နံနံခြားရောက်ပီး လွတ်သွားပြီထင်နေသူတွေအတွက် သတင်းလာပြီ

စစ်ကောင်စီက စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့များ ဖွဲ့စည်းပြီးလျှင် နိုင်ငံကူးလက် မှတ် လျှောက်ထားရယူခြင်းနှင့် ပြည်ပသို့ လူငယ်များ ထွက်ခွာမှုများကို ပိတ်ပင်ကန့်သတ်မှုများရှိလာလိမ့်မည်ဟုဆို

ဖေဖော်ဝါရီ ၁၁

အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ ဖွဲ့စည်းပြီးပါက နိုင်ငံကူးလက်မှတ်များ လျှောက်ထားရယူခြင်းနှင့် ပြည်ပသို့ လူငယ်များ ထွက်ခွာမှုများကို ပိတ်ပင်ကန့်သတ်မှုများရှိလာလိမ့်မည်ဖြစ် ကြောင်း နေပြည်တော် စစ်ဘက် သတင်းရင်းမြစ်က ပြောဆိုသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ ၆ အရ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့၊ တိုင်း/ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဖွဲ့များကို စစ်ကောင်စီက မကြာမီဖွဲ့စည်းမည်ဖြစ်ရာ ယင်းသို့ ဖွဲ့စည်းပြီးလျှင် နိုင်ငံကူးလက်မှတ်လျှောက်ထားရယူခြင်း၊ ပြည်ပသို့ ထွက်ခွာမည့် လူငယ်များကို လေဆိပ်တွင် အဆိုပါအဖွဲ့များ၏ ထောက်ခံစာ၊ စစ်မှုထမ်းရန် ပြန်လာပါမည်ဆိုသော ဝန်ခံ ကတိပြုချက်များ ပေးရလိမ့်မည်ဖြစ်ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။

“ပြည်ပထွက်တာတွေကို စိစစ်ဖို့ လူငယ်တွေ ပြည်ပထွက်တာတွေကို စိစစ်ဖို့ တပ်ချုပ်က ပြောခဲ့တာရှိပါတယ်။ စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့တွေ ဖွဲ့စည်းပြီးရင် နိုင်ငံခြားထွက်ဖို့ ပတ်စ်ပို့လျှောက်တာတွေမှာ စစ်မှုထမ်းပြီးကြောင်း လက်မှတ် တင်ပြရတာ၊ စစ်မှုထမ်းဖို့ ပြန်လာပါမယ်ဆိုတဲ့ ကတိပြု ဝန်ခံချက် တင်ပြရတာ ပါလိမ့်မယ်။ နောက်ပြီး ပြည်ပထွက်မယ်ဆိုရင်လည်း လေဆိပ်မှာ အဲဒါတွေ တင်ပြမှ ထွက်ခွာခွင့်ပေးတာမျိုးတွေ ရှိလာလိမ့်မယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရှင်းပြသည်။

အကြမ်းဖက်မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သော လုံခြုံ ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကော်မတီ အစည်းအဝေး အမှတ်စဉ် ၅/၂၀၂၂ တွင် ပြည်ပသို့ လူငယ်များထွက်ခွာမှု အလွန်များပြားနေသဖြင့် စိစစ်ကြပ်မတ်ရန် ၊

ပြည်ပနိုင်ငံများသို့ လူငယ်များ ဆက်တိုက်ထွက်ခွာနေမှုကြောင့် နောင်တွင် ပြည်တွင်းတွင် အလုပ်သမားရှားပါးမှု အပါအဝင် ပြဿနာများ မဖြစ်ပေါ်စေရေးအတွက် ပြည်ပ ထွက်ခွာမှုများနှင့်ပတ်သက်၍ ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ရန် အမိန့်ပေးခဲ့ဖူးကြောင်း သိရှိရသည်။

ပြည်ပရောက် မြန်မာများအနေဖြင့်လည်း သက်ဆိုင်ရာ သံရုံးများတွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပါက အခွန်ဆောင်သည့် သက်သေအထောက်အထားအပြင် မြန်မာနိုင်ငံမှ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ ထောက်ခံချက်၊ ဝန်ခံကတိပြုချက်များ ပေးရလိမ့်မည်ဖြစ်ကြောင်း စစ်ဘက်သတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။

စစ္ေကာင္စီက စစ္မႈထမ္းဆင့္ေခၚေရး အဖြဲ႕မ်ား ဖြဲ႕စည္းၿပီးလၽွင္ နိုင္ငံကူးလက္ မွတ္ ေလၽွာက္ထားရယူျခင္းႏွင့္ ျပည္ပသို႔ လူငယ္မ်ား ထြက္ခြာမႈမ်ားကို ပိတ္ပင္ကန႔္သတ္မႈမ်ားရွိလာလိမ့္မည္ဟုဆို

ေဖေဖာ္ဝါရီ ၁၁

အၾကမ္းဖက္စစ္ေကာင္စီက ျပည္သူ႔စစ္မႈထမ္းဥပေဒအရ စစ္မႈထမ္းဆင့္ေခၚေရးအဖြဲ႕မ်ား ဖြဲ႕စည္းၿပီးပါက နိုင္ငံကူးလက္မွတ္မ်ား ေလၽွာက္ထားရယူျခင္းႏွင့္ ျပည္ပသို႔ လူငယ္မ်ား ထြက္ခြာမႈမ်ားကို ပိတ္ပင္ကန႔္သတ္မႈမ်ားရွိလာလိမ့္မည္ျဖစ္ ေၾကာင္း ေနျပည္ေတာ္ စစ္ဘက္ သတင္းရင္းျမစ္က ေျပာဆိုသည္။

ျပည္သူ႔စစ္မႈထမ္းဥပေဒ ပုဒ္မ ၆ အရ ျပည္သူ႔စစ္မႈထမ္း ဆင့္ေခၚေရး ဗဟိုအဖြဲ႕၊ တိုင္း/ျပည္နယ္၊ ခရိုင္၊ ၿမိဳ႕နယ္ အဖြဲ႕မ်ားကို စစ္ေကာင္စီက မၾကာမီဖြဲ႕စည္းမည္ျဖစ္ရာ ယင္းသို႔ ဖြဲ႕စည္းၿပီးလၽွင္ နိုင္ငံကူးလက္မွတ္ေလၽွာက္ထားရယူျခင္း၊ ျပည္ပသို႔ ထြက္ခြာမည့္ လူငယ္မ်ားကို ေလဆိပ္တြင္ အဆိုပါအဖြဲ႕မ်ား၏ ေထာက္ခံစာ၊ စစ္မႈထမ္းရန္ ျပန္လာပါမည္ဆိုေသာ ဝန္ခံ ကတိျပဳခ်က္မ်ား ေပးရလိမ့္မည္ျဖစ္ေၾကာင္း ေနျပည္ေတာ္ စစ္ဘက္သတင္းရင္းျမစ္က ဆိုသည္။

“ျပည္ပထြက္တာေတြကို စိစစ္ဖို႔ လူငယ္ေတြ ျပည္ပထြက္တာေတြကို စိစစ္ဖို႔ တပ္ခ်ဳပ္က ေျပာခဲ့တာရွိပါတယ္။ စစ္မႈထမ္းဆင့္ေခၚေရး အဖြဲ႕ေတြ ဖြဲ႕စည္းၿပီးရင္ နိုင္ငံျခားထြက္ဖို႔ ပတ္စ္ပို႔ေလၽွာက္တာေတြမွာ စစ္မႈထမ္းၿပီးေၾကာင္း လက္မွတ္ တင္ျပရတာ၊ စစ္မႈထမ္းဖို႔ ျပန္လာပါမယ္ဆိုတဲ့ ကတိျပဳ ဝန္ခံခ်က္ တင္ျပရတာ ပါလိမ့္မယ္။ ေနာက္ၿပီး ျပည္ပထြက္မယ္ဆိုရင္လည္း ေလဆိပ္မွာ အဲဒါေတြ တင္ျပမွ ထြက္ခြာခြင့္ေပးတာမ်ိဳးေတြ ရွိလာလိမ့္မယ္” ဟု ေနျပည္ေတာ္စစ္ဘက္သတင္းရင္းျမစ္က ရွင္းျပသည္။

အၾကမ္းဖက္မင္းေအာင္လွိုင္က ၂၀၂၂ ခုႏွစ္ ဩဂုတ္လ ၁၈ ရက္ေန႔ ေနျပည္ေတာ္တြင္ ျပဳလုပ္ခဲ့ေသာ လုံျခဳံ ေရး၊ တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ တရားဥပေဒစိုးမိုးေရး ေကာ္မတီ အစည္းအေဝး အမွတ္စဥ္ ၅/၂၀၂၂ တြင္ ျပည္ပသို႔ လူငယ္မ်ားထြက္ခြာမႈ အလြန္မ်ားျပားေနသျဖင့္ စိစစ္ၾကပ္မတ္ရန္ ၊

ျပည္ပနိုင္ငံမ်ားသို႔ လူငယ္မ်ား ဆက္တိုက္ထြက္ခြာေနမႈေၾကာင့္ ေနာင္တြင္ ျပည္တြင္းတြင္ အလုပ္သမားရွားပါးမႈ အပါအဝင္ ျပႆနာမ်ား မျဖစ္ေပၚေစေရးအတြက္ ျပည္ပ ထြက္ခြာမႈမ်ားႏွင့္ပတ္သက္၍ ၾကပ္ၾကပ္မတ္မတ္ေဆာင္ရြက္ရန္ အမိန႔္ေပးခဲ့ဖူးေၾကာင္း သိရွိရသည္။

ျပည္ပေရာက္ ျမန္မာမ်ားအေနျဖင့္လည္း သက္ဆိုင္ရာ သံ႐ုံးမ်ားတြင္ နိုင္ငံကူးလက္မွတ္ သက္တမ္းတိုးပါက အခြန္ေဆာင္သည့္ သက္ေသအေထာက္အထားအျပင္ ျမန္မာနိုင္ငံမွ စစ္မႈထမ္းဆင့္ေခၚေရးအဖြဲ႕မ်ား၏ ေထာက္ခံခ်က္၊ ဝန္ခံကတိျပဳခ်က္မ်ား ေပးရလိမ့္မည္ျဖစ္ေၾကာင္း စစ္ဘက္သတင္းရင္းျမစ္က ရွင္းလင္းေျပာဆိုသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *