“မြောက်ခင်ရန်းရွာ အမှု ကြိုးကိုင်သူ ကြံ့ဖွတ် TTA ဖမ်းဆီးခံရ”

“မြောက်ခင်ရန်းရွာ လူသတ်မှု ကြိုးကိုင်သူ ကြံ့ဖွတ် သီသီအေး ဖမ်းဆီးခံရ”

ယောဒေသ တော်လှန်ရေးတပ်ဖွဲ (YDF) က တပ်ဖွဲဝင် PDF နှစ်ဦးကို ဖမ်းဆီးရမိချိန်မှာ အရှင် မီးရှိခဲ့တဲ့ မကွေးတိုင်း၊ ဂန့်ဂေါမြိုနယ်၊ မြောက်ခင်ရန်းရွာက လူသတ်မှု ဖြစ်စဉ်မှာ

အနီးကပ် ကြီးကြပ် ခိုင်းစေခဲ့တဲ့ စစ်ကိုင်းတိုင်း ကလေးမြိုနယ်က ကြံ့ဖွတ်ပါတီဝင် သီသီအေး ကို ဖေဖော်ဝါရီလ ၉ ရက်နေ့ ညပိုင်းမှာ တော်လှန်ရေး ရဲဘော်တွေက လက်ရ ဖမ်းဆီးနိုင်ခဲ့တယ်လို သိရပါတယ်

ကြံ့ဖွတ် သီသီအေးဟာ Facebook ဆိုရှယ်မီဒီယာပေါ်မှာလဲ တော်လှန်ရေး တပ်ဖွဲဝင်တွေကို အချိန်တိုင်း ဆဲဆိုပုတ်ခတ်နေပြီး ၎င်းကို ထိုင်းနိုင်ငံ ရောက်ရှိနေထိုင်နေသူ ကိုမိုက်ကယ်က အရှင်ဖမ်းဆီးနိုင်ရင် ဘတ်ငွေ ၃ သိန်း ပေးမည်ဟု ဆုကြေးငွေ ထုတ်ထားကြောင်း သိရပါတယ်

PDF နှစ်ဦး မီးရှိသတ်ဖြတ်ခံရတဲ့ ရုပ်သံဖိုင် ထွက်ပေါ်လာပြီး ၃ ရက်ခန့်အကြာမှာပဲ အနီးကပ် စီစဉ်ခိုင်းစေသူ ကြံ့ဖွတ် သီသီအေးကို တော်လှန်ရေး ရဲဘော်တွေက လက်ရ ဖမ်းဆီးနိုင်ခဲ့တာပါ။ အဆိုပါ အမှုရဲ့ နောက်ကွယ်မှာ ဘူးလက်လှဆွေလဲ ပါဝင်ပတ်သက်နေတယ်လိုလည်း သိရပါတယ်

သီသီအေး ဖမ်းဆီးခဲရတဲ့ ဖြစ်စဉ်ဟာ ပြည်သူတွေ အလိုရှိလာရင် နာရီပိုင်း ရက်ပိုင်းအတွင်းမှာပင် ဘယ်နေရာကို ပုန်းအောင်းနေပါစေ ကြက်ကလေး ငှက်ကလေး ဖမ်းသလို ဖမ်းလို ရနေပြီ ဆိုတာ ထင်ရှားတဲ့ သက်သေ သာဓက တစ်ခုပါပဲ

အပြစ်မဲ့ ပြည်သူတွေကို Facebook ပေါ်ကနေ ရှာဖွေပြီး မတရား ဖမ်းဆီးခိုင်းနေတဲ့ ငစနူ စရဖတွေ အတွက်ကတော့ နမူနာ သင်ခန်းစာ ဖြစ်ပါလိမ့်မယ်#4C_TruthNews








Author: admin

Leave a Reply

Your email address will not be published. Required fields are marked *