာတိုက္ပြဲမ်ားအတြင္း ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕မ်ားဘက္တြင္ ထိခိုက္က်ဆုံးမႈ မရွိေပ။ စစ္ေကာင္စီဘက္တြင္ ထိခိုက္ ေသဆုံးမႈမ်ားရွိသည္ဟုသတင္းၾကားေသာ္လည္း အေသးစိတ္အထိမျပဳနိုင္ေသးေပ။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *