မိတ္ထီလာ – တောင်သာလမ်းထိ 💥 ရောက်လာပြီ

မိတ္ထီလာ – တောင်သာလမ်းပိုင်းရှိ စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီး ရဲနှစ်ဦးသေ

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ မိတ္ထီလာ – တောင်သာလမ်းပိုင်းပေါ်ရှိ စစ်ကောင်စီ​၏ စစ်ဆေးရေးဂိတ် မိုင်းဖြင့်တိုက်ခိုက်ခံရပြီး ရုံးစည်ကြီးရဲစခန်းမှ ရဲ နှစ်ဦးသေဆုံးကြောင်း ဒေသခံများက ပြောသည်။

ဖေဖော်ဝါရီ ၈ရက် ညနေ ၃နာရီခန့်က တောင်သာမြို့နယ်၊ မိတ္ထီလာ – တောင်သာလမ်းပေါ်၊ ညောင်လေးပင်ဂိတ်တွင် စစ်ဆေးရေးလုပ်နေသော ရဲများအား မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း (၃)၏ တာဝန်ရှိသူက ပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် ရဲ နှစ်ဦးသေဆုံးပြီး နှစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများနှင့် မြင်းခြံခရိုင်တပ်ရင်း (၃)၏ တာဝန်ရှိသူက ပြောသည်။

“ပြည်သူလူထုဆီကနေ အတင်းအဓမ္မဆက်ကြေးကောက်နေတဲ့ ရခဂိတ်ကို မိုင်းခွဲခဲ့တာပါ။ ဒဏ်ရာရတဲ့ နှစ်ကောင်လည်း အခြေအနေမကောင်းဘူးကြားတယ်။”ဟု မြင်းခြံခရိုင်တပ်ရင်း (၃)၏ တာဝန်ရှိသူက ပြောသည်။

အဆိုပါဂိတ်သည် မိတ္ထီလာ – တောင်သာ ကူးသန်းနေသောပြည်သူများအား နေ့စဥ်ခြိမ်းခြောက် စစ်ဆေးပြီး ငွေတောင်းခံနေသောဂိတ်ဟု နာမည်ကြီးကြောင်း ဒေသခံများက ပြောသည်။

ယင်းစစ်ဆင်ရေးကို မြင်းခြံခရိုင်တပ်ရင်းအမှတ်(၃) နှင့် Burmese Guerrilla Force(BGF)၊Bagan Ogre Forceတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ရဲများသည် ဂိတ်မြောက်ဘက်ရှိ ရုံးစည်ကြီးရဲစခန်းမှ ရဲများဖြစ်ပြီး မိုင်းစထိမှန်၍ တစ်ဦးမှာ နေရာတွင်ပင် သေဆုံးကာ တစ်ဦးမှာ ဆေးရုံရောက်ပြီးမှ သေဆုံးသွားခြင်းဖြစ်ကြောင်း စစ်ကောင်စီတယ်လီဂရန်ချန်နယ်များတွင် ဝါဒဖြန့်ထားသည်။

ထို့အပြင် ဖေဖော်ဝါရီ ၈ ရက် ညနေ ၃ နာရီခန့်ကလည်း တောင်သာမြို့နယ်၊ တောင်သာ-မလှိုင်ကားလမ်းဘေး၊ ရေခါးကျေးရွာအနီးတွင် စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရဲ နှစ်ဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။
မိတၳီလာ – ေတာင္သာလမ္းပိုင္းရွိ စစ္ေဆးေရးဂိတ္တိုက္ခိုက္ခံရၿပီး ရဲႏွစ္ဦးေသ

အင္ၾကင္း/People’s Spring

မႏၲေလးတိုင္း၊ ေတာင္သာၿမိဳ႕နယ္၊ မိတၳီလာ – ေတာင္သာလမ္းပိုင္းေပၚရွိ စစ္ေကာင္စီ​၏ စစ္ေဆးေရးဂိတ္ မိုင္းျဖင့္တိုက္ခိုက္ခံရၿပီး ႐ုံးစည္ႀကီးရဲစခန္းမွ ရဲ ႏွစ္ဦးေသဆုံးေၾကာင္း ေဒသခံမ်ားက ေျပာသည္။

ေဖေဖာ္ဝါရီ ၈ရက္ ညေန ၃နာရီခန္႔က ေတာင္သာၿမိဳ႕နယ္၊ မိတၳီလာ – ေတာင္သာလမ္းေပၚ၊ ေညာင္ေလးပင္ဂိတ္တြင္ စစ္ေဆးေရးလုပ္ေနေသာ ရဲမ်ားအား မိုင္းခြဲတိုက္ခိုက္ခဲ့ေၾကာင္း ျမင္းၿခံခရိုင္တပ္ရင္း (၃)၏ တာဝန္ရွိသူက ေျပာသည္။

မိုင္းေပါက္ကြဲမႈေၾကာင့္ ရဲ ႏွစ္ဦးေသဆုံးၿပီး ႏွစ္ဦးထိခိုက္ဒဏ္ရာရရွိေၾကာင္း ေဒသခံမ်ားႏွင့္ ျမင္းၿခံခရိုင္တပ္ရင္း (၃)၏ တာဝန္ရွိသူက ေျပာသည္။

“ျပည္သူလူထုဆီကေန အတင္းအဓမၼဆက္ေၾကးေကာက္ေနတဲ့ ရခဂိတ္ကို မိုင္းခြဲခဲ့တာပါ။ ဒဏ္ရာရတဲ့ ႏွစ္ေကာင္လည္း အေျခအေနမေကာင္းဘူးၾကားတယ္။”ဟု ျမင္းၿခံခရိုင္တပ္ရင္း (၃)၏ တာဝန္ရွိသူက ေျပာသည္။

အဆိုပါဂိတ္သည္ မိတၳီလာ – ေတာင္သာ ကူးသန္းေနေသာျပည္သူမ်ားအား ေန႔စဥ္ၿခိမ္းေျခာက္ စစ္ေဆးၿပီး ေငြေတာင္းခံေနေသာဂိတ္ဟု နာမည္ႀကီးေၾကာင္း ေဒသခံမ်ားက ေျပာသည္။

ယင္းစစ္ဆင္ေရးကို ျမင္းၿခံခရိုင္တပ္ရင္းအမွတ္(၃) ႏွင့္ Burmese Guerrilla Force(BGF)၊Bagan Ogre Forceတို႔ ပူးေပါင္းတိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။
အဆိုပါ ရဲမ်ားသည္ ဂိတ္ေျမာက္ဘက္ရွိ ႐ုံးစည္ႀကီးရဲစခန္းမွ ရဲမ်ားျဖစ္ၿပီး မိုင္းစထိမွန္၍ တစ္ဦးမွာ ေနရာတြင္ပင္ ေသဆုံးကာ တစ္ဦးမွာ ေဆး႐ုံေရာက္ၿပီးမွ ေသဆုံးသြားျခင္းျဖစ္ေၾကာင္း စစ္ေကာင္စီတယ္လီဂရန္ခ်န္နယ္မ်ားတြင္ ဝါဒျဖန္႔ထားသည္။

ထို႔အျပင္ ေဖေဖာ္ဝါရီ ၈ ရက္ ညေန ၃ နာရီခန္႔ကလည္း ေတာင္သာၿမိဳ႕နယ္၊ ေတာင္သာ-မလွိုင္ကားလမ္းေဘး၊ ေရခါးေက်းရြာအနီးတြင္ စစ္အုပ္စု မိုင္းဆြဲတိုက္ခိုက္ခံရၿပီး ရဲ ႏွစ္ဦး ဒဏ္ရာရရွိေၾကာင္း သတင္းရရွိသည္။

Author: admin

Leave a Reply

Your email address will not be published. Required fields are marked *