ပေါက်ဖော်ကြီးက စာရင်းအတိအကျနဲ့ကို ဖြုတ်ခိုင်းတာ

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တာဝန်ကျခဲ့သည့် ရဲမှူးကြီး ၄ ဦးနှင့် ထွေ/အုပ်ညွှန်ကြားရေးမှူး ၆ ဦးကို ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ဆက်စပ် သည်ဟုဆိုကာ တာဝန်မှရပ်ဆိုင်း၊ တရုတ်ဘက်က နာမည်စာရင်းပေးဟုဆို

ရဲမှူးကြီး အောင်မြင့်နိုင်၊ ရဲမှူးကြီး ညီညီထွန်း၊ ရဲမှူးကြီး ဗညားဦး၊ ဒုရဲမှူးကြီးခန့်ကိုအောင်နှင့် ထွေအုပ်ညွှန်မှူး ၆ ဦး တာဝန်မှ ရပ်ဆိုင်း

ဖေဖော်ဝါရီ ၁၀

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တာဝန်ကျခဲ့သည့် ရဲမှူးကြီး ၄ ဦးနှင့် ထွေအုပ်အရာရှိ ၆ ဦးကို ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်များနှင့် ဆက်စပ်သည်ဟုဆိုကာ တာဝန်မှရပ်ဆိုင်းလိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနသတင်းရင်းမြစ်က ပြောဆိုသည်။

ကျားဖြန့် အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများ စတင်ဖြစ်ပေါ် အခြေပြုချိန် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တာဝန်ကျခဲ့ကြသည့် ရဲတပ်ဖွဲ့ အရာရှိများ၊ ထွေ/အုပ် အရာရှိများကို တာဝန်မှ ချက်ချင်း ရပ်ဆိုင်းရန် စစ်ကောင်စီက ပြည်ထဲရေးဝန်ကြီးကို တိုက်ရိုက် အမိန့် ပေးကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြင့်နိုင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် (နရခ)မှ ရဲမှူးကြီး ညီညီထွန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် (နရခ)မှ ရဲမှူးကြီး ဗညာဦး၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနမှ ဒုရဲမှူးကြီးခန့်ကိုအောင် တို့ကို တာဝန်မှ ချက်ချင်း အနားပေးလိုက်ကြောင်း သိရှိရသည်။

အထွေထွေအုပ်ချုပ်ရေးဌာနမှ ညွှန်ကြားရေးမှူးများဖြစ်ကြသည့် ကျော်သူဇော်၊ ကောင်းမြတ်နိုင်၊ မျိုးကျော်ကျော်၊ ထွန်းကျော်ကျော်၊ မိုးဇော်လတ်၊ စိုးရွှေအောင်တို့ကိုလည်း ချက်ချင်း တာဝန်မှ အနားပေးလိုက်ကြောင်း သိရှိရသည်။

” အရင် ကျားဖြန့်တွေ ပေါ်တင်လုပ်ခွင့်ရတဲ့အချိန်တုန်းက ရှမ်းမြောက်မှာ တာဝန်ကျခဲ့ကြတဲ့ ရဲတွေနဲ့ ထွေအုပ် ညွှန်မှူးတွေကို ရာထူးတာဝန်တွေကနေ ချက်ချင်း အနားပေးခိုင်းတယ်။ စစ်ကောင်စီ(နစက)တိုက်ရိုက်အမိန့်နဲ့ ပြည်ထဲရေးဝန်ကြီး ရာပြည့်ကို ဖြုတ်ခိုင်းတယ်။

တရုတ်ဘက်က ပေးတဲ့ နာမည်စာရင်းစာအတိုင်းဖြုတ်ရတာ။ အမိန့်စာတွေကို တိုင်းအုပ်ချုပ်ရေးမှူးတွေနဲ့ ပြည်နယ်/တိုင်းဝန်ကြီးချုပ်တွေဆီ တိုက်ရိုက် Fax ထိုးပို့တာ” ဟု ပြည်ထဲရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- ရာထူးမှ ချက်ချင်းရပ်ဆိုင်းခံရသည့် စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြင့်နိုင်။
ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ တာဝန္က်ခဲ့သည့္ ရဲမႉးႀကီး ၄ ဦးႏွင့္ ေထြ/အုပ္ညႊန္ၾကားေရးမႉး ၆ ဦးကို က်ားျဖန႔္အြန္လိုင္းေငြလိမ္ဂိုဏ္းမ်ားႏွင့္ ဆက္စပ္ သည္ဟုဆိုကာ တာဝန္မွရပ္ဆိုင္း၊ တ႐ုတ္ဘက္က နာမည္စာရင္းေပးဟုဆို

ရဲမႉးႀကီး ေအာင္ျမင့္နိုင္၊ ရဲမႉးႀကီး ညီညီထြန္း၊ ရဲမႉးႀကီး ဗညားဦး၊ ဒုရဲမႉးႀကီးခန႔္ကိုေအာင္ႏွင့္ ေထြအုပ္ညႊန္မႉး ၆ ဦး တာဝန္မွ ရပ္ဆိုင္း

ေဖေဖာ္ဝါရီ ၁၀

ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ တာဝန္က်ခဲ့သည့္ ရဲမႉးႀကီး ၄ ဦးႏွင့္ ေထြအုပ္အရာရွိ ၆ ဦးကို က်ားျဖန႔္အြန္လိုင္းေငြလိမ္ဂိုဏ္မ်ားႏွင့္ ဆက္စပ္သည္ဟုဆိုကာ တာဝန္မွရပ္ဆိုင္းလိုက္ေၾကာင္း ျပည္ထဲေရးဝန္ႀကီးဌာနသတင္းရင္းျမစ္က ေျပာဆိုသည္။

က်ားျဖန႔္ အြန္လိုင္းေငြလိမ္လည္မႈ လုပ္ငန္းမ်ား စတင္ျဖစ္ေပၚ အေျချပဳခ်ိန္ ရွမ္းျပည္နယ္ေျမာက္ပိုင္းတြင္ တာဝန္က်ခဲ့ၾကသည့္ ရဲတပ္ဖြဲ႕ အရာရွိမ်ား၊ ေထြ/အုပ္ အရာရွိမ်ားကို တာဝန္မွ ခ်က္ခ်င္း ရပ္ဆိုင္းရန္ စစ္ေကာင္စီက ျပည္ထဲေရးဝန္ႀကီးကို တိုက္ရိုက္ အမိန႔္ ေပးေၾကာင္း သိရွိရသည္။

စစ္ကိုင္းတိုင္းရဲတပ္ဖြဲ႕မႉး ရဲမႉးႀကီး ေအာင္ျမင့္နိုင္၊ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ဌာနခ်ဳပ္ (နရခ)မွ ရဲမႉးႀကီး ညီညီထြန္း၊ ျမန္မာနိုင္ငံရဲတပ္ဖြဲ႕ဌာနခ်ဳပ္ (နရခ)မွ ရဲမႉးႀကီး ဗညာဦး၊ နိုင္ငံျဖတ္ေက်ာ္မႈခင္းဌာနမွ ဒုရဲမႉးႀကီးခန႔္ကိုေအာင္ တို႔ကို တာဝန္မွ ခ်က္ခ်င္း အနားေပးလိုက္ေၾကာင္း သိရွိရသည္။

အေထြေထြအုပ္ခ်ဳပ္ေရးဌာနမွ ညႊန္ၾကားေရးမႉးမ်ားျဖစ္ၾကသည့္ ေက်ာ္သူေဇာ္၊ ေကာင္းျမတ္နိုင္၊ မ်ိဳးေက်ာ္ေက်ာ္၊ ထြန္းေက်ာ္ေက်ာ္၊ မိုးေဇာ္လတ္၊ စိုးေရႊေအာင္တို႔ကိုလည္း ခ်က္ခ်င္း တာဝန္မွ အနားေပးလိုက္ေၾကာင္း သိရွိရသည္။

” အရင္ က်ားျဖန္႔ေတြ ေပၚတင္လုပ္ခြင့္ရတဲ့အခ်ိန္တုန္းက ရွမ္းေျမာက္မွာ တာဝန္က်ခဲ့ၾကတဲ့ ရဲေတြနဲ႔ ေထြအုပ္ ညႊန္မႉးေတြကို ရာထူးတာဝန္ေတြကေန ခ်က္ခ်င္း အနားေပးခိုင္းတယ္။ စစ္ေကာင္စီ(နစက)တိုက္ရိုက္အမိန္႔နဲ႔ ျပည္ထဲေရးဝန္ႀကီး ရာျပည့္ကို ျဖဳတ္ခိုင္းတယ္။

တ႐ုတ္ဘက္က ေပးတဲ့ နာမည္စာရင္းစာအတိုင္းျဖဳတ္ရတာ။ အမိန႔္စာေတြကို တိုင္းအုပ္ခ်ဳပ္ေရးမႉးေတြနဲ႔ ျပည္နယ္/တိုင္းဝန္ႀကီးခ်ဳပ္ေတြဆီ တိုက္ရိုက္ Fax ထိုးပို႔တာ” ဟု ျပည္ထဲေရးသတင္းရင္းျမစ္က ေျပာဆိုသည္။

ဓာတ္ပုံ- ရာထူးမွ ခ်က္ခ်င္းရပ္ဆိုင္းခံရသည့္ စစ္ကိုင္းတိုင္းရဲတပ္ဖြဲ႕မႉး ရဲမႉးႀကီး ေအာင္ျမင့္နိုင္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *