Ball မလော်ဘီတွေနဲ့ တန်းညှိမခံနိုင်ဘူးတဲ့ ပြောပီ

“လော်ဘီတွေနဲ့ တန်းညှိ မခံချင်တဲ့ ကျော်မျိုးမင်း”

ရခိုင်ပြည်နယ် ကျောက်တော်မြိုက စစ်ရေယာဉ် နစ်မြုပ်မှု ဖြစ်ဉ်မှာ စစ်တပ်မိသားစုဝင် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဓားနဲ့ခုတ်ခံရပါတယ် ဆိုပြီး မနေ့က စစ်ကောင်စီရဲ့ လက်ပါးစေ လော်ဘီတွေက တယ်လီဂရန် ချန်နယ်တွေ အပါအဝင် ဖေ့စ်ဘွတ်နဲ့ တစ်တော့လို ဆိုရှယ်မီဒီယာတွေမှာပါ အုံနဲ့ကျင်းနဲ့ တင်တာတွေ ရှိခဲ့တယ်။

ကွက်စိပ်ဆရာ ကျော်မျိုးမင်းကတော့ ဒီဖြစ်စဉ်ဟာ ဘယ်လိုမှ မဖြစ်နိုင်တဲ့အကြောင်း မနေ့ညက သူ့ရဲ့ရုပ်သံမှာ အချက်အလက်တွေ ထောက်ပြပြီး ကန့်ကွက် ပြောဆိုသွားတာ တွေ့ရတယ်။

သူပြောသွားတဲ့ အချက်အလက်တွေကလဲ ခိုင်မာပြီး လက်ခံနိုင်လောက်တဲ့ အထောက်အထားတွေ ဖြစ်နေတာမို ဒီဖြစ်စဉ်ဟာ အလိမ်အညာ လုပ်ကြံ သတင်းဆိုတာ သေချာသွားတယ်။

ကျော်မျိုးမင်း ထောက်ပြသွားတာတွေက မှန်တော့ မှန်ပေမယ့် နောက်ဆုံးမှာ သူပြောသွားတဲ့ စကားလေးကတော့ ဘောမလော်ဘီတွေအတွက် အတော်ကြီးကို ခံရခက်စေမှာပါပဲ။

ဘာတဲ့ သူပြောသွားတာက-

“ကျနော်က သွေးဆူလွယ်နဲ့သူတွေနဲ့ တတန်းစားတည်း တန်းညှိမခံနိုင်ဘူး”

လေသံကိုက အထက်စီးကနေ ပြောသွားတာ။

ဒီသတင်းဟာ မဖြစ်နိုင်တဲ့အကြောင်း သုံးသပ်ပြသွားတာကတော့ မဆိုးပါဘူး။

ဒါပေမယ့် လော်ဘီငဖားတွေကို နှိမ်သလိုလို အပြောလေးနဲ့ လူမျိုးရေး အဓိကရုဏ်း ဖြစ်အောင် ဖန်တီးဖိုအထိ သွေးဆူနေတဲ့ စစ်သွေးကြွတွေလို သမုဒ်သွားတာကတော့ နည်းနည်း များပါတယ်။

ဘယ်သူ့ကို ရည်ရွယ်ပြီး ပြောသွားတာလဲ၊ ဘာ့ကြောင့် ဒီစကားလုံးကို သုံးနှုန်းသွားလဲ ဆိုတာကတော့ သူပဲ သိပါလိမ့်မယ်။

4C_TruthNews
“ေလာ္ဘီေတြနဲ႔ တန္းညႇိ မခံခ်င္တဲ့ ေက်ာ္မ်ိဳးမင္း”

ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳက စစ္ေရယာဥ္ နစ္ျမဳပ္မႈ ျဖစ္ဥ္မွာ စစ္တပ္မိသားစုဝင္ အမ်ိဳးသမီးေတြနဲ႔ ကေလးငယ္ေတြ ဓားနဲ႔ခုတ္ခံရပါတယ္ ဆိုၿပီး မေန႔က စစ္ေကာင္စီရဲ့ လက္ပါးေစ ေလာ္ဘီေတြက တယ္လီဂရန္ ခ်န္နယ္ေတြ အပါအဝင္ ေဖ့စ္ဘြတ္နဲ႔ တစ္ေတာ့လို ဆိုရွယ္မီဒီယာေတြမွာပါ အုံနဲ႔က်င္းနဲ႔ တင္တာေတြ ရွိခဲ့တယ္။

ကြက္စိပ္ဆရာ ေက်ာ္မ်ိဳးမင္းကေတာ့ ဒီျဖစ္စဥ္ဟာ ဘယ္လိုမွ မျဖစ္နိုင္တဲ့အေၾကာင္း မေန႔ညက သူ႔ရဲ့႐ုပ္သံမွာ အခ်က္အလက္ေတြ ေထာက္ျပၿပီး ကန႔္ကြက္ ေျပာဆိုသြားတာ ေတြ႕ရတယ္။

သူေျပာသြားတဲ့ အခ်က္အလက္ေတြကလဲ ခိုင္မာၿပီး လက္ခံနိုင္ေလာက္တဲ့ အေထာက္အထားေတြ ျဖစ္ေနတာမို ဒီျဖစ္စဥ္ဟာ အလိမ္အညာ လုပ္ႀကံ သတင္းဆိုတာ ေသခ်ာသြားတယ္။

ေက်ာ္မ်ိဳးမင္း ေထာက္ျပသြားတာေတြက မွန္ေတာ့ မွန္ေပမယ့္ ေနာက္ဆုံးမွာ သူေျပာသြားတဲ့ စကားေလးကေတာ့ ေဘာမေလာ္ဘီေတြအတြက္ အေတာ္ႀကီးကို ခံရခက္ေစမွာပါပဲ။

ဘာတဲ့ သူေျပာသြားတာက-

“က်ေနာ္က ေသြးဆူလြယ္နဲ႔သူေတြနဲ႔ တတန္းစားတည္း တန္းညႇိမခံနိုင္ဘူး”

ေလသံကိုက အထက္စီးကေန ေျပာသြားတာ။

ဒီသတင္းဟာ မျဖစ္နိုင္တဲ့အေၾကာင္း သုံးသပ္ျပသြားတာကေတာ့ မဆိုးပါဘူး။

ဒါေပမယ့္ ေလာ္ဘီငဖားေတြကို ႏွိမ္သလိုလို အေျပာေလးနဲ႔ လူမ်ိဳးေရး အဓိက႐ုဏ္း ျဖစ္ေအာင္ ဖန္တီးဖိုအထိ ေသြးဆူေနတဲ့ စစ္ေသြးႂကြေတြလို သမုဒ္သြားတာကေတာ့ နည္းနည္း မ်ားပါတယ္။

ဘယ္သူ႔ကို ရည္ရြယ္ၿပီး ေျပာသြားတာလဲ၊ ဘာ့ေၾကာင့္ ဒီစကားလုံးကို သုံးႏႈန္းသြားလဲ ဆိုတာကေတာ့ သူပဲ သိပါလိမ့္မယ္။

4C_TruthNews

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *