ပုဇင်းတကောင် ထိသွားပြီ

ဝန်းသို့မြို့ ခလရ ၁၂၀ တပ်အတွင်းသို့ ဆင်းလာသည့် Mi 17 ထောက်ပို့ရဟတ် ယာဉ်ကို ပစ်ခတ််မှု စစ်တပ်ဘက်မှ သေဆုံးမှုရှိနိုင်

ဖေဖော်ဝါရီ ၁၀

စစ်ကိုင်းတိုင်း၊ ဝန်းသို့မြို့ ခမရ ၁၂၀ တပ်ရင်းအတွင်းသို့ ဆင်းသက်လာသည့် Mi 17 ထောက်ပို့ရဟတ် ယာဉ်တစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတချို့သေဆုံးမှုရှိကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြော ကြားသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက် မွန်းတည့် ၁၂ နာရီခန့်က ကန့်ဘလူမြို့ရှိ အမြောက်တပ်ရင်း ၆၀၀၆ တပ်ရင်းမှ Mi 17 ထောက်ပို့ယာဉ် ၂ စီးဖြင့် ဝန်းသိုမြို့ ခမရ ၁၂၀ တပ်ရင်းအတွင်းသို့ စစ်ကူစစ်သား များပို့ဆောင်လာကြောင်း၊

တပ်ရင်းအတွင်းသို့ ရဟတ်ယာဉ်များ အဆင်းတွင် တော်လှန်ရေးတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဟတ်ယာဉ် ၁ စီး ထိမှန်ခဲ့ပြီး စစ်ကောင်စီတပ်သားတချို့ သေဆုံးခဲ့ကြောင်း သိရသည်။

“ဒီနေ့ ၁၂ နာရီလောက်က ကန့်ဘလူ ၆၀၀၆ တပ်ထဲကနေ ဝန်းသိုမြို့တပ်ထဲ အဆင်း ကို ပစ်တယ်။ ကန့်ဘလူ ၆၀၀၆ ကနေ ဝန်းသို တပ်ထဲကို ထောက်ပို့သွား တာပေါ့၊ အဲဒီမှာ ခွေးတွေသေတယ်တဲ့၊

ရဟတ်ယာဉ် တံခါးလည်း ထိမှန်သွားတယ်၊ အဲဒီရဟတ်ယာဉ်ကတော့ သုံးမရဘူးပေါ့” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောကြားသည်။
ဝန်းသို့မြို့ ခလရ ၁၂၀ တပ်အတွင်းသို့ ဆင်းလာသည့် Mi 17 ထောက်ပို့ရဟတ် ယာဉ်ကို ပစ်ခတ်မှု စစ်တပ်ဘက်မှ သေဆုံးမှုရှိနိုင်

ဖေဖော်ဝါရီ ၁၀






Author: admin

Leave a Reply

Your email address will not be published. Required fields are marked *