၁၅၈ မိုင်မှာ ဘယ်လိုတွေတောင်ဖြစ်ကြတာလဲမသိဘူး အကုန်စုတ်ပြတ်နေတာပဲ

၁၀.၂.၂၀၂၄ ရက်နေ့၊ ၀၀ ၀၆ အချိန်ခန့်၊

ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၅၈/၅)ဖာလုံအနီးတွင် ယာဉ် ၅ စီးဆင့်တိုက်မှုဖြစ်ပွား

🔺 အဆိုပါယာဉ်တိုက်မှုကြောင့် သစ်ဆန်း ခရီးသည်ယာဉ်နှင့် ခိုင်မန္တလေး ခရီးသည်ယာဉ်ပေါ်ပါ ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိပါ၊

Toyota RAV 4(အဖြူရောင်)ယာဉ်ပေါ်ပါ ကျား (၃)ဦး၊ မ (၃)ဦး၊ စုစုပေါင်း(၆)ဦး အနက် ကျား(၁)ဦး (သေဆုံး)၊

ကျား(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ မ(၂)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)၊ မ(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ Super Custom(အဖြူရောင်)ယာဉ်ပေါ်ရှိ

ကျား(၁)ဦး၊ မ(၂)ဦး စုစုပေါင်း (၃)ဦး အနက်၊ ကျား(၁)ဦး (သေဆုံး)၊ မ(၂)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)၊ Toyota Caldina (လိမ္မော်ရောင်)ယာဉ် ပေါ်ရှိ

ကျား(၁)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)တို့အား ဆွာလူမှုကူညီရေးအသင်းနှင့် မြို့သစ်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်များဖြင့် တောင်ငူပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။







Author: admin

Leave a Reply

Your email address will not be published. Required fields are marked *